အချစ်ကလဲ့စား(part22)

137 13 0
                                    

တိမ်စိုင်မနက်အလုပ်သွားဖို့အတွက်အ၀တ်စားလဲနေလေသည်။ငှက်ခါးကသားလေးကိုကျောင်းအကျီလဲပြီးတော့သနပ်ခါးလိမ်းပေးလေသည်။

ငှက်ခါး - ''သားဒီနေ့မြန်မာစာဖြေရင်သေသေချာချာဖြေခဲ့နော်...စာလုံးပေါင်းသေချာစစ်...အလျင်မလိုနဲ့...ပုံမှန်ဘဲဖြေသွား..''

တိမ်တိုက် - ''ဟုတ်ကဲ့ပါသားသေချာဖြေခဲ့ပါ့မယ်မေမေ...''

တိမ်စိုင် - ''ကဲသားလေးပြီးပြီးလားပြီးရင်ဖေဖေတို့သွားကြမယ်...''

တိမ်တိုက် - ''ဟုတ်ကဲ့ဖေဖေ...မေမေအာဘွားသားသွားပြီးနော်...''

ငှက်ခါး - ''ကိုဒီနားလာခဲ့...''ငှက်ခါးခေါ်တာကြောင့်တိမ်စိုင်သူမအနားသို့သွားလေသည်။

သူမခြေဖျားထောက်ကာတိမ်စိုင့်ပါးပြင်ကိုအနမ်းပေးလိုက်လေသည်။

မွ

တိမ်စိုင် - ''ဒီလောက်ဘဲလား..မရဘူးနော်..''

ငှက်ခါး - ''အဲဆိုဘယ်လိုပေးရမလဲ...အွန်းးးးကို..အွန့်..''

တိမ်စိုင် သူမ ခါးလေးကိုဆွဲဖက်လိုက်ပြီးနှုတ်ခမ်းလေးကိုနမ်းရှိုက်လိုက်သည်။

တိမ်တိုက်မှာတော့ထိုမြင်ကွင်းကြောင်းသွားတွေပေါ်အောင်ရယ်နေတော့သည်။

အနမ်းတွေအောက်၂ယောက်သားနစ်မျောနေချိန်သားလေးရယ်သံကြောင့်ငှက်ခါးသတိ၀င်လာပြီးတိမ်စိုင်ရင်ဘတ်အားတွန်းထုတ်တော့သည်။

တိမ်တိုက် - ''ခ်ခ်ခ်ခ်...''

ငှက်ခါး - ''သားလေးရှိနေတာကိုတကယ်ပါဘဲ...''

တိမ်စိုင် - ''မင်းဘဲကို့အနမ်းကိုသဘောကျလို့လက်ခံနေတာမဟုတ်လား...''

ငှက်ခါး - ''တော်ပြီးရှင်နဲ့စကားနိုင်မလုတော့ဘူးသားလေးလာ...''

တိမ်တိုက် - ''ဖေဖေမေမေရှက်သွားပြီး...ဟီးဟီး..''

တိမ်တိုက်တို့သားအဖ၂ယောက်ခြံ၀င်းထဲကနေဆိုင်ကယ်မောင်းပြီးထွက်လာခဲ့လေသည်။သားကိုကျောင်းပို့ပြီးအလုပ်သို့ထွက်လာခဲ့လေသည်။

လုပ်ငန်းခွင်ရောက်တော့ကိုတင်ဖေနဲ့လူတစ်ယောက်စကားများနေကြလေသည်။

အချစ်ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း(အခ်စ္ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း)Où les histoires vivent. Découvrez maintenant