Part(4)

17 2 0
                                    

Unicode Version

''မောင်မောင်..... မကြီး စကားပြောစရာရှိလို့
ခနထိုင်ပါဦး''

ကျောင်းကပြန်လာတိုင်း မကြီးက အလုပ်မဆင်းသေးတာမို့ စနေ တနဂ်နွေလိုနေ့မျိုးတွေကလွဲရင်
မကြီးနဲ့သူက သိပ်မဆုံဖြစ်ပါ.....ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဧည့်ခန်းမှာထိုင်နေပြီး သူ
အိမ်ထဲဝင်လာတာနဲ့ စကားပြောချင်လို့လို့
လှမ်းပြောတာကြောင့် သတိုး နည်းနည်းတော့
အံ့သြသွားမိသည်.....

''မကြီး ကျွန်တော် ရေလေးချိုးလိုက်ချင်လို့
ပြီးတာနဲ့ ပြန်ဆင်းလာခဲ့မယ်.... တစ်နေကုန်
စာသင်ခန်းထဲမှာ ပူအိုက်နေတာ....
နည်းနည်းလန်းအောင် ရေချိုးလိုက်ဦးမယ် ''

သတိုးပြန်ပြောတာကိုကြားတာနဲ့ မကြီးက
ခေါင်းတစ်ချက်ငြိမ့်ပြပြီး ဖတ်လက်စ
စာအုပ်ကို ပြန်ဖတ်နေတာကြောင့် သူလဲ လှေကားက နေ အပေါ်ထပ်က သူ့အခန်းဆီကို တက်လာလိုက်သည်.....

အခန်းထဲရောက်တာနဲ့ လွယ်အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး အိပ်ရာပေါ်  ခနလှဲချလိုက်မိသည်...
ရေတန်းချိုးဖို့က်ို ခန္ဓာကိုယ်က ကိုက်ခဲနေတာကြောင့်....ခနတော့ နားလိုက်မှ သက်သာတာ
မို့ပါလေ......
(၅)မိနစ်ပြည့်တာနဲ့ သတိုး အက်ျီနဲ့ ပုဆိုးကို
ချွတ်လိုက်ပြီး ရေလဲပုဆိုးကို လဲကာ
ရေချိုးခန်းဆီကို လျှောက်သွားလိုက်သည်....

ရေချိုးပြီးတော့ ရေစိုနေတဲ့ ဆံပင်တိုစစတွေကို
towel ဖြင့် တစ်ချက်နှစ်ချက်သုတ်လိုက်ပြီး
အဝတ်အစားလဲကာ အောက်ကိုဆင်းလာလိုက်သည်.....
သူ ဆင်းလာတာတွေ့တာနဲ့ မကြီးက စာအုပ်ကို
ဘေးမှာချလိုက်ကာ.....

''မောင်မောင် ကားယူမသွားတာကြာပြီဆို
ဘာဖြစ်လို့လဲ..... ပြီးတော့ ညနေဘက်တွေလဲ
ပုံမှန်ထပ်နောက်ကျမှ အိမ်ရောက်တယ်ဆို''

မကြီးက တိုက်ရိုက်မေးလာပြီမို့ သတိုး
ခေါင်းကိုကုတ်ကာ အကြံအိုက်သွားသည်.....

''ကားက ကျောင်းမှာ ကျွန်တော်ပဲ ထင်းထွက်
နေသလိုဖြစ်နေလို့ မယူတော့တာ.....
နောက်ကျတာက သူငယ်ချင်းတစ်ယောက်နဲ့
အတူတူပြန်ဖြစ်လို့ပါ...''

The Diary of IxoraWhere stories live. Discover now