Part (3)

24 1 0
                                    

Unicode Version

မိုးမိပြီး ဖျားသွားတာကြောင့် နီ (၃)ရက်လောက်
ကျောင်းပျက်သွားတာမို့ မနက်စောစော
လာကာ.....မေဂျာတူသူငယ်ချင်း ယုယဆီမှ လက်ချာတွေ ပြန်ကူးနေရတာဖြစ်သည်.....
ယုယက အဖျားကျသွားပေမဲ့ သွေးရောင်မရှိပဲ ဖြူလျော်နေတဲ့ သူ့ကိုကြည့်ပြီး သူမပါ
ကူပြီး ကူးပေးနေတာကြောင့် နီ စိတ်သက်သာသွားရသည်......
အတန်းပျက်ရက်တွေများတာကြောင့်သာ
အတင်းထလာရပေမယ့် နီ ခေါင်းတွေမူးပြီး
မျက်စိတွေဝါးနေတာကြောင့် စာကို
မြန်မြန်ရေးမရပါ.......

''ကြယ်စင်နီ ဒီနေ့မှပဲတွေ့တော့တယ်နော်....
အရင်နေ့တွေက နေမကောင်းဘူးလား
ကျောင်းလာတာမတွေ့လို့''

နီ စာရေးနေတုန်း ကိုထွဋ် အသံကိုကြားတာမို့
မော့ကြည့်လိုက်တော့ သူ့ဘေးမှာ ကိုထွဋ် က
ရပ်နေတာဖြစ်သည်.....

''ဟုတ်တယ် ကျွန်တော် ဖျားနေတာနဲ့
ကျောင်းမတက်ဖြစ်တာ ဒီနေ့တောင်
ပျက်ရက်တွေများနေပြီမလို့လာတာ
မမကြီး တို့က မသွားခိုင်းဘူး ''

မျက်နှာလေးဖြူဖျော့ကာ အားမရှိပုံပေါက်
နေတဲ့ ကောင်လေးကို ကြည့်ပြီး သတိုး
စိတ်မကောင်းဖြစ်သွားရသည်.....
ထိုစဥ် အတန်းတက်ချိန်ရောက်ပြီမို့
ဆရာမ ဝင်လာတာကြောင့် အတန်းဆင်းရင်
ကန်တင်းကိုလာခဲ့ပါ လို့
တိုးတိုးကပ်ပြောကာ သတိုးအတန်းထဲမှ
ထွက်လာလိုက်သည်.......

ဆရာမ ရှင်းပြနေတဲ့ ပုဒ်စာတွေကို
လိုက်ကြည့်နေရင်း နီ ခေါင်းက တစ်ရိပ်ရိပ်
မူးလာတော့သည်....
မျက်စ်ိကို ဖွင့်လိုက်ပိတ်လိုက်လုပ်ရင်း...
အားတင်းပြီး လိုက်ကြည့်နေရတော့...
မျက်ရည်ပူတွေပါ ကျလာတော့တာဖြစ်သည်.......
စာသင်ချိန် တစ်ချိန်ကုန်အောင်
မနည်းအားတင်းပြီး ဒီတစ်ချိန်ပြီးရင်
တစ်ခုခုစားပြီးဆေးသောက်ဖို့
နီ ဆုံးဖြတ်လိုက်သည်......
အတန်းချိန်ပြီးတဲ့ bellသံ ထွက်လာတာနဲ့
နီ ခပ်မြန်မြန်လေး စာအုပ်တွေ
ကောက်သိမ်းကာ ကန်တင်းကို သွားဖို့
ပြင်လိုက်သည်.....
ယုယ ကို နောက်တစ်ချိန်သင်တဲ့ စာတွေ
ပြန်ရှင်းပြပေးဖို့ တိုးတ်ိုးကပ်ပြောတော့
ခေါင်းတစ်ချက်ငြိမ့်ပြတာကြောင့်
နီ ကန်တင်းသွားဖို့ထွက်လာလိုက်သည်.....

The Diary of IxoraWhere stories live. Discover now