အပိုင်း(1)

1.1K 13 0
                                    

အခန်း(၁)

"ဖြန်း"

အမေဖြစ်သူရဲ့ ရိုက်ချက်က sky ပါးတစ်ခုလုံးကိုရဲတက်သွားစေတော့သည်။ 8နှစ်အရွှယ်ဖြစ်တယ့်skyအတွက်က မရိုးတော့ပေ။မျက်စိရှေ့သို့ရိုရွဲကျလာသော မီးခိုးရောင်ဆံပင်တွေကို လက်ဖြင့်သပ်တင်ရင်း skyအမေဖြစ်သူအားပေစောင်စောင်မော့ကြည့်မိသည်။

"သမီးဘာမှားလို့လည်း သမီးလည်းမိန်းကလေးပဲ သူတို့လို ပွဲတော်ရက်တွင်းလှလှပပဝတ်စားမိတာ သမီးက
ဘာလို့...."

skyပြောနေရင်းစကားစတို့ရပ်သွားရသည် အမေဖြစ်သူမှာ skyအားမျက်ရည်စတို့ဖြင့်ကြည့်ရင်းနှုတ်ခမ်းတို့မှာလည်းတုန်ရီလျက်

"နင်ငါပြောသလိုမနေရင် ငါ့လိုပဲ တော်ဝင်အိမ်ရဲ့ အပျော်မယားဖြစ်ပြီးစွန့်ပစ်ခံရမှာနင်သိလားဒီမြို့တော်ကြီးမှာငါတို့လိုလူတန်းစားတွေအတွက်နေရာမရှိဘူးဟဲ့ ပြီးရင်နင့်လိုမျိုး မလိုချင်ပဲရတယ့်ကလေးတစ်ယောက်နင့်မှာရှိလာဉီးမှာ ငါပြောတာကြားလား sky နင်ကမွေးကတည်းကယောက်ကျားလေးပဲ နင်ဒီနိုင်ငံမှာနေပြီးအသက်ရှင်ချင်ရင်
နင်ကယောက်ကျားတစ်ယောက်ဖြစ် ရမယ် နင်မြဲမြဲမှတ်ထားsky"

skyငြိမ်ကျသွားသည်မှာအမှန်ပင် အမေကငယ်ငယ်ကတည်းskyကို မိန်းကလေးအဝတ်မဝတ်ပေး ယောက်ကျားလေးတစ်ဉီးလိုသာ ဝတ်ဆင်ပေးသည် လူရှေ့တွင်လည်းသားငယ်လို့သာခေါ်လေ့ရှိသည် skyမိန်းကလေးအဝတ်တွေဝတ်တိုင်းအမေကဒေါသထွက်သည် ဆွဲချွတ်ပြီးမီးရှို့ပစ်သည် skyတို့က မြို့တော်ရဲ့ အစုတ်ပြတ်ဆုံးတိုက်ခန်းတွေမှာနေရသည်။ထမင်းကိုလည်း တစ်နေ့တစ်နှပ်တောင်မနည်းနှပ်မှန်အောင်စားရသည်။မီးလည်းမရချေ မြို့တော်မှာလူတန်းစားခွဲခြားထားသည်မျိုးရိုးနိမ့်နဲ့မျိုးရိုးမြင့်ဆိုပြီး မျိုးရိုးနိမ့်တွေကမျိုးရိုးမြင့်တွေနဲ့ပေါင်းဖက်၍မရပေ မျိုးရိုးနိမ့်အမျိုးသမီးအပျိုဆိုလျှင်တော်ဝင်အိမ်တော်ရဲ့ အသုံးတော်ခံတွေအဖြစ်သွားရသည် အလိုမကျတော့လျှင်စွန့်ပစ်ခြင်းခံရသေးသည် မျိုးရိုးနိမ့်အမျိုးသားဆိုလျှင် တော်ဝင်အိမ်တော်မှာ အောက်လက်သားအဖြစ် အမှုထမ်းဝင်ရသည် ရာထူးကြီးမားသည်အထိမပေးကြချေ။မြို့တော်ထဲရှိဆိုင်များတွင်လည်း အလုပ်ဝင်လျှင် မျိုးရိုးနိမ့်ဆို နှိမ်ပြီးခိုင်းကြသည် နေရာမပေးကြ အမျိုးသမီးများဆိုမကောင်းသည့်နေရာရောက်သွားကြသည်ည်ကများသည်။
skyအမေမှာတော့ ငယ်ရွှယ်စဉ်က ချောမောမှုကြောင့် တော်ဝင်အိမ်တော်ကို အသုံးတော်ခံဖြင့်အပို့ခံရသည် skyကိုမထင်မှတ်ပဲကိုယ်ဝန်လွယ်မိတော့ အမေ့ကိုရိုက်နှက်ကြသည်မြေအောက်ခန်းထဲတွင် အစာမကျွေးရေမတိုက်ပဲ ထားကြသည်။
အစောင့်တစ်ယောက်က လာလွှတ်ပေးတော့အမေ့မှာ ကျေးဇူးတင်ချိန်တောင်မရပဲ လွတ်ရာကိုပြေးထွက်လာရသည် ပြီးတော့skyကိုတိတ်တိတ်ကလေးမွေးကာ ယောက်ကျားတစ်ဉီးအသွင်ရှင်သန်စေသည်။

တစ်ဉီးပိုင်နာမ်Where stories live. Discover now