Part(5)

17 0 0
                                    

Unicode Version

၁၉၉၂–၁၉၉၃ ပညာသင်နှစ်
ရန်ကုန်တက္ကသိုလ်
ရူပဗေဒမိသားစု
ပညာရည်ချွန်ဆုပေးပွဲနှင့် ဂုဏ်ပြုနှုတ်ဆက်ပွဲ

ခန်းမထဲက စင်မြင့်ကြီးရဲ့ နှဖူးစည်းမှာ
ရွှေအိုရောင်စာလုံးတွေနဲ့ ကြွကြွရွရွ
ဖြစ်နေသော စာတန်းကို ဖတ်ပြီး
နီ သဘောကျစွာ ပြုံးလိုက်မိသည်.....
ဒီနေ့ဟာ  နီ မျှော်လင့်ခဲ့ရသော
Farewellနေ့......
တစ်လ လုံး ကြိုးကြိုးစားစား
အကတိုက်ခဲ့သမျှ ဒီနေ့မှာတော့
နီ အလှဆုံး အမှားယွင်းအနည်းဆုံး
ဖြစ်အောင် ချပြချင်သည်......
စင်ပေါ်မှာ သူနဲ့ ယှဥ်တွဲ ကပြရတော့
အစပိုင်းတော့ နီ ရင်တွေခုန်ပြီး
ကကြိုးတွေမှားခဲ့သေးသည်....
ခုတော့ အထပ်ထပ်အခါခါ
လေ့ကျင့်မှုကြောင့်
ရင်ခုန်နေပေမယ့် နီ မမှားတော့ပါ......

အခမ်းအနားမှူးအဖြစ် နီ တို့ အခန်းက
Ec ရတု နဲ့ယုယတို့က တာဝန်ယူထားတာမို့
အစအနောက်သန်တဲ့ ရတုကြောင့်
ပါးစပ်ပင် ပိတ်မရပါ......
ဌာနမှူး ဆရာမကြီး ဒေါ်သီသီခင်
ကိုယ်တိုင်ကပါတစ်ဟားဟားနဲ့ ပွဲကျနေတာမို့
ဒီနှစ် Farewellကတော့ ပျော်စရာကြီးပင်.....
အခမ်းအနားအစီအစဥ် တစ်ခုချင်းစီကို
ယုယက ဖတ်ပြနေတာကြောင့် နီနဲ့ သတိုးက
အမှတ်စဥ် ၃ မှာ အလှည့်ကျတာမို့
ဌာနမှူး မိန့်ခွန်းပြောနေထဲက စင်နောက်က
ကန့်လန့်ကာနောက်မှာ စောင့်နေရတာဖြစ်သည်...

နီ့ခေါင်းက ဆံထုံးက ဆံပင်တု၂ခုလောက်နဲ့
ထုံးထားရတာမို့ ကလစ်တွေအများကြီးနဲ့
ထိန်းထားတာတောင်တော်တော်လေးသည်.....
မကရသေးတာတောင် ခေါင်းက လေးပြီး
ငိုက်ကျနေတာမို့ သတိုးက ပြုံးစိစိနဲ့
ကြိတ်ရီနေကာ......

''နီ တော်တော်လေးနေလား
ဖြစ်ရောဖြစ်ရဲ့လား''

''လေးတာတော့တော်တော်လေးတယ်
ဒါပေမဲ့လဲ ဘယ်တတ်နိုင်မလဲ ကိုထွဋ် ရယ်
ကဖို့ သိပ်မှမလိုတော့တာ
စောင့်နေရတာက ပိုညောင်းတာ''

မျက်နှာလေး မဲ့ပြီး ညည်းနေတဲ့ နီ့ကို
ကြည့်ရင်း သတိုး အသဲယားစွာ
ပါးလေးကို တစ်ချက် ထိလိုက်မိသည်.....
မသိစိတ်ရဲ့အလိုကြောင့် ချစ်စနိုးနဲ့
အသာလေးထိလိုက်မိပေမဲ့ သတိုးကို
ပြန်မော့ကြည့်နေတဲ့ မျက်ဝန်းလဲ့လဲ့လေးတွေကို
မြင်ပါမှ လက်ကို ပါးပေါ်က ချက်ချင်း
ဖယ်လိုက်ပြီး.......

The Diary of IxoraWhere stories live. Discover now