အပိုင်း(6)

335 10 2
                                    

တစ်ဉီးပိုင်နာမ်
အပိုင်း(6)

နေ့လည်12ထိုးတာနဲ့ထမင်းစားဆောင်မှာ လေ့ကျင့်ရေးတပ်သားများကိုယ်စီ စာပွဲဝိုင်းရှည်များတွင်နေရာယူကြရသည်

"ဟေ့လူသစ်ဒီဘက်ဝိုင်းကိုလာ"

ကတုံးကေနှင့် ခပ်ရွှယ်ရွှယ်ကောင်လေးကခေါ်တော့ sky ပုံစံခွက်ထမင်းဗန်းကိုကိုင်ကာထိုကောင်လေးဝိုင်းစီသို့

"ကျေးဇူး"

"ရိုးရာပါဗျာ"

"skyလို့ခေါ်ပါတယ် "

နေရာမရသလိုဖြစ်နေသောskyအားထိုကောင်လေးက ပါးချို့င့်တွေပေါ်တယ့်ထိပြုံးပြကာသူ၏နာမည်အားမိတ်ဆက်တော့သည် ထိုကောင်လေးမှာ skyနှင့်သက်တူရွှယ်တူဖြစ်ပြီး မျက်နှာမှာခပ်ရှည်ရှည်နှင့်အသားအရည်မှာအာရှသားအသားအရည်ပင် ပြုံးလိုက်လျင်ပါးချိုင့်တွေကိုသိသာစွာတွေ့နေရပြီး ပျော်ပျော်နေတက်သည့်ပုံပင်

"ကျက်သရေတော့တုန်းပြန်ပြီကွာ"

skyလှည့်ကြည့်တော့Lightပင်

"ကဲပါကွာ Lightကလည်းလူသစ်လေးကိုမျက်နှာသာပေးလိုက်ပါကွာ"

Lightက အိကျီလက်ကိုခေါက်တင်ရင်း ထမင်းစာပွဲတွင်ဝင်ထိုင်လိုက်သည် sky ကတော့Lightကိုဂရုမစိုက်

"ဟိုတစ်ပတ်က ငါ့ဉီးလေးနဲ့မင်းအတူပြန်လာတာတွေ့တယ် မျက်နှာသာပေးခံရတယ်ဆိုပြီးမာန်တက် မနေနဲ့"

"....."

"ဟယျောင့်ငါပြောတာကြားလား"

ရိုးရာမှာအနရေခက်လာသည်skyကတော့ထမင်းကိုသာအာရုံစိုက်စားနေသည်

"ကျစ်...နားညီးတယ်ကွာ မင်းထမင်းကိုသာကုန်အောင်စားစမ်းပါ မင်းနားကလူတွေကိုလည်းအာနာဉီး"

Skyက ဇွန်းကိုပစ်ချရင်းပြောလာတော့Light သူကိုယ်သူအလိုက် မသိသူလို့ခံစားရစေသည်

"အယ်...ဟိုsky"

"ဒုန်း"

Lightထမင်းစားပွဲကောက်ထုလိုက်တော့ ထမင်းစားဆောင်တစ်ခုလုံး ငြိမ်သက်ကာ အကြည့်များကSkyတို့ဘက်ဆီသို့

"ဒီတစ်ခါတော့ မင်းကို ဒီတိုင်းမထားတော့ဘူးချာတိတ် ငယ်သေးတယ်ဆိုပြီး အလျော့ပေးလို့မရဘူးပဲမင်းက"

တစ်ဉီးပိုင်နာမ်Where stories live. Discover now