Part (7)

11 1 0
                                    

Unicode Version

''ဆရာလေး  အတွက် 

အဘတို့ထည့်ပေးလိုက်တာ''

''ဟေ ဘာတွေတုန်း''

အသားအရောင်ညိုမှောင်ပေမယ့် သွားလေးတွေဖွေးနေအောင်ပြုံးနေသော ကလေးမလေးမှာခြင်းတောင်းကို မနိုင့်တစ်နိုင်နဲ့
ရွက်လာတာမို့
နီ  ချက်ချင်းခေါင်းပေါ်မှ အောက်ကို
ချပေးလိုက်ကာ ခြင်းတောင်းထဲကို ကြည့်လိုက်သည်.....

မာလကာသီးအကြီးကြီးတွေနဲ့ 
သရက်သီးမှည့်တွေမို့ ကလေးအားနဲ့
သယ်လာရတာ တော်တော်လေးမှာပဲလို့
တွေးရင်း သက်ပြင်းချမိလိုက်သည်.....

''အဘတို့ကို ကျေးဇူးအများကြီးတင်ပါတယ် လို့ ပြန်ပြောလိုက်နော် ရီရီ '' 

''ဟုတ် ဆရာလေး''

ဒီရွာက ကလေးတွေရော လူကြီးတွေရောက
သူတို့တတ်နိုင်သလောက်လေး အမြဲပေးလေ့ရှိသည်... နီ ကလဲ အားနာလို့ အစပိုင်းတော့ငြင်းမိသည်...... မယူဘူးပြောလိုက်ရင် မျက်နှာလေးတွေ ပျက်သွားတတ်တာမို့ ဖေဖေက နီ့ ကို ခေါ်ဆူသည်......

သူတို့ကိုယ်တိုင်စိုက်ပျိုးထားတာတွေကို တန်ဖိုးထားလို့ ပေးတာမို့ ငြင်းရင်ရိုင်းတယ်တဲ့.....
ဖေဖေကိုယ်တိုင်ကပါ ပြောနေတာမို့
ဘာပေးပေး နီ လက်ခံရတော့သည်......

တစ်ခါတစ်လေ ကျောင်းလာရင်း ပြောင်းဖူးခင်းရှေ့ဖြတ်ရင်း ချိုးလာသည့် ပြောင်းဖူးတွေကို ပေးရင်လဲ ယူရသည်.....

ဒီမှာက ကလေးတွေစားဖို့လောက် ခူးတာ ယူတာကို အခင်းရှင်တွေက စိတ်မဆိုးကြတာမို့
တော်ပါသေးသည်......

ချောင်းထဲမှာ ရေသွားကူးရင်း ပုစွန်လုံးနှိုက်လာပေးရင်လဲ ယူရတာပါပဲ......

ကျောင်းပြန်ရင် နီ့ စက်ဘီးခြင်းထဲမှာ ကျောင်းက ကလေးတွေပေးတဲ့
အသီးတွေ ပန်းတွေ နဲ့ပြည့်နေလို့....
မမကြီးတို့က သဘောတွေကျနေတတ်ပါသည်......

ရွာလေးက အေးချမ်းသလို စာသင်ရတာလဲ
နီ အဆင်ပြေနေပြီမို့ ဒီရွာလေးမှာ
နီ နေပျော်နေပါပြီ.......

''ဆရာမကြည်ပြာ ဒီရက်ပိုင်းကလေးတွေ

ကျောင်းအရမ်းပျက်ကျတယ်နော်''

The Diary of IxoraWhere stories live. Discover now