အပိုင်း(7)

233 9 7
                                    

တစ်ဉီးပိုင်နာမ်
အပိုင်း(7)

"အား...စိတိုတယ်ကွာမကျေနပ်ဘူး
သူ့ကိုယ်သူ အကြီးဆုံးဆို
ပြ​ီးတော့"

Light ရေချိုးခန်းထဲတွေးရင်း ခေါင်းကုတ်နေမိသည် တံပတ်ဖြူကိုခါး၌ပတ်ပြီး ရေချိုးခန်းတံခါးကိုစောင့်ဖွင့်ကာ
အခန်းပြင်ထွက်ကာကော်ရစ်တာတစ်လျောက် ဒေါပွပွဖြင့် ခြေလှမ်းများက Loard အခန်းဆီသို့ lightကိုအပေါ်ပိုင်း ဘလာနဲ့မြင်တော့ စံအိမ်ရှိ အစေခံမိန်းကလေးများက ခေါင်းငုံကြရင်းပင်

"သခင်လေး.... Loardအလုပ်များနေပါတယ် ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးထားပါဘူး"

Xကအခန်းဝမှာရပ်နေရင်း lightကိုတားတော့သည်

"ဖယ်စမ်းပါ... ဉီးလေး...ဉီးလေးတံခါးဖွင့်နော် ကျွန်တော်ပြောစရာရှိတယ်လို့..ဉီးလေး"

Lightမှာဝင်ခွင့်မရတော့အခန်းရှေ့ကနေ အော်နေတော့သည်

"ကြားမှာမဟုတ်ပါဘူး သခင်လေး
အခန်းကိုပြန်လိုက်ပါ"

"ဟာကွာ..တောက်စ်"

Lightဟိုတစ်နေ့က မိမိတောင်းဆိုသည်ကိုLoardကမလိုက်လျောပေးသည့်အတွက် စိတ်ထဲဒါပဲတွေးနေမိသည်။skyလိုလူကိုဉီးလေးကဘာတွေနှ​မြောနေမှန်းမသိဘာပဲဖစ်ဖြစ် လိုခြင်တာကိုတော့မရရအောင်တောင်းရမည်ပင်

"Sky...ငါမင်းကိုပြောစရာတွေရှိလို့ခေါ်လိုက်တာ"

Sky Loardရဲ့အခန်းကိုမရောက်ဖူးပေ Loardကစီးကရက်တစ်လိပ်ကိုသောက်ရင်း skyကိုကျောခိုင်းလျက်

"ငါတူကမင်းကိုတော်တော်ခင်တွယ်နေပုံရတယ်sky"

"အင်းကျွန်တော်သိတယ် ကောင်လေးက စိတ်ထားလေးကောင်းပါတယ် လူကဆိုးပေမဲ့လို့"

sky Loardရဲ့ကျောပြင်ကို

ကြည့်ရင်းပြောလိုက်သည်

"Xကပြောတယ် မင်းကဆေးမှူးလည်းလုပ်ဖူးတယ်ဆို"

Skyခေါင်းကိုပြန်ငုံ့လိုက်သည်

"ဟုတ် တယ် တောင်ဘက် မှာနေတုန်းက ခနေလးပါပဲ အသိတစ်ယောက် ကိုလိုက်ကူရင်း သင်ဖြစ်တာပါ သူသေသွားတော့ ကျွန်တော်လည်းဆက် မလုပ်ဖြစ်တော့ဘူး ဆိပ်ကမ်းဘက်ရောက်သွားတယ်ဆိုပါတော့"

တစ်ဉီးပိုင်နာမ်Where stories live. Discover now