အပိုင်း(4)

300 12 1
                                    

တစ်ဉီးပိုင်နာမ်
အပိုင်း(4)

"သခင်လေး light သခင်လေး"

light Xအသံကြားတော့ ဒူးထောက်ငိုက်နေရာမှ ဆက်ကနဲခေါင်းထောင်မိသည်

"ဉီးလေးရော"

မျက်လုံးတွေကပြူးကျယ်လာပြီးဉီးလေးဖြစ်သူကိုတန်းမေးတော့သည် တူဖြစ်သူကို တစ်ညလုံးဒူးထောက်ခိုင်းထားသော သူမှာဘယ်လိုစိတ်နှင့်များအိပ်ပျော်နေမလည်းlightတစ်ယောက်သိချင်မိပါ၏။
Xမှာလက်ထဲမှ သံပရာရည်ခွက်လေးကိုခါးအနည်းငယ်ညွတ်ကိုင်း၍ lightအားပေးလိုက်သည်။

"သခင်လေး နည်းနည်းလန်းသွားအောင်သောက်လိုက်ပါ ပြီးရင် ကျွန်တော်တို့တောင်ဘက်ကိုသွားစရာရှိတယ် သခင်လေးကို ခေါ်သွားဖို့လည်းမှာထားပါတယ်"

တောင်ဘက်ဆိုတာနဲ့lightဆက်ကနဲထရပ်ကာ
"ဟင် ဒါဆိုဒီနေ့ လေ့ကျင့်ရေးဆင်းစရာမလိုတော့ဘူးပေါ့ "

ကလေးတစ်ယောက်လို ပြောလာတယ့်lightကိုကြည့်ပြီးXခေါင်းကို်သွင်သွင်ခါရမ်းကာ

"သခင်လေး နောက်ဆို ပိုပင်ပန်းတော့မှာအခုတောင်ပိုင်းကသူတွေကို
ကျွန်တော်တို့ကလေ့ကျင့်ရေးတပ်သားတွေအဖြစ်သွားခေါ်မှာပါ"

"ဘာာာာ"
********************
ပျက်စီးပြီးမီးခိုးငွေ့တွေနဲ့ဖုံးအုပ်နေတယ့် အဆောက်အအုံပျက်တွေကြား အနက်ရောင်ကား6စီးနှင့်ကုန်တင်ကားတစ်စီးဆိုက်ရောက်လာတော့သည်။

"အသက်ရှင်တယ့်သူမှန်သမျှကားနားကိုခေါ်လာခဲ့ ဘယ်သူမှမထားခဲ့နဲ့"

"ဟုတ်ကဲ့X"

ကွန်မန်ဒါဝတ်စုံနဲ့လူများမှာသေနတ်များကိုင်လျက်ကားပေါ်မှဆင်းသွားကြသည် Lightထိုသူများကိုကြည့်ရင်း

"ဉီးလေးကလည်းဒီလူတွေကို ထပ်ခေါ်ပြီးဘာလုပ်မလို့လည်း သင်တန်း
သားသစ်တွေလေ့ကျင့်ပေးရတာ ပင်ပန်းရပင်ပန်းနဲ့"

Lightပြောရင်းပတ်ဝန်းကျင်ကိုကားပေါ်ကနေ အကဲခက်နေမိသည် မီးခိုးငွေ့တွေကြား တပ်သားများမှာသံကြိုး ရှည်တွေနဲ့အတူ လူတစ်တန်းကြီးကိုဆွဲခေါ်နေကြသည် လူကြီးလူငယ် ကလေးကျားမမရွှေး
အကုန်လုံးပါသည်

တစ်ဉီးပိုင်နာမ်Where stories live. Discover now