Part(8)

11 0 0
                                    

Unicode Version

စနေမိုးဆိုသလိုပဲ သည်းသည်းမဲမဲနဲ့ရွာနေသောကြောင့် နီ ထီးဆောင်းကာ ကျောင်းကိုခပ်သွက်သွက်လေးလာလိုက်ရသည်......
စာသင်ခန်းထဲရောက်တော့ အိမ်မှဝတ်လာသော အိမ်နေရင်းပုဆိုးနှင့် ရှပ်အကျီတို့ကို
မိုးစိုမှာစိုးလို့ အိတ်ထဲထည့်လာတဲ့ ကျောင်းစိမ်းပုဆိုးနှင့် အက်ျီဖြူကိုယူကာ နားနေဆောင်မှာ သွားလဲလှယ်ဝတ်ဆင်လိုက်သည်.....

နီ စာသင်ခန်းထဲ ပြန်ရောက်တော့ ကလေးတွေလဲရောက်နေပြီမို့ ကျောင်းခေါ်ချိန်စစ်ရန် နာမည်တစ်ယောက်ချင်းစီ ခေါ်လိုက်သည်......
မိုးရွာလို့ ကျောင်းမတက်တဲ့ ကလေးအနည်းငယ်ရှိပေမယ့် နောက်ဆုံးခုံမှာထိုင်နေပြီးနှာချေနေတဲ့ သူရဆိုတဲ့ ကောင်လေးဆီ
နီ လှမ်းကြည့်လိုက်တော့......
မျက်​လုံးတွေနီနေကာ တစ်ကိုယ်လုံးကလဲ
ချမ်းနေသလို တစ်ဆတ်ဆတ်တုန်နေတာမို့
နီ စားပွဲကနေ ထလာကာ
နဖူးကို စမ်းကြည့်လိုက်မှ တော်တော်ပူနေတာကိုသိလိုက်ရသည်......
ကျောင်းစိမ်းအက်ျီတွေလဲ စိုရွှဲနေတာမို့
အအေးမိပြီးဖျားတာဖြစ်လိမ့်မည်.....

လဲဝတ်စရာပေးဖို့ကလဲ နီ့ရှပ်အက်ျီက ကလေးကိုယ်နဲ့ဆို ဖားယားကြီးဖြစ်နေမှာပေမယ့် ရေစိုကြီးနဲ့ဆက်နေနေရင် ပိုဆိုးမှာကြောင့် နီ့စာရေးစားပွဲ အံဆွဲထဲမှာ ဆောင်ထားတဲ့ အဝတ်ပို တစ်စုံကိုသာ ပေးဝတ်ထားလိုက်ရသည်.......

ဆေးတိုက်ဖို့က နီတို့ကျောင်းနှင့် ဆေးခန်းဝင်းကြီးက ကပ်ရပ်လေးတင်ပဲမို့ ဆရာမကြီး ဒေါ်တင်တင်ဆီ ဆေးသွားယူဖို့ နီ ထီးလေးဆောင်းကာလမ်းလျှောက်လာလိုက်သည်......

ဆေးခန်းဝင်းထဲမှာတင် ဆရာမကြီးတို့က အိမ်ဆောက်ပြီးနေတာမို့ ညအချိန်မတော်
နေမကောင်းရင်လဲ နီ လာနေကြမို့ ဆေးခန်းနဲ့ သိပ်မစိမ်းပါ......
ဆေးခန်းတံစက်​မြိတ်အောက်ကို ဝင်လိုက်ပြီးနောက် ထီးကိုရေစစ်ကာ ဆေးခန်းတံခါးဘောင်ကိုမှီပြီး ထောင်ထားလိုက်ကာ နီ ဆေးခန်းထဲဝင်လာလိုက်သည်.......

ဆေးခန်းထဲရောက်တော့ ဆေးပေးတဲ့ စားပွဲမှာ ဆေးစာရင်းတွေရေးနေသော ဆရာကြီးရဲ့ သမီးလေးကိုပဲ တွေ့ရတာကြောင့်......

You've reached the end of published parts.

⏰ Last updated: Apr 11 ⏰

Add this story to your Library to get notified about new parts!

The Diary of IxoraWhere stories live. Discover now