အပိုင်း (55)

475 93 0
                                    

Burmese Translation of "After Marrying The Male God".

_____________________

“တိုက်ပွဲက အတော်ပြင်းသည်။

ရေသူမျိုးနွယ်တွေရော ရေမိစ္ဆာတွေပါ ပရာဒါသေသွားပြီမို့ အံ့သြကာပျော်နေကြသည်။ သူတို့က ပုန်းနေရာမှထွက်ကာ သူတို့ပိုင်နက်ကို ပြန်သွားချင်နေကြသည်။ သို့သော် ရေဘဝဲတွေကြီးစိုးသွားသည့်သူတို့နေရာက လုံးဝကို စုတ်ပြတ်သတ်နေလေပြီ။

အဖြူရောင်နတ်စွမ်းအင်နှင့်အနက်ရောင်မြူတို့က ရောယှက်နေသည်။ သူတို့ဖြတ်သွားရာနေရာတစ်လျှောက်လုံး ပျက်စီးနေပြီး သမုဒ္ဒရာလည်း ဇောက်ထိုးဖြစ်နေကာ ရေဘဝဲတွေကတော့ ကြောက်လို့ပြေးကုန်ကြပြီ။

တိုက်ပွဲက နတ်ဘုရားလေးပါးတိုက်ပွဲနီးပါးပြင်းထန်သည်။

ရေသူမျိုးနွယ်တွေလည်း အံ့အားတသင့်ပြောကြ၏။ “ဘာတွေဖြစ်နေကြတာလဲ? ပရာဒါကသေပြီမဟုတ်ဘူးလား?” သူတို့အတွေးထဲတွင် နတ်ဘုရားတွေပြီးလျှင် ပရာဒါထက်အင်အားကြီးသူမရှိဟုထင်နေကြသည်။

ယုယင် “ပရာဒါကသေပါပြီ။ ဒါပေမယ့်....” နတ်ဘုရားကိုတောင်တိုက်ရဲတဲ့ ဗန်ပိုင်းယားက ဘယ်သူလဲ?”
ဒီကမ္ဘာက ဗန်ပိုင်းယားတွေက နတ်ဘုရားကိုတိုက်နိုင်လောက်တဲ့အထိ အင်အားမကြီးဘူးမလား?

သူတို့အံ့အားသင့်နေတုန်းမှာပင် သူတို့ရှေ့ကတိုက်ပွဲက မြေအောက်သို့ ရောက်သွားကြပြန်သည်။ ကျန်းယန်က ယုယင်ကိုဆွဲကာအော်လိုက်သည်။ “လူတိုင်းနောက်ဆုတ်ကြ။ တိုက်ပွဲထဲရောက်မသွားစေနဲ့”

နတ်ဘုရားတွေတိုက်နေတော့ ငါးတွေလည်းပုန်းကုန်ကြပြီ။ နတ်စွမ်းအင်တွေကို သူတို့လည်း မခံနိုင်ဘူးမလား?
သူမပြောခင်ကတည်းက တခြားသတ္တဝါများလည်း ပြေးကုန်ကြပြီ။
ရေခဲဓားက ဖူမင်ယယ်၏ အနက်ရောင်မြူခိုးတွေနှင့်ပြည့်နေသောဓားနှင့် ထိခတ်သွားသည်။ တချွမ်ချွမ်နှင့်ဖြစ်နေကာ သမုဒ္ဒရာအောက်တွင်မီးပွင့်နေကြ၏။ ချီပိုင်ချာက အေးစက်စွာပြောလိုက်သည်။ “မင်းက ဗန်ပိုင်းယားမဟုတ်ဘူး”
ဖူမင်ယယ်ကလည်းပြန်ဖြေသည်။ “မင်းကလည်း နတ်သူငယ်မဟုတ်ဘူး”
အစကတော့ ချီပိုင်ချာနှင်းဓားနှင့်တိုက်နေတာတောင် နတ်သူငယ်အနေနှင့်တိုက်နေတာလို့ပဲ ထင်ကာ နောက်ဆုတ်သွားမယ်ထင်ခဲ့သည်။ သို့သော်သူထင်တာမှားမှန်းအမြန်ပဲသိရှိသွား၏။ ဘယ်လိုမျိုးနတ်သူငယ်က သိုင်းပညာမြင့်မြင့်ရှိမှာလဲ?

ထပ်တူညီစွာပင် သူနှင့်တိုက်နေသော သူကလည်း ရိုးရိုးဗန်ပိုင်းယားပဲဟု ချီပိုင်ချာထင်ခဲ့သည်။ နတ်ဘဒရဦးတွေက ကမ္ဘာတွေ၏အုပ်စိုးသူတွေဖြစ်သည်။ နတ်ဘုရားတွေထက် ခွန်အားကြီးသော သတ္တဝါမရှိသလိူ ကမ္ဘာနံပါတ်၁၀၈က ပါစကယ်လို နတ်ဘုရားတချို့ကိုသတ်နိုင်သည့် မိစ္ဆာဘုရင်တွေလည်းရှိသည်။ သို့သော် ဒီကမ္ဘာ၄၉၃၏ ဗန်ပိုင်းယားများကတော့ နတ်ဘုရားသတ်နိုင်သည့်ထဲတွင်မပါဝင်ပေ။

ကမ္ဘာ၄၉၃က ကမ္ဘာ၉၉၉ထက်သက်တမ်းငယ်သည်။ ဖြစ်တည်လာသည်က နှစ်ထောင်ပေါင်းများစွာသာရှိသေးသည်။ ပုံမှန်ဗန်ပိုင်းယားမပြောနှင့် ဗန်ပိုင်းယားနတ်ဘုရားလာလျှင်တောင် သူအလွယ်လေး အနိုင်ယူနိုင်သည်။

“ငါတို့စွမ်းအင်တွေက တူတယ်”

ချီပိုင်ချာက ဒန်းနစ်ရှ်ဘာသာစကားပြောကာ နတ်ဘုရားဘာသာစကားကိုသုံးလိုက်သည်။ "မင်းက ကမ္ဘာ၉၉၉က ဆိုးယုတ်ခြင်းနတ်ဘုရားပဲ"
သူက သေချာနေသောလေသံဖြင့်ပြောလိုက်သည်။
ကမ္ဘာတိုင်းတွင် ကွဲပြားသော စွမ်းအင်ရင်းမြစ်များရှိကြသည်။ ကမ္ဘာ၁၀၈၏ အလင်းနှင့်အမှောင်၊ ကမ္ဘာ၄၉၃၏ သဘာ၀ပစ္စည်းများ၊ ကမ္ဘာ၉၉၉၏ သန့်စင်ရှုပ်ထွေးသောချီစွမ်းအင်စသဖြင့်။ ဆိုးယုတ်ခြင်းနတ်ဘုရားနှငိ့ နှင်းနတ်ဘုရားက မတည်ငြိမ်လေထုမှ မွေးဖွားလာသူများဖြစ်သည့်အတွက် စွမ်းအင်ရင်းမြစ်တူညီတာကို ခံစားမိနိုင်သည်။

သူတို့နှစ်ယောက်လုံးက အပြန်အလှန်ဆန့်ကျင်နေကြသည်။

ကောင်းမှုနှင့် မကောင်းမှုသည် သဘာ၀ရန်သူဖြစ်သကဲ့သို့ ရေနှင့်မီးသည်လည်းအမြဲတမ်းမပေါင်းစပ်နိုင်။ အလင်းနှင့်အမှောင်သည်လည်းအတူယှဉ်တွဲနေနိုင်ရန်ခက်လှသည်။

ဒီလိူအခြေအနေမှာ အတူတွေ့ကြရသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် မျက်စိဆံပင်မွှေးစူးကြတာ သဘာဝပင်။

"ကြည့်ရတာ မင်းကလည်းနှင်းနတ်ဘုရားထင်တယ်။" သူနှင့်ကမ္ဘာတူတစ်ခုတည်းကလာတယ်ဆိုသော်ငြား ဖူမင်ယယ်က လုံးဝအလျော့မပေး မညှာတာပေ။
သူကတစ်ယောက်တည်းဖြစ်နေတာများသည်။ တခြားလူတွေနှင့် ဆက်ဆံရတာမကြိုက်သလို တခြားနတ်ဘုရားတွေနှင့်လည်းမဆက်ဆံချင်ပေ။ နှင်းနတ်ဘုရားသည်ပင် ချာချာနှင့်ယှဥ်လိုက်လျှင် တန်ဖိုးမဲ့ကာ သူ့ခံစားချက်ကို မရှုပ်ထွေးစေနိုင်ပေ။

ချာချာတစ်ဉီးတည်းကသာ သူ၏ ရတနာလေးဖြစ်ပြီး ဂရုစိုက်မှုတွေနှင့် ထိုက်တန်သည်။

"မင်းက ဆိုးယုတ်ခြင်းနတ်ဘုရားဖြစ်ပြီး ယိုပေါက်ကို လာပိတ်ပေးဖို့ဆိုရင်တော့ မင်းရဲ့စိုးရိမ်မှုကို ငါကျေးဇူးတင်ရမှာပဲ"

ချီပိုင်ချာက ရွဲ့လိုက်သည်။ တကယ်တော့ ဆိုးယုတ်ခြင်းနတ်ဘုရားက ဘာကိုမှ တာဝန်မယူတာကြောင့် သူတစ်ယောက်တည်း ဟိုပြေးလိုက် ဒီလွှားလိုက်ဖြစ်ကာ မောပန်းနေရသည်။ ဘယ်လိုနေနေ မကောင်းတဲ့ဝိညာဉ်ကတော့  မကောင်းတာပါပဲ။

"ငါက မင်းတာဝန်တွေအကုန် အစားယူပေးထားတာတောင် မင်းက ရေတစ်ပုလင်းအတွက်နဲ့ ငါ့ကိုတိုက်ခိုက်တယ်ပေါ့"
ချီပိုင်ချာက သူ့ကိုကြည့်ကာ ဓားကိူ သူ့ဆီတည့်တည့်သို့ချိန်ရွယ်လိုက်သည်။

"ငါ့အစားတာဝန်ယူတယ်တဲလား? ဘာတာ၀န်လဲ?"
ဖူမင်ယယ်က ပြက်လုံးတစ်ခုကိုကြားလိုက်ရသလိုတုန့်ပြန်သည်။ သူက သူ့ဓားနှင့်ချီပိုင်ချာ၏ ဓားကိုခုခံကာ ပြန်ငေါ့သည်။ "ဆိုးယုတ်ခြင်းနတ်ဘုရားဆိုတာ ဆိုးယုတ်တဲ့အတွေူတွေကို ကျေနပ်စေဖို့ပဲမဟုတ်ဘူးလား? နှင်းနတ်ဘုရားရဲ့တာ၀န်က နှင်းကျစေဖို့ပဲ မဟုတ်ဘူးလား? ဘယ်ဉပဒေကမှ နတ်တွေမှာ ကမ္ဘာကြီးကိုကာကွယ်ဖို့တို့ ယိုပေါက်တွေကိုပိတ်ဖို့ တာဝန်ရှိတယ်လို့ပြဌာန်းမထားဘူး။ မင်းဟာမင်း တာဝန်တွေတအားယူချင်လွန်းလို့ ယူနေတဲ့ကိစ္စမှာ ငါ့ကိုဆွဲမထည့်နဲ့"

"ကမ္ဘာကြီးပျက်သွားရင် နတ်တွေရော သေကြမှာပဲ။ မင်းကတခြားလူတွေကိုကျ လျစ်လျူရှုပြီးမင်းဟာမင်းကျ ဂရုစိုက်တယ်ပေါ့"
ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် နှင်းနတ်ဘုရားနှစ်ဉီးသားသည် တစ်ဉီးကကောင်းကာတစ်ဉီးက ဆိုးသည်။ ချီပိုင်ချာက စကားအများကြီးပြောကာ အချိန်ကုန်မခံတော့ပေ။ သူ့လက်ထဲကစွမ်းအားကိသုံးပြီး ဖူမင်ယယ်၏ ဓားကိုယူလိုက်သည်။

"ငါအဲ့ဒါမျိုးတွေမတွေးမိဘူး။ ပျက်စရာရှိတာပျက်ပြီး ဘယ်သူရှင်ရှင်ဂရုမစိုက်ဘူး" ဖူမင်ယယ်က တကယ်လည်းထိုသို့တွေးသည်။

သူက ချီပိုင်ချာ့ကို မြေပေါ်တွင်ဖိထားလိုက်သည်။ ဓားကိုထပ်သာဖိချလိုက်လျှင် ချီပိုင်ချာ့လည်ပင်းသွေးထွက်လောက်သည်။
"အခုတော့ ငါ့မှာကာကွယ်ရမယ့်သူရှိလာပြီ။ ငါမသေချင်တော့ဘူး။ ကဲ နှင်းနတ်ဘုရား မင်းအဲ့လောက် ကိုယ်ကျိုးမငဲ့ရင် အဲ့လောက် မေတ္တာတရားကြီးနေရင် မင်းလက်ထဲကရေဘူးကို ငါ့ဆီပေး"
ချီပိုင်ချာက သူ့ပေါ်တွင်ဖိထားသောသူကို ဒေါသတကြီးကြည့်လိုက်သည်။ "ဆိုးယုတ်ခြင်းနတ်ဘုရားက ကျင့်ဝတ်ကိုအတော်ခုတုံးလုပ်တတ်တာပဲ"

"ဉပဒေနနဲ့လွတ်နေတာက ကျင့်ဝတ်ပဲ။ ဉပဒေက နတ်တွေကို ကမ္ဘာကြီးကိုကာကွယ်ရမယ်လို့ပြဌာန်းမထားဘူး။ "
ဖူမင်ယယ်ကပြောရင်းဆိုရင်း သူ့ခါးကရေဘူးကိုယူဖို့ကြိူးစားသည်။

ချီပိုင်ချာ : "...."
ဒီဘဲကို စကားနှင့်ပြော၍မရမှန်း ချီပိုင်ချာသိလိုက်ပြီ။ သူတိုက်ခိုက်ဖို့ပဲရှိတော့သည်။
သူက ဓားဖြင့်ပြန်လှန်ကာ ဖူမင်ယယ်နောက်ဆုတ်သွားအောင်ကြိုးစားသည်။

ဖူမင်ယယ်က စကားပြောရင်းခုခံသည်။
"နှင်းနတ်ဘုရားက အရမ်းကိုကျင့်ဝတ်သိက္ခာတွေပြည့်စုံနေတော့တာပါပဲ။ ဒါပေမယ့် မင်းလည်း မင်းကောင်းကျိုးအတွက် လုပ်နေတာပါပဲ။ ငါထောက်ပြရင် မင်းရှက်သွားဉီးမယ်။"

ဆိုးယုတ်ခြင်းနတ်ဘုရားက အမှားကိုအမှန်ပြောင်းသွားအောင်လုပ်နိုင်သော သတ္တိရှိသည်။ ဘယ်သူအမှန်လဲဆိုတာသိသာနေတာတောင် နောက်ဆုံးတော့ချီပိုင်ချာအမှားဖြစ်အောင် လုပ်သွားသေးသည်။

ချီပိုင်ချာကတော့ ဒေါသထွက်လွန်းလို့ ပါးတွေတောင်ရဲနေကာ အေးစက်စွာပြောလိုက်သည်။ "အိုကေလေ ငါဝန်ခံတယ်။ ငါလည်းတစ်ကိုယ်ကောင်းတယ် ပြီးတော့ငါ့မှာကာကွယ်ရမယ့်သူလည်းရှိတယ်။ အဲ့ဒါကြောင့်မင်းကို ဒီရေဘူးမပေးနိုင်ဘူး။မင်း အသက်စမ်းရေကိုလိုချင်ရင်ကိုယ့်ဟာကိုယ် နတ်သူငယ်တောအုပ်ထဲသွားယူပါလား ငါ့အချိန်တွေကို လာဖြုန်းမနေနဲ့"

ဖူမင်ယယ်တွင်လည်း အကြောင်းပြချက်ကောင်းရှိသည်။ "ငါလည်းအလျင်လိုနေလို့ပေါ့ကွ"

"ဟ တိုက်ခိုက်တာက ပိုကြာမှန်းမင်းမတွေးမိဘူးလား?"
ချီပိုင်ချာဒီလောက်စိတ်မတိုရတာတောင်ကြာပြီ။ အချိန်က အသက်ပင်။ သူတစ်စက္ကန့်နောက်ကျသွားလျှင် သူ့ကမ္ဘာမှာ အချိန်ဘယ်လောက်ကုန်သွားလဲဆိုတာကိုတော့ ဘုရားပဲသိမည်။

ဖူမင်ယယ်လည်းစိတ်မရှည်တော့ပေ။
"မင်းဒီလောက်အားကောင်းမယ်လို့ဘယ်သူက ထင်မှာလဲကွ!" သူတစ်ချက်လောက်ရိုက်လိုက်ရုံနှင့်ပွဲပြီးလိမ့်မည်ဟုထင်သည့်ကိစ္စ က အချိန်အကြာကြီးတိုက်ခိုက်နေရသည်။

သူက ငတုံးနတ်သူငယ်ကို အသက်စမ်းရေနှင့်အတူ တခြားကမ္ဘာကိုခုန်ချဖို့ ကာကွယ်သလိုဖြစ်နေပြီမလား?

ဒီလိုတွေဘာကြောင့်ဖြစ်ရလဲဆိုတာကိုတော့ ဘုရားသာ သိလိမ့်မည်။

ချီပိုင်ချာပို၍ ဒေါသထွက်လာသည်။
"မင်းက ဒါအတွက်လည်းငါ့ကိုအပြစ်တင်ပြန်တာပဲလား?"
နတ်ဘုရားနှစ်ပါး၏ တစ်ဉီးအပေါ်တစ်ဉီးမြင်သေ ပထမဆုံးအမြင်က ရေစုံမျောလေပြီ။

ဖူမင်ယယ်က ချီပိုင်ချာပျောက်သွားသည်မို့ ရူးမတတ်စိတ်ပူနေကာ ချီပိုင်ချာကလည်း မစ္စတာဖူစောင့်နေမှာကိုတွေးပြီးစိုးရိ်မ်နေသည်။ နှစ်ဉီးစလုံး၏အကြောင်းပြချက်တွေက ကျိုးကြောင်းခိုင်လုံနေသည်မို့ အသေအကြေတိုက်နေကြသည်။

ချီပိုင်ချာကတော့ဒါမျိုးကြီးဆက်လုပ်မနေချင်တော့ပေ။ သူအိမ်ပြန်ချင်လှပြီ။

ချီပိုင်ချာ၏အတွေးကို နတ်ဘုရားတွေကြာသွားသည်ထင်။ နှစ်ဉီးသား အသားကုန်ချနေစဉ်မှာပင် ကောင်းကင်ပေါ်က လေနတ်သူငယ်တစ်ယောက်ဆင်းလာကာ ဖူမင်ယယ်၏ လက်နက်ကို အောက်ကျအောင်ရိုက်ချလိုက်ပြီး သူ့လမ်းကိုပိတ်လိုက်သည်။

ချီပိုင်ချာကတော့ အလျှင်အမြန်ပဲ တုံ့ပြန်ကာ အက်ကြောင်းထဲသို့ ခုန်ချသွားတော့သည်။

ဖူမင်ယယ်လည်းသူ့နောက်သို့လိုက်သေးသည်။ သို့သော် ချာချာက ဒီကမ္ဘာထဲမှာပဲရှိနေသေးတာမို့ အရေးကြီးတာကို အရင်လုပ်ရမည်။

သူက ကောင်ကင်မှကျလာသည့် နတိသူငယ်ကို ခံစားချက်မဲ့စွာကြည့်နေကာ လူသတ်တော့မည့်
မျက်လုံးတွေနှင့်ကြည့်လာသည်။ "မင်းက ဘယ်ကကျလာရတာလဲကွ!"

"....."

နတ်သူငယ်က သူ့အတောင်တွေကိုသိမ်းလိုက်သည်။

"ကျွန်တော်က ဒီကမ္ဘာရဲ့နတ်ဘုရားပါ"
သူက ညင်သာစွာပြုံးပြလိုက်သည်။
"အသင်ကရော ဘာနတ်ဘုရားပါလိမ့်"

ကမ္ဘာ၄၉၃၏ နတ်ဘုရားတွေကြားဆက်ဆံရေးကအတော်လေးကိုဖရိုဖရဲနိုင်သည်။

အတိုချုံးပြောရလျှင် လေးပွင့်ဆိုင်အချစ်ဖြစ်သည်။

နတ်သူငယ်နတ်ဘုရားက ဒီကမ္ဘာ၏ အချစ်ခံလေးဖြစ်သည်။ နတ်ဘုရားသုံးပါးကလည်း သူ့ကိုကြိုက်သည်။ သူ့ကြောင့်ပဲ ဗန်ပိုင်းယားနတ်ဘုရားက သူဖန်ဆင်းသည့် အကာအကွယ်စည်းကို ဘာစောဒကမှမတက်ခဲ့သလို လူပုလေးနတ်ဘုရာကလည်းနတ်သူငယ်တွေကို ကာကွယ်ပေးခဲ့သည်။ အလားတူပင် ရေနတ်ဘုရားကလည်း သူ့ကိုအတော်လေးသဘောကျသညိ။

နတ်သူငယ်နတ်ဘုရားကတော့ဘယ်သူ့ကိုမှမချစ်ပေ။ သူက သဘာ၀တရားကိုသာချစ်သည်။ ထိုအရာက သူ့လိုပဲဖြူစင်သည်။
စက္ကူဖြူတစ်ရွက်လို ဘယ်လိုခံစားချက်ရှုပ်ရှုပ်ထွေးထွေးကိုမှ သူနားမလည်ပေ။
နတ်ဘုရားသုံးပါးက ဘယ်သူကမှ ဖွင့်ဟဝန်ခံခြင်းမျိုးမရှိဘဲ သူ့ကို ရိုးသားဖြူစင်စွာစောင့်ရှောက်ကြမယ်ဟု သဘောတူခဲ့ကြသည်။ သို့သော်လည်း ရေနတ်ဘုရားက အ‌ရွေ့တစ်ခုကိုပြုလုပ်လိုက်သည်။ သူက သမုဒ္ဒရာအောက်ရှိသူ့နန်း‌တော်၏မောင်းမ‌ဆောင်အကြောင်းကိုတွေးကာ ဒီကမ္ဘာမှာလည်း သူက အသန်မာဆုံးဖြစ်သည်မို့ လူပုနတ်ဘုရားနှင့် ဗန်ပိုင်းယားနတ်ဘုရားတို့၏စကားကိုတွေးစရာမလိုဘူးဟုထင်ခဲ့သည်။ အခွင့်အရေးဆိုတာ ဉီးသူရစတမ်းဖြစ်သည်။

ရေနတ်ဘုရားက EQအတော်လေးနိမ့်သည်။ အင်အားကြီးသူတစ်ယောက်အနေနှင့် ဘယ်လိုဖျက်စီးရမလဲဆိုတာပဲသိသည်။ သူက နတ်သူငယ်နတ်ဘုရားကို အတင်းအဓမ္မသိမ်းပိုက်ဖို့ကြံသည်။ ပထမဆုံးသူ၏ခြေလှမ်းက မြေပေါ်ကို သိမ်းဖို့ဖြစ်သည်။

ထိုအရာက တခြားနတ်ဘုရားတွေကိုဒေါသထွက်သွားစေသဖြင့် သူတို့သုံးယောက်ပေါင်းပြီးရေနတ်ဘုရားကိုတိုက်သည်။ နတ်ဘုရားလေးပါးတိုက်ခိုက်မှုကြောင့်အားနည်းသည့်ပင်ဘယ်ကြမ်းပြင်သည်မခံနိုင်တော့ဘဲ နတ်စွမ်းအင်များ၏ဒဏ်ကို အလူးအလဲခံရတော့သည်။ထို့ကြောင့်ကြီးမားသော အသူရာချောက်နက်ကြီးပေါ်လာကာ သူတို့လေးပါးလုံး တစ်ခြားကမ္ဘာသို့ရောက်သွားကြတော့သည်။

အခက်အခဲအတော်များများကိုကျော်ဖြတ်ခဲ့ပြီးမှ အိမ်ပြန်ဖို့လမ်းကို သူတို့ရှာတွေ့ခဲ့ကြခြင်းဖြစ်သည်။

အိမ်အပြန်လမ်းမှာမှ ကျန်သည့်နတ်ဘုရားသုံးပါးက သူ့ကိုကြိုက်နေမှန်း နတ်သူငယ််နတ်ဘုရားက သိတော့သည်။ အဆုံးတွင်တော့ သူက ဗန်ပိုင်းယားနတ်ဘုရားနှင့် ချစ်ကြိုးသွယ်မိတော့သည်။ လူပု‌နတ်ဘုရားကနောက်ဆုတ်ခဲ့ပြီး ရေနတ်ဘုရားက သူအပြစ်ကြီးလုပ်မိသည်ဟုဆိုကာ တိုက်ပွဲထဲမှထွက်ခဲ့သည်။

လေးဦးသားက ကမ္ဘာ၉၉၉၏ ယိုပေါက်ကို ရှာတွေ့ခဲ့ကြသည်။ သူတို့ပြန်ခုန်ဆင်းလာတော့ စီးကြောင်းတွေကြောင့် တစ်ကွဲတစ်ပြားဖြစ်ကာ နတ်သူငယ်နတ်ဘုရားတစ်ယောက်ပဲ အက်ကြောင်းအနီးသို့ပြန်ရောက်လာခြင်းဖြစ်သည်။

ဖူမင်ယယ်ကတော့ လှပသော နတ်သူငယ်ကိုကြည့်ကာ သူဘယ်လို မေရီဆူးဝတ္ထုကိုကိုင်ထားသလဲဟု တွေးနေမိတော့သည်။

တခြားကမ္ဘာက နတ်ဘုရားတွေကတော့ မင်းကိုငါချစ်တယ် ငါ့ကိုမင်းပြန်ချစ်တွေလုပ်နေကြသော်လည်း သူနှင့်နှင်းနတ်ဘုရားကတော့ တစ်ယောက်နှင့်တစ်ယောက်အမြင်စောင်းနေကြသည်။

သူတို့တစ်ခါလေးတွေ့ဖူးတာ‌တောင် အတော်လေး မျက်စိဆံပင်မွှေးစူးနေကြသည်။

“ခင်ဗျားက ကမ္ဘာ၉၉၉ရဲ့ ဆိုးယုတ်ခြင်းနတ်ဘုရားဖြစ်ရမယ်။ တွေ့ရတာဝမ်းသာပါတယ်ဗျာ။ ကျွန်တော်တို့ ခင်ဗျားရဲ့ကမ္ဘာထဲကိုကျသွားခဲ့တာ။ ခင်ဗျားနဲ့ နှင်းနတ်ဘုရားဆီကို မက်ဆေ့ပို့ပါသေးတယ်။ လိုင်းကြောင့်ထင်တယ်။ မရောက်ဘူး။ နတ်ဘုရားအရှင်ဆီပို့တော့လည်း သူကနေ့တိုင်းအလုပ်ရှုပ်နေတာဆို‌တော့ အကြောင်းမပြန်ဘူး။ ကံကောင်းချင်တော့ ယိုပေါက်ကို ကိုယ့်ဖာသာပြန်ရှာတွေ့ခဲ့ကြလို့ ပြန်လာလို့ရတာ။” နတ်ဘုရားနတ်သူငယ်က ပြောသည်။ “နတ်ဘုရားတို့နားလို့ရပါပြီ။ ယိုပေါက်က ကျွန်တော်တို့ကြောင့်ဖြစ်လာတာဆိုတော့ ကျွန်တော်တို့ တာဝန်ပါ။ ဒုက္ခဖြစ်စေလို့ တောင်းပန်ပါတယ်ဗျာ”

“တောင်းပန်စရာမလိုပါဘူး။ ကျွန်တော့်ကို ကိစ္စနှစ်ခုပဲလုပ်ပေးပါ”

“ဘာလဲဗျ” နတ်သူငယ်နတ်ဘုရားကမေးသည်။

“လူတစ်ယောက်ကိုရှာပေးပါ” ဖူမင်ယယ်က ခေါင်းကိုငုံ့ထားသည်။ “ကျွန်တော့်ချစ်သူက မတော်တဆ ဒီကမ္ဘာကိုဆွဲခေါ်ခံလာရတယ်။ ကျွန်တော်သူ့ကိုတစ်ချိန်လုံးရှာနေတာ”

"ပြဿနာမရှိပါဘူး။ ခင်ဗျားချစ်သူရဲ့ကိုယ်ပိုင်ပစ္စည်းတစ်ခုခုများ ရှိလား? ဉပမာ ဆံပင်တို့ ခန္ဓာကိုယ်နဲ့ပတ်သတ်တာတစ်ခုခုပေါ့။ အဲ့ဒါဆို ကျွန်တော်ရှာပေးလို့ရတယ်"
နတ်သူငယ်နတ်ဘုရားက အတော်လေးနူးညွ့ကာ လူသားနှင့် နတ်ဘုရားကြားက အပိုင်းအခြားကိုလည်း မမေးပေ။ ဒီကမ္ဘာ၏ အချစ်တော်လေးဖြစ်နေသည်မှာမဆန်းတော့။

သို့သော်ဖူမင်ယယ်၏ မျက်လုံးထဲတွင်တော့ နတ်ဘုရားအနေနှင်သြာမြင်ကာ ဖူမင်ယယ်၏ ကမ္ဘာကြီးတစ်ခုလုံးကိူတော့ ချီပိုင်ချာကသာ ပိုင်စိုးသည္။

"ရှိတယ်" ဖူမင်ယယ်က ဆံပင်တစ်ချောင်းကိုထုတ်လာသည်။

ရှေးယခင်က လူသားတွေတွင် လက်ထပ်သည့်အချိန်၌ ဆံပင်ချင်းလဲသည့်ဓလေ့ရှိကြသည်။ သူလညိးချီပိုင်ချာ၏ ဆံပင်ကိုယူထားခဲ့၏။ သူတို့အသက်တွေကြီးလာလျှင် နက်မှောင်သောဆံပင်တွေကိုပြန်ကြည့်ရသည်မှာ အဓိပ္ပါယ်ရှိသည်ဟု သူထင်သည်။

နတ်သူငယ်နတ်ဘုရားက ဆံပင်ကိုယူကာ မျက်လုံးကိုမှိတ်ထားပြီး သေချာကြည့်ရှုနေသည်။ ထို့နောက်မျက်လုံးကိုဖွင့်ကာပြော၏။ "အရှင် မှားများမှားသလား။ ကျွန်တော်သူ့အငွေ့အသက်ကို မခံစားရဘူး။ ဒီကမ္ဘာမှာမရှိဘူးထင်တယ်"

ဖူမင်ယယ် ရင်ထိတ်သွားသည်။သူ့အသံတွေလေးသွားကာ "ဒီကမ္ဘာမှာမရှိဘူးဆိုတော့တစ်ခုခုများဖြစ်နေလို့လား?"

"မဟုတ်ပါဘူး" နတ်သူငယ်နတ်ဘုရားကခေါင်းခါသည်။ သေသွားရင်တောင် သူ့အငွေ့အသက်ကို ကျွန်တော်ခံစားရဉီးမှာ။ အခုက သူဒီကမ္ဘာမှာကိုမရှိတာ။"

ဖူမင်ယယ် အခုမှသက်ပြင်းချနိုင်သည်။

ကြည့်ရာ အစကတည်းက သူမှားနေတာဖြစ်နိုင်သည်။ ဟုတ်တယ် အစကတည်းက ဒါကခန့်မှန်းချက်တစ်ခုပဲ။ ရေဘဝဲမိစ္ဆာက ချာချာ့ကို ခေါ်သွားသည်ဟုထင်မိသော်လည်း သက်သေကမရှိပေ။

ဖြစ်နိုင်တာက သူချာချာ့ကိုရေထဲသွားရှာနေသညိ့အချိန်တွင် ချာချာက ကမ်းစပ်ကိုပြန်တက်သွားတာဖြစ်နိုင်သည်။ ထူးဆန်းသောအခြေအနေကြောင့် လွဲကုန်ခြင်းဖြစ်မည်။

"နောက်ထပ်ကူညီပေးစရာများရှိသေးသလား"
နတ်သူငယ်နတ်ဘုရားကမေးလိုက်သည်။

ဖူမင်ယယ်တစ်ယောက် ဂယောက်ဂယက်အတွေးများထဲမှထွက်လာခဲ့သည်။

"ကျွန်တော်အသက်စမ်းရေတစ်ဘူးလိုချင်တယ်"

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့်လက်ထပ်ပြီးနောက် (Book 2)Where stories live. Discover now