အပိုင်း (58)

606 93 2
                                    

Burmese Translation of “After Marrying The Male God”.

Translator – ScartletAnemone
---------

အပိုင်း 58 - နာမည်
------------

“အရှင်နှင်းနတ်ဘုရားက ကျွန်‌တော်မျိုးကို အပြစ်လုပ်‌စေမိတာလေ”
-----------

တိမ်မျှင်စုလေးတွေက မိုးပြာရောင်ကောင်းကင်ထက်မှာ ဟိုတစ်စု ဒီတစ်စု ပျံ့လွင့်လို့နေ၏။ ဤဟာက နှစ်ပေါင်းအတော်ကြာအောင် လူသူကင်းမဲ့နေခဲ့သော‌ ကောင်းကင်ဘုံဖြစ်ပြီး၊ တိတ်ဆိတ်လွန်းအားကြီးသည်မှာ ငှက်တွေပျံသန်းသည့် အသံကိုတောင်မှ မကြားရပေ။

ဖူမင်ယယ်လည်း တိမ်‌ထုတွေ၏ကြားမှာ စိတ်ဆင်းရဲနေသောမျက်နှာဖြင့် မတ်တပ်ရပ်နေမိသည်။

သူလုံးဝကို မတိုက်ခိုက်ချင်ပေ။

သို့သော် ချီပိုင်ချာကတော့ ထိုကဲ့သို့ မတွေးတာ သိသာလှသည်။

“ခင်ဗျား အရမ်းကို ချုပ်ထိန်းနေတာပဲ… ကျွန်တော့်ကိုအထင်သေးတာလား။ ခင်ဗျားရဲ့တကယ့်စွမ်းအားကို ပြစမ်းပါ” အဖြူရောင်ရှပ်အင်္ကျီနှင့်ဘောင်းဘီတိုကို ဝတ်ထားခဲ့သော လှပသည့် လူငယ်ကလေးက သူနှင့်မျက်နှာချင်းဆိုင်မှာ ရပ်နေခဲ့ပြီး၊ ထိုကောင်လေး၏ လက်မောင်းသွယ်သွယ်နှင့် ဖြောင့်စင်းသော ခြေတံထက်မှာ အနီရောင်အမှတ်အသားရာတွေ ရှိနေခဲ့သည်။
သူ့အသံတောင်မှပဲ ကျေနပ်အားရမှုကို အပြည့်အဝ ခံစားထားခဲ့ရ၍ အက်ကွဲနေခဲ့၏။

ဖူမင်ယယ် : ဒီလိုပုံစုံနဲ့ သူဘယ်လိုမျိုးများ တိုက်ခိုက်မှာပါလိမ့်

ချီပိုင်ချာကတော့ သူ့ကိုယ်သူအတွက် ပြန်စဉ်းစားမနေဘဲ၊ လျှပ်စီးအလား လျှင်မြန်သည့် တိုက်ခိုက်မှုကို စတင်လိုက်သည်။

ပင်လယ်၏ကြမ်းပြင်ထက်မှာ ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက အနိုင်အရှုံး မကွဲပြားခဲ့သည့်ကိစ္စက ဒီတစ်လျှောက်လုံး ချီပိုင်ချာ၏ရင်ထဲမှာ ဆူးတစ်ချောင်း စိုက်ဝင်နေသည့်အလား ဖြစ်နေခဲ့သည်။ သူက သဘာဝ၏နတ်ဘုရားပင်၊ ဆုတောင်းနတ်ဘုရားကို ရှုံးနိမ့်စရာအကြောင်း လုံးဝမရှိပေ။

ဟိုးအရင်အချိန်တွေတုန်းကဆိုလျှင် ချီပိုင်ချာက မကြာခဏဆိုသလို သူ့ရဲ့နတ်ဘုရားသူငယ်ချင်းများနှင့် တိုက်ခိုက်လေ့ရှိသည်။ နှင်းနတ်ဘုရားက တိုက်ခိုက်ရာမှာ မကျွမ်းကျင်သောကြောင့်၊ သူနိုင်တာထက် ရှုံးတာက ပိုများခဲ့သည်။ သူ့သူငယ်ချင်းများက ကျင့်ဝတ်ကို အမြဲလိုက်နာလေ့ရှိပြီး၊ အငယ်ဆုံးသော သဘာဝနတ်ဘုရားလေးကို အမြဲလိုလို ညှာတာခဲ့ကြသည်။ နောက်ပိုင်းမှာတော့ သူ့အပေါင်းအဖော်များက တစ်ယောက်ပြီးတစ်ယောက် အိပ်စက်သွားခဲ့ကြပြီး၊ သူ့မှာ ယှဉ်တိုက်ရမည့် ပြိုင်ဘက်မရှိတော့ပေ။

You've reached the end of published parts.

⏰ Last updated: Dec 14, 2023 ⏰

Add this story to your Library to get notified about new parts!

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့်လက်ထပ်ပြီးနောက် (Book 2)Where stories live. Discover now