အပိုင်း(5)

293 9 0
                                    


တစ်ဉီးပိုင်နာမ်
အပိုင်း(5)

"ဒါမင်းနေရမယ့်အခန်း ကိုယ်ရံတော်တပ်ကသူတွေက လေ့ကျင့်ရေးသမားတောင်ကို်ယ်ပိုင်အ
ခန်းရတယ်"

XပြောတာကိုSkyအခန်းထဲကိုဝေ့ကြည့်ရင်းနားထောင်နေလိုက်သည်
ပြတင်းပေါက်တစ်ခုရှိပြီး ခပ်ကျယ်ကျယ်ကုတင်လေးတစ်ခုပြီးတော့ဗစီဒိုတစ်လုံး ပလတ်ပေါက်တစ်ခုထားပေးထားပြီး ဝင်ဝင်ချင်းတံခါးအဝတွင်ချိတ်ဆွဲထားသော နာရီတစ်ခု

"ဒါနဲ့ မင်းနာမည်က"

Sky Xအား မေးလိုက်ခြင်းပင် Xဗီဒိထဲမှခေါင်းအုံးတွေကိုဆွဲထုတ်ပေးကာ

"X.... ငါသင်တန်းပေးတယ့်အခါ ငါ့ကိုXလို့ပဲခေါ် ပြီးတော့ ငါ့ရဲ့လေ့ကျင့်ရေးသင်တန်းက ဘယ်သူ့အပေါ်မှသက်ညှာမှုမရှိဘူး မင်းတို့ကိုဆိုပိုပြီးကြပ်မတ်ရတယ် Loardရဲ့သက်တော်စောင့်မလို့ ငါပြောတာကြားလားSky"

"ကြားတယ်"

Skyရဲ့ဂျစ်ပေါက်ပေါက်အသံကို သိပ်ဘဝင်မကျပေမဲ့ Xဘာမှဆက် မပြောတော့ပေ

"ကျွန်တော်အနားယူချင်ပြီ"

"အင်း...နားတော့နောက်နေ့တွေကျအားလပ်ရက်က မင်းရှိမှာတောင်မဟုတ်ဘူးဒီနေ့နားထား "
"......."
sky Lightထွက်သွားတော့အိပ်ရာပေါ်ပစ်လှဲချလိုက်သည် အေးစက်စက်တလင်းပြင်အစား ခပ်
နွေးနွေး အိပ်ယာခင်းတို့ကနေရာယူထားသည် မဲညစ်ညစ်မျက်နှာကျက်အစား အဖြူရောင်မျက်နှာကြက်က နေရာယူထားပြန်သည် တောင်ဘက်တိုက်ခန်းမှာထက်စာရင် ပူစရာသိပ်မရှိပေမဲ့ sky
ပိုပြီးသတိထားနေရမည်ဖြစ်သည်
အိပ်ယာခင်းအောက်က အဖြူရောင်
အစတွေကို skyဆွဲထုတ်လိုက်သည်
ပြီးနောက် တစ်ထွာလောက်အပိုင်းရှည်လေးတွေဖြတ်လိုက်သည်
သည်ပိတ်စတွေဟာ skyရင်ဘက်ကိုစည်းဖို့ဖြစ်သည်။ထိုအစတွေကို အဝတ်ဗီဒိုရဲ့ထောင့်တစ်နေရာမှာ မမြင်သာအောင် skyထိုးညှပ်ထားလိုက်တော့သည်
------------
"Loardဒီဘက်လမ်းပါ"

နာမည်ကြီးစားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်

"အခြေနေထူးရင် လှုပ်ရှားဖို့ပြင်မယ်
အချက်မပြရင် ဆက်စောင့်ကြည့်ထားမယ်ကြားလား ဘယ်အသေးမွှားအကြောင်းရာနဲ့မှLoardကိုစိတ်မရှုပ်စေနဲ့"

တစ်ဉီးပိုင်နာမ်Där berättelser lever. Upptäck nu