အပိုင်း (53)

429 76 1
                                    


Burmese Translation of “After Marrying The Male God”

Translator - ဂွေ့
------------

(၅၃) အသက်စမ်းရေ (ပထမပိုင်း)

--------------
ထာ၀ရရှင်သန်ဖို့မခက်ပါဘူး

-------------
မှောင်နေပြီမို့ သစ်တောတစ်ခုလုံး မည်း မှောင်နေကာ အသံလေးတစ်သံတောင် မကြားရ။ မီးအိမ်ကိုကိုင်ထားသည့် လူပု လေးက ရှေ့ ကနေဦးဆောင်သွားနေရင်း ဇာတ်လမ်းကိုပြောပြနေသည်။ ခပ်ဝေး ဝေးမှာ မီးရောင်လေးတွေကိုတွေ့ တော့ သူက ဝမ်းသာအားရနှင့်ဆိုသည်

ချီပိုင်ချာမော့ကြည့်မိတော့ ပုံပြင်ထဲက ကမ္ဘာကြီးထဲတွင်ရောက်နေသည့်နှယ္။

နတ်သူငယ်များက တောထဲတွင် ဟိုဟိုဒီဒီပျံသန်းနေပုံက အိပ်မက်ဆန်လှသည်။

ပယ်ရီနှင့် လူပုလေးတို့လျှောက်လာတာကိုမြင်တော့ နတ်သူငယ်တွေက တစ်ယောက်ချင်းစီဝိုင်းကြည့်ကြသည်။ ပန်းနတ်သူငယ်က သစ်ပင်ခေါင်ထဲမှ အမြန်ထွက်လာကာ ချီပိုင်ချာ့ရင်ခွင်ထဲပစ်ဝင်လိုက်ရင်း နစ်နေအောင်ဖက်ထားလေသည်။ “ပယ်ရီရယ် နတ်ဘုရားအရှင်ကို ငျေးဇူးတင်လိုက်တာ။ နင်အန္တရာယ်ကင်းတယ်ပေါ့။ ဘာလို့အပြင်မှာအကြာကြီးနေနေတာလဲ? ငါနင့်ကိုစိတ်ပူလို့သေတော့မယ်”

သွေးစုပ်ကောင်တွေနှင့်တွေ့ပြီး ပြန်လာသည်ဆိုသော နတ်သူငယ်မရှိသလောက်ပင်။ ပယ်ရီလည်း မတော်တဆဖြစ်နေပြီဟု သူမ ခန့်မှန်းမိလိုက်သည်။

သူ့ရှေ့ကသူက ဘယ်သူမှန်းမသိ၊ ဘာတော်စပ်မှန်းလည်းမသိတာမို့ သူကတော့ ဘာစကားမှမပြောပေ။

“သူပြန်မလာနိုင်တော့သလောက်ပဲနော်” လူပုလေးကဆို၏။ “သူ ဒယ်နီရယ်နဲ့တွေ့ခဲ့တာ။ ကံကောင်းလို့ ငါရိပ်မိလို့သာပေါ့။” “ဘုရားရေ ဒယ်နီယယ်လား?”
ပန်းနတ်သူငယ်မလေးက အလန့်တကြားဆိုသည်။ “နင်တကယ်ကံကောင်းတာပဲ။ တော်သေးတာပေါ့ မစ္စတာဟန်းတားရယ် ရှင်က ကျွန်မသူငယ်ချင်းအသက်ကို ကယ်လိုက်တာပဲ”

ဟန်းတားက လူပုလေး၏ အမည်ဖြစ်သည်။ မျိုးနွယ်စု နှစ်ခုကြား ပစ္စည်းတွေကို ပို့ဆောင်ပေးရသူမို့ နတ်သူငယ်တွေက သူ့ကိုမှတ်မိနေကြခြင်းပင်။

“ရပါတယ်” လူပုလေးက လက်ပြလိုက်သည်။
“အကုန်လုံးလည်းအဆင်ပြေပြီဆိုတော့ ငါလည်းသလင်းမှုန်တွေသွားစုဉီးမယ်ဟေ့”
“ဟုတ်ပါပြီ မစ္စတာဟန်းတားရယ် ဂရုစို်က်နော်”
နှင်းနတသူငယ်လေးကသူ့ကိုနှုတ်ဆက်လိုက်သည်။
လူပုလေးထွက်သွားသွားချင်း ပန်းနတ်သူငယ်လေးက ချီပိုင်ချာ့ကို အလောတကြီးကြည့်ကာ “ဒယ်နီရယ်နင့်ကိုမကို်က်ဘူးမလား? အသက်စမ်းချောင်းကိုသွားပြီး စမ်းရေကိုသောက်ပြီး ရေချိုးလိုက်။ သွေးစုပ်ကောင်တွေရဲ့မကောင်းတဲ့အနံ့တွေ ကပ်မနေအောင်”

အသက်စမ်းချောင်းတဲ့။

ချီပိုင်ချာတွေးလိုက်မိသည်။

ဒီကမ္ဘာကိုကူးတော့ သူ ဟိုဖက်ကိုသာပြန်ဖို့ စိတ်အားထက်သန်နေရင်း တကယ်အရေးကြီးသည့်ကိစ္စကိုမေ့နေမိသည်။

“ကမ္ဘာပေါင်းစုံ၏ စွယ်စုံကျမ်း” ကို သူလှန်ခဲ့တုန်းက အသက်စမ်းချောင်းအကြောင်းကို သူဖတ်ခဲ့ရသည်။

အသက်စမ်းချောင်းက နတ်သူငယ်တွေအတွက် အတော်လေးထူးခြားလှသည်။ အသက်စမ်းချောင်းကရေက ရောဂါတိုင်းကို ကုသနိုင်သလို ညစ်ညမ်းမှုကိုလည်းသန့်စင်ပေးနိုင်သည်မို့ တကယ့်ရတနာပင်။

သို့သော် နတ်သူငယ်တွေအတွက်ကတော့ နေ့စဉ္သောက်ရေသာ။

အသက်စမ်းချောင်းက နတ်သူငယ်နတ်ဘုရားက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ နတ်သူငယ်နတ်ဘုရား မသေဆုံးမချင်း အသက်စမ်းချောင်းကလည်း အဆုံးမရှိစီးဆင်းနေမှာဖြစ်သည်။

ထိုအရာတွေက အဓိက မဟုတ်။

အဓိက က လူသားတစ်ယောက်အသက်စမ်းချောင်းကရေကိုသောက်သုံးပါက အသက်ရှည်ကာ အနာကင်းလိမ့်မည်။ အသက်စမ်းချောင်းကရေ တစ်ပုလင်းသောက်ရုံမျှဖြင့် ထာ၀ရနုပျိုနေနိုင်မည်ဖြစ်သည်။ အသက်စမ်းချောင်းရေက တခြားမျိုးနွယ်စုတွေအပေါ်ထူးထူးခြားခြားသက်ရောက်မှုမရှိသော်လည်း လူသားတွေအပေါ်တော့သက်ရောက်သည်။

ကြည့်ရတာအရာအားလုံးထဲတွင် လူသားတွေက နတ်ဘုရားတွေကောင်းချီးအပေးခံရဆုံးဖြစ်မယ်ထင်သည်။ ကမ္ဘာအများစုက နတ်ဘုရားတွေမှာလည်း လူပုံစံအတိုင်းဖြစ်ကာ လူမျိုးနွယ်တွေကပဲ နတ်ဖြစ်ကြသည်ဟုပြောလျှင်ပိုမှန်လိ်မ့်မည်။

ကလေးတွေအားလုံးကို သာတူညီမျှချစ်လျှင်တောင် မိဘတွေက သူတို့နှင့်အတူဆုံးကလေးကိုတော့ ပိုပြီးမျကိနှာသာပေးတတ်ကြသည်မဟုတ်ပါလား။

ဒီကမ္ဘာတွင်လူသားမျိုးနွယ်မရှိသည်မို့ အသက်စမ်းရေကလည်းအဖိုးမတန်ပေ။

သို့သော် နှင်းနတ်ဘုရားအတွက်တော့ အဖိုးတန်ဆုံးပင်။

သူ့အတွက်လိုတာမဟုတ်။ မစ္စတာဖူအတွက် သေချာပေါက်လိုတာပင်။

ထိူစာရွက်ကိုလှန်တုန်းက ဖူမင်ယယ်သေချာပေါက်စိတ်လှုပ်ရှားနေခဲ့သော်လည်း အမှန်တရားကရက်စက်လွန်းလှသည်။ ဒီကမဘာတွင် ဘယ်နတ်သူငယ်မှရှိသလို အသက်စမ်းချောင်းလည်းမရှိ။ သူ့မှာလည်း ကမ္ဘာတွေကို ကူးသန်းမသွားလာနိုင်ပေ။ ယိုပေါက်တစ်ခုကိုတွေ့လျှငိတောင် ထိုယိုပေါက်မှ သူသွားလို့မရ။ သွားလို့ရသည်ထားဉီး အသက်စမ်းချောင်းရှိသည့်ကမ္ဘာကိုရောက်ဖို့ကတော့အတော်ခက်လိမ့်မည်။

သို့သော် အခုတော့ အသက်စမ်းချောင်းက သူ့ရှေ့တွင်ရှိနေပြီ။

သူသာအသက်စမ်းရေကိုရမည်ဆိုပါက ကမ္ဘာကူးရတာ တန်သည်လေ။

ထိုအကြောင်းကိုတွေးမိတော့ အပြင်ပိူင်းမှာသာ တည်ငြိမ်အောင်နေနေရတာ စိတ်ထဲမှာတော့ ချီပိုင်ချာတစ်ယောက် အရမ်းစိတ်လှုပ်ရှားနေမိသည်။

အသက်စမ်းချောင်းတဲ့လား။ သူ မစ္စတာဖူနှင့်အတူ ထာဝရနေနိုင်တော့မည်။

ချီပိုင်ချာတစ်ယောက် ပျော်လွန်းလို့နှင်းတွေထဲတွင်လှိမ့်နေပြီဖြစ်သော်လည်း အပြင်မှာတော့ မျကနှာသေကြီးနှင့် ‘’အင်း”

“နင်အရမ်းကြောက်သွားမှာပေါ့” ပန်းနတ်သူငယ်က သက်ပြင်းချသည်။ ငါနင့်ကို အဲ့ဒီခေါ်သွားပေးမယ်”

အသက်စမ်းချောင်းက ကြည်လင်သော စမ်းချောင်းငယ်လေးဖြစ်သည်။ ရေတံခွန်ဘေးတွင် ကျော့ရှင်းသော နတိသူငယ်ရုပ်ထုတစ်ခုရှိနေပြီး ရေတို့ကရုပ်ထု၏ ပါးစပ်ထဲမှ အဆက်မပြတ်ကျနေလေသည်။

ချီပိုင်ချာ: “.....”

ဒါဘယ်လိုဒီဇိုင်းကြီးလဲ? ရေကတော့ကောင်းပါရဲ့။ ဒါပေမယ့် သွားရေတွေကျနေသလိုပဲ။ နှင်းနတ်ဘုရား၏ အကြိုက်နှငိ့တော့ လားလားမျှမတူပေ။

သို့သော် သူက စိတ်ထားကောင်းသူမို့ စောဒကတက်တာတွေကိုမျိုချပြီး နတ်သူငယ်ရုပ်ထု၏ အလှကိုပဲ ချီးမွမ်းနေလိုက်သည်။

အသက်စမ်းချောင်းဘေးက ရုပ်ထုက နတ်သူငယ်နတ်ဘုရားဖြစ်သည်။ နတ်သူငယ်တိုင်းလှပတာသည်မို့ နတသူငယ်နတ်ဘုရားဆို ပြောမနေနှင့်တောံ။ ရုပ်ထုကအလှတရားနှင့်ပင် ကောင်းကင်ကိုတက်သိမ်းလိုက်လို့ရသည်။

နတ်သူငယ်တွေက သဘာ၀တရား၏ အကြိုက်ဆုံးလေးတွေမို့ လူတိုင်း၏ အချစ်တော်လေးတွေဖြစ်ကြပြီး ဒီကမ္ဘာ၏ ဉပဒေသကတောင် အတော်လေးပစားပေးထားသည်။

ချီပိုင်ချာက မစ္စတာဖူကိုပေးရန်အကြံနှင့် စမ်းရေတစ်ပုလင်းခပ်လိုက်သည်။

ပန်းနတ်သူငယ်ကတော့ ဘာမှသိပ်အများကြီးတွေးမနေပေ။ အသက်စမ်းရေက လူသားတွေအတွက်သာရှားတာ။ နတ်သူငယ်တွေအဖို့တော့ နေ့တိုင်းသောက်နေရသည်မို့ နောက်ထပ်အပိုရေပုလင်းခပ်တာလောက်ကတော့ မပြောပလောက်ပေ။

သူမက နတ်ဘုရားရုပ်ထုကိုကြည့်ရင်းဝမ်းပန်းတနည်းဆိုသည်။ “အရှင်နတ်ဘုရားက ပေါ်မလာတာကြာပြီ။ အကာအကွယ်စည်းကလည်းပျက်သွားပြီ။ တစ်ခုခုဖြစ်မှာ ငါစိတ်ပူတယ်”

ထို့နောက် ပန်းနတ်ဘုရားက သူမဟာသူမ ပြန်နှစ်သိမ့်ပြန်သည်။
“ဒါပေမယ့် နတိသူငယ်နတ်ဘုရားက ငါတို့ကို ဒီကမ္ဘာကြိိးရဲ့ထောင့်တစ်နေရာကနေ ကာကွယ်ပေးနေမှာပါ။ အသက်စမ်းရေတွေမခမ်းသေးတာက သက်သေပဲ”

ချီပိုင်ချာလည်း အလားတူခံစားရသည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့်လက်ထပ်ပြီးနောက် (Book 2)Where stories live. Discover now