အချစ်ကလဲ့စား(part30) Final

339 16 2
                                    

၅လခန့်ကြာသော်...

တိမ်စိူင်ကတော့ရွှေဘုံဆီသွားပြီးသားလေးကိုသွားတွေ့တုန်းပင်..ရွှေဘုံကတော့တိမ်စိုင့်အားအရင်ကလောက်မမုန်းတော့ပေ၊သူမတိမ်စိူင့်ကိုတဖြည်းဖြည်းလက်ခံလာခဲ့သည်။

ရွှေဘုံသားလေးကိုချီရင်းအောက်ထပ်ကိုဆင်းလာခဲ့လေသည်။

ဦးရွှေ - ''သမီးအခုတလောတိမ်စိုင်သမီးဆီလာတယ်ဆို...''

ရွှေဘုံ - ''ဟူတ်တယ်ဒယ်ဒီသူမိုးတိမ်လေးကိုလာတွေ့တာပါ...''

ဦးရွေသက်ပြင်းချရင်း''သမီးအခုဘာလုပ်မယ်လို့တွေးထားလဲ..''

ရွှေဘုံ - ''သမီးမသိဘူးဒယ်ဒိ..သမီးတိမ်စိူင့်ကိုမုန်းတာဘဲသိတယ်...သမီးအရမ်းချစ်ခဲ့တာကိုသူကသမီးကိုမချစ်ခဲ့ဘူးသားလေးကြောင့်သူသမီးကိုလက်ခံနေတယ်ဆိုတာသမီးသိတယ်...''

ဦးရွှေ - ''ငါ့သမီးတိမ်စိူင့်ကိုမကျေနပ်ဘူးလား..ဒယ်ဒီဒီကောင့်ကိုရှင်းပစ်ရမလားပြော..''

ရွှေဘုံ ခေါင်းကိုခါယမ်းရင်း''ဒယ်ဒီရှင်းစရာမလိုဘူး..သမီးကိုယ်တိုင်သူတို့၂ယောက်လုံးကိုရှင်းပစ်မယ်...သမီးရဲ့သားလေးဘ၀ကိုသူတို့ကြောင့်မသိမ်ငယ်စေရဘူး...''

ဦးရွှေကတော့အတိတ်ကသမီးလုပ်ခဲ့တဲ့လုပ်ရပ်ကြောင့်သမီးဖြစ်သူကိုနာကျည်းခဲ့ပေမယ့်သမီးဖြစ်သူဘယ်လိုခံစားနေရလဲဆိုတာတဖြည်းဖြည်းနားလည်လာခဲ့သည်။

ဦးရွှေ - ''သမီးလုပ်ချင်တာလုပ်လို့ရတယ်...မြေးလေးကိုတော့မထိခိုက်စေဖို့ဘဲလိုတယ်...''

ရွေဘုံကတော့တိမ်စိုင်နဲ့ငှက်ခါးကြောင့်သူမနဲ့သားလေးအခုလိုဘ၀ကိုရောက်ခဲ့ရတာကိုတွေးမိတိူင်းသူတို့၂ယောက်လုံးကိုနာကျည်းကာသတ်ပစ်ချင်မိသည်။

''ငှက်ခါးနင်ကငါ့ဘ၀အတွက်ကျိန်စာဆိုးဘဲနင့်ကိုငါသတ်ရမှကျေနပ်မယ်...''

ရွှေဘုံနန်းထက်တစ်ယောက်တိမ်စိုင့်အပေါ်ထားတဲ့သူမချစ်ခြင်းတွေတဖြည်းဖြည်းကျိန်စာအဖြစ်သိူ့ကူးပြောင်းသွားလေသည်။

..............

ငှက်ခါးကို့ပြန်လာရင်စားဖို့ဆိုပြီလမ်းထိပ်မှာခေါက်ဆွဲကြော်ထွက်၀ယ်လေသည်။

You've reached the end of published parts.

⏰ Last updated: Sep 20, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း(အခ်စ္ကလဲ့စား(or)ကျိန်စာသင့်ချစ်ခြင်း)Where stories live. Discover now