အပိုင်း(2)

382 7 0
                                    

အပိုင်း(2)
Sky ဘာကြောင့်ဒီလူကိုအိမ်ကိုခေါ်လာမိမှန်းမသိတော့ပေ ဒီလူကိုမျိုးရိုးမြင့်မှန်းskyရိပ်စားမိသည်
သူကလည်းရင်ဘက် မှာဒဏ်ရာနဲ့ဖြစ်သော် လည်း လမ်းတော့ ​​ေလျှာက်နိုင်သေးသည်

"ငါကားက ဘီးပြားသွားပြီဒီနေ့ ငါ့အိမ်ပြန်လို့မရတော့ဘူး မင်းအိမ်က လည်းဘယ်လောက်ထိလျှောက်ရဉီးမှာလည်း ငါရေချိုးချင်နေပြီ"

ဘေးတွင်မိမိအား မယုံကြည်သလိုကြည့်ရင်းပြောနေသောသူကိုsky မျက်လုံးလေးစွေကာ မော့ကြည့်မိသည် မိမိအရပ်မှှာလည်း ထိုသူ၏
ပုခုံးလောက်သာရှိသည်လေ တိတ်ဆိတ်နေသောညအလယ်တွင်
လူနှစ်ယောက် မှာမြင့်မားသောတိုက် ခန်းများ၏ လမ်းကျဉ်းလေးထဲတွင်နေရာယူလျက်
"ရောက်တော့မှာပါ ကျွန်တော်ကလည်းခင်ဗျားကို ဆေးကုဖို့ခေါ်လာရသေးတယ်ဗျာ ကျွန်တော်လည်း ဒဏ်ရာနဲ့ဗျပွစိပွစိလုပ်မနေနဲ့"

skyရဲ့ဘောက်ဆက်ဆက်ပြောဆိုမှုကြောင့်ထိုသူမှာ အနည်းငယ်တိတ်ဆိတ်သွားသယောင် ထိုသူမှာအတန်ကြာတိတ်ဆိတ်နေရာမှ

"ဒီတိုက်ခန်းတွေကလူမရှိဘူးလား တိတ်ဆိတ်မှောင်မဲနေတာပဲ "

ထိုလူမှာ ဘေးဘီရှိတိုက်ခန်းများကို
ကြည့်ရင်း စေ့စေ့ပေါက်ပေါက် မေးတော့သည် skyသက်ပြင်းချရင်း

"အင်း ဟုတ်တယ် တစ်ချို့သူတွေက ငတ်ပျက်ပြီးသေကုန်ကြတာ တစ်ချို့ကြ အသတ်ခံရတာ ငတ်သေကြတာကများပါတယ် "

skyပြောရင်း အမေ့ကိုသတိရလာသည် အလုပ်မှာမိမိရဲ့စောဒကတက် မှုကြောင့် ပိုက်ဆံတစ်ပြားမှရမလာသည့်အပြင် သူစိမ်းတစ်ယောက်ကိုပါခေါ်လာခဲ့သေးသည်

"အော်....သူတို့ရဲ့ကျန်တယ့်မိသားစုတွေကရော"

ထိုသူရဲ့အမေးကို skyတစ်ဖက်သို့မျက်နှာလွဲရင်း

"သူတို့မှာမိသားစုမရှိကြဘူး မွေးလာတာနဲ့ကိုယ်အသက်ရှင်ဖို့ပဲရုန်းကန်ကြရတာ သေရင်လည်း မြှုပ်ပေးမဲ့သူမရှိဘူး ခွေးတွေ ကျီးတွေကလာဆွဲသွားကြတာပဲ"

skyပြောတော့ထိုသူက တော်တော်လေးတိတ်ဆိတ်သွားပြီး ဘာမျှဆက် မမေးတော့ပေ ထိုသူဟာ skyတို့လို
မျိုးရိုးနိမ့်ထဲက မဟုတ်မှန်းတော့skyတစ်ယောက်သိလိုက်သည်
skyကိုလည်းယောက်ကျားလေးဟုသာထင်နေသေးပုံရတာကြောင့်sky
မသိဟန်ဆောင်လိုက်တော့သည်

တစ်ဉီးပိုင်နာမ်Where stories live. Discover now