Part (2)

21 1 0
                                    

Unicode Version

မပြောမဆိုပါပဲ သည်းသည်းမည်းမည်းကို ရွာသွန်းလာတဲ့ ဝါဆိုမိုးကြောင့် နီ ကျွတ်ခနဲ
အသံထွက်ညည်းမိသည်အထိ
စိတ်ပျက်သွားရသည်......
မနက်က မမကြီး က ထီးယူသွားဦးလို့
ပြောတာကို လောလောလောလောနဲ့
အတန်းချိန်နောက်ကျမှာစိုးပြီး ထွက်လာမိတာမို့ .....ခုတော့ လူရော လွယ်အိတ်တွေရော
ကြွက်စုတ်ဖြစ်မဲ့ ဘဝရောက်ချေပြီ......
မနေ့ထဲက လူက ဖျားချင်သလို ဖြစ်နေတာ
မိုးသာမိလိုက်ရင်တော့
ကျိန်းသေကို ဖျားတော့မှာဆိုတာ
ဗေဒင်မေးစရာပင်မလိုပါ.....
ကျောင်းဆောင်ရှေ့က ကော်ရစ်တာ
ထိပ်ကနေထွက်ပြီးမှ မိုးရွာလာလို့
ပြန်ပြေးဝင်လာရတဲ့...သူ့ကို
ကောင်မလေးတွေက ပြုံးစိစိ နဲ့
မကြားတကြားစနောက်နေသံ ကြားရသည်....

''ဒီမှာ မင်း က Physicsမဟာတန်းကမလား''

နောက်က ခပ်သြသြအသံကြောင့်
နီ နောက်ကို လှည့်ကြည့်လိုက်သည်....

'' အော် ခင်ဗျားပဲ..... ဟုတ်တယ်
ကျွန်တော်က...မဟာတန်းက ဘာဖြစ်လို့လဲ ''

ဟိုတစ်နေ့က ဘုရားပေါ်က ရေစက်ကခုထိ
ကုန်သေးပုံမပေါ်တာဖြစ်မည်....
အဲ့မတိုင်ခင်က သူ့ကို တစ်ခါမှမမြင်ဖူးပါ....
ဒီနေ့လဲလည်ကတုံးနီညိုနဲ့ ပုဆိုးနီညိုရောင်ကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသော
အရပ်က နီ့ထပ် နဲနဲ ပိုမြင့်သော
ထို အမျိုးသားကို နီ ခပ်တည်တည်
ရပ်ကြည့်နေမိသည်.....

''ကိုယ် က Physicsနောက်ဆုံးနှစ်ကပါ
မင်းတို့ မဟာတန်းတွေက၃ထပ်မှာဆိုတော့
ကျောင်းဆင်းရင် ကိုယ်တို့အခန်းရှေ့က
ဖြတ်သွားတာ မြင်ပြီး မှတ်မိသွားတာ''

''ခု ကားဂိတ်ထွက်မလို့မလား
ကိုယ့်မှာထီးပါတယ် လိုက်ခဲ့လေ''

နီ့မှာလဲ မိုးမိလို့မဖြစ်တာကြောင့်
သူနဲ့လိုက်သွားဖို့သာ ဆုံးဖြတ်လိုက်သည်...

''အင်းလေ ကျွန်တော် လဲ ဒီနေ့မှ
ထီးမေ့လာလို့......
သွားကြတာပေါ့''

အဓိပတိလမ်းမကြီးက ထွက်မှ နီ့အိမ်ကိုပြန်မဲ့
ကားဂိတ်ကိုရောက်မှာမို့ ခပ်သွက်သွက်လေး
လျှောက်ဖို့ ဆော်သြလိုက်တာကြောင့်
နီ့ကို သူကပြုံးပြရင်း .....

The Diary of IxoraWhere stories live. Discover now