အပိုင်း(3)

297 7 0
                                    

တစ်ဉီးပိုင်နာမ်
အပိုင်း(3)
မီးရောင်စုံတွေကြားမှာ ကခုန်နေသောသူများမှာ သီချင်းနဲ့အတူစီးမြောနေကြခြင်းပင် မြူးမြူးကြွကြွသီချင်းကြောင့် စင်ပေါ်ရှိသံတိုင်တွင် ကနေကြသောဝတ်စလစ်အမျိုးသမီးများမှာလည်း ရပ်နားခြင်းမရှိပဲ လူအများကိုဆွဲဆောင်နေလျက် မျိုးရိုးမြင့်လူတန်းစားတွေကိုမှ greatတန်းသူတွေလာတာကြောင့် ထိုအမျိုးသမီးများမှာသူ့ထက်ငါ ဆွဲဆောင်မှုပိုရှိကြောင်းပြသနေကြသေးသည်။ထိုကနေသောအမျိုးသမီးများ နှင့် စင်အောက်ရှိမြင်ကွင်းစုံကိုကြည့်ရှုနေသူကတော့ ဘား၏ အပေါ်ထပ်ရှိVIPဝိုင်းမှ ကောင်လေးတစ်စုပင်

"Light မင်းဉီးလေးပျောက်နေတယ်ဆို မင်းစိတ်မပူဘူးလား"

ကောင်လေးတစ်ယောက်၏စကားကြောင့်Lightဆိုသောကောင်လေးမှာ
သောက်လက်စဝိုင်ခွက်ကို ချရင်း

"ဟယျောင်ဟယျောင် မရွှဲ့နဲ့  သူမရှိတုန်းလေးငါ့မှာသာသာယာယာနေရတာကွ "

lightဆိုသော ကောင်လေးမှာ ခေါင်းကိုဆိုဖာပေါ်မှီရင်းအမိုးရှိမီးဆွဲရောင်စုံများကိုကြည့်ကာစိတ်ပျက်စွာပြောလိုက်သည်

ထိုအခါထိုဝိုင်းမှကောင်လေးတစ်ယောက်ပဲထပ်မံပြောလာတော့သည်

"အေးနောမင်းဉီးလေးကလည်းတော်တော်အသက်ပြင်းပါ့ သေခါနီးတွေကြုံတာလည်းမနည်းဘူး အမြဲကပ်သီးလေး အခုလည်းဘယ်မှာသောင်တင်နေပြန်ပြီလည်းမသိဘူး"

အခြားကောင်လေးတစ်ယောက်ကလည်းထောက်ခံကာ

"ကြည့်လည်းလုပ်ဉီးပြန်လာရင် မင်းကိုလေ့ကျင့်ရေးကွင်းထဲပြန်ထည့်နေဉီးမယ်ဟဟ"

ထိုကောင်လေးစကားကြောင့်Lightတစ်ယောက်အပျော်တွေခနပျက်စီးသွားရသည်  LightမှာLoardရဲ့တစ်ဉီးတည်းသောတူဖြစ်ပြီး အမေနှင့်အဖေဆုံးကတည်းကအမေလိုရောအဖေလိုပါကြည့်ရှုစောင့်ရှောက်ခဲ့သည်မှန်သော်လည်းLightကိုအရမ်းချုပ်ချယ်သည်ဟုlightတွေးမိသည်
16နှစ်အရွှယ်သာရှိသေးသောမိမိအား အခြားလေ့ကျင့်ရေးတပ်သားများနည်းတူလေ့ကျင့်စေသည် တစ်ခါမှမျက်နှာသာမရခဲ့ အပစ်လုပ်မိလျင်လည်းသူများထက်နှစ်စပိုခံရသည် လေ့ကျင့်ရေးစလုပ်ခိုင်းသည့်အချိန်ကစပြီးlightတစ်ယောက် လည်ပတ်ဖို့အခွင့်ရေးတွေပျောက်ဆုံးခဲ့ရသည် light အခုဉီးလေးဖြစ်သူ Loardပျောက်နေတာကြောင့် လွတ်လပ်မှုရနေရသည် Xမှာလည်းLoardကိုရှာဖွေနေရတာကြောင့်သူ ဘက် မလှည့်အားပေ Lightတစ်ယောက်ဘော်ဒါ တစ်အုပ်နှင့် တော်တော်ပွဲကျနေတော့သည်။

တစ်ဉီးပိုင်နာမ်Where stories live. Discover now