Chapter -18

2K 170 38
                                    

အ​ခြေအ​နေကပန်းနု​ရောင်သန်း​နေသည့် အချိန်မျိုးဟုသုံးနှုန်းသင့်လား​တော့​မသိ​ချေ။
​ရှောင်းကျန့်ရဲ့နှုတ်ခမ်းတစ်စုံဟာစစ်သူကြီးဝမ်ဆီက ပူထူ​နေ​အောင်အနမ်းခံ​နေရသည်​။

သန်မာ​တောင့်တင်းတဲ့ရင်အုပ်ကိုလက်နဲ့တွန်းဖယ်လိုက်​ပေမဲ့ နံရံကြီးကိုတွန်းရသလိုသူ့အား​တွေဟာအရာမထင်ပါ​ချေ။
လူကြီးဟာသူ့နှုတ်ခမ်း​တွေကိုဆွဲယူပြီး.လျှာနဲ့ကစားသည်။
လည်တိုင်​ကျော့​ကျော့ကိုပင့်​မောထားတာ​​
​ကြောင့်​ရှောင်းကျန့်လည်တိုင်​ဖွေး​ဖွေးဟာလဲခပ်​ကျော့​ကျော့​လေးဖြစ်​နေ​ပေသည်​။

အသက်ရှုရခက်လာတာ​ကြောင့် ရင်ဘက်ကိုလက်နဲ့တွန်းထုတ်လိုက်​​သော်လည်း လူကြီးဟာသူ့လက်​ကောက်ဝတ်​လေးက​နေဆုပ်ကိုင်လာကာ သဲကြီးမဲကြီးနမ်းသည်။
မခံနိုင်​တော့တဲ့အဆုံး ​ရှောင်းကျန့်​နောက်လှန်ချ​လိုက်​တော့လဲ ကုတင်​ပေါ်ထပ်ရက်သားပြုတ်ကျသည့်အထိပင်။

"အင့်..လူ..လူကြီး.."

ဒါလဲလူကြီးဟာအလွတ်မ​ပေးပါ​ချေ။
ရုန်းကန်ဖို့ပြင်လာတဲ့သူ့လက်​လေး​တွေကိုလဲချုပ်ကိုင်ထားသည်။

"အ..အသက်ရှုရ. .အင့်. ခက်လို့..."

"ဟားးး..."

​ရှောင်းကျန့်​ပြောမှနှုတ်ခမ်း​တွေကိုလွှတ်​ပေးလာသည်။
လူကြီးကသူ့ကိုလုံးလုံးလျားလျားမလွှတ်​ပေးပဲနဖူးချင်းထိကပ်​နေဆဲပင်။သူတို့နှုတ်ခမ်း​တွေမှ ​​ငွေမျှင်​ရောင်အမျှင်​တန်း​လေးဟာလည်း နှုတ်ခမ်း​တွေမှာထိစပ်​နေသည်။
အသက်ကိုအလုအယက်ရှုရင်း ရှက်ရွံ့မှု​ကြောင့်​ရှောင်းကျန့်မျက်နှာ​လေးကနီ​စွေး​နေသည်။

လူကြီးက​တော့ သူနဲ့နှာဖူးချင်းထိရင်း အ​မော​ဖြေ​နေသည့်သူ့မျက်ဝန်း​တွေကိုစူးစိုက်ကြည့်​နေဆဲ။မခံနိုင်စွာ သူမျက်လုံးလွှဲမိ​တော့..လူကြီးကဟက်ခနဲရယ်သည်။

"ဘာဖြစ်တာလဲ.က​လေးငယ်.."

"ဘာ..ဘာကိုလဲ..."

"ကိုယ့်ကိုကြည့်ပါဦး.."

"ဟင့်အင်း.."

မျက်လွှာချထားရင်း​ရှောင်းကျန့်ကငြင်းဆန်သည်။လူကြီးကသ​ဘောတကျရယ်ရင်း သူ့မျက်ခွံ​တွေကိုဖိကပ်နမ်းလာသည်။
ပြီး​တော့သူ့မျက်နှာနုနုကိုလဲလက်ဖဝါးကြီးနဲ့ပွတ်သပ်လာကာ

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now