_A_

632 50 1
                                    

တီတီတီ တီတီတီ!!!

ခုတင်ဘေးစားပွဲပေါ်က နှိုးစက်နာရီရဲ့ ဘယ်နှကြိမ်မြောက်မှန်းမသိတော့သော မြည်သံအဆုံးမှာ Joshua တစ်ယောက်လူးလွန့်၍နိုးလာသည်။ အိပ်ချင်မူးတူးမျက်လုံးများဖြင့် နာရီကိုလှမ်းကြည့်လိုက်တော့ ၈နာရီ ၅၅မိနစ်ပင်ရှိနေပြီဖြစ်သည်မို့ အိပ်ချင်စိတ်များပျောက်ကွယ်ကာ မျက်လုံးများကျယ်လာရသည်။

"Shit!! ဒီနေ့လည်းနောက်ကျပြန်ပြီ Joshua ရေ Joshua နေ့တိုင်းဒီလိုအိပ်နေလို့ဘယ်လိုလုပ်မလဲ အားးးး!!"

အိပ်ယာမှဝုန်းဒိုင်းကြဲထကာ ပါးစပ်မှလည်း ကိုယ့်ကိုယ်ကိုယ် ပွစိပွစိပြောလျက် ရေချိုးခန်းထဲကိုအပြေးအလွှားဝင်သွားတော့သည်။ ကမန်းကတန်းဖြင့်ရေချိုးခန်းထဲဝင်သွားပြီး ၁၀မိနစ်ပင်မကြာလိုက် ခါးအောက်ပိုင်းကို တဘက်တစ်ထည်ဖြင့်ပတ်ကာ အလျင်အမြန်ပြန်ထွက်လာပြီး အဝတ်ဘီရိုဖွင့်၍ မျက်စိရှေ့တွေ့တဲ့အဝတ်ကိုကောက်ယူဝတ်လိုက်သည်။ ထို့နောက်မှန်ကြည့်ကာ skin care တစ်ခုနှစ်ခုလိမ်းပြီး ဆံပင်ကိုလက်ဖြင့် သုံးလေးချက်လောက်သပ်လိုက်သည်။

"အင်းး ဒီနေ့လည်း ငါအရမ်းချောတယ် good!"

မှန်ကြည့်ကာ ကိုယ့်ကိုယ်ကိုယ်အမွှန်းတင်ချီးကျူးပြီးနောက် စားပွဲပေါ်တင်ထားသည့် laptop ထည့်ထားသောအိတ်ကိုဆွဲကာ နေ့တိုင်းနောက်ကျတတ်လွန်း၍ ပြုတ်စော်နံနေသည့် တစ်ခုတည်းသော အလုပ်ရှိရာသို့ အသည်းအသန်ပြေးရသည်။ အိမ်နှင့်ရုံးမှာ လမ်းလျှောက်ရင်တောင် နာရီဝက်လောက်သာကြာပြီး အင်မတန်နီးလို့သာတော်တော့သည်။

Joshua တစ်ယောက် သူ့ရဲ့မနက်ခင်းတွေ အခုလိုပုံစံမျိုးဖြင့်စတင်နေသည်မှာ လွန်ခဲ့တဲ့၂နှစ်​ကျော်လောက်ကတည်းကပင်။ လွန်ခဲ့တဲ့ ၂နှစ်မတိုင်ခင်အချိန်တွေတုန်းက Joshua သည် အခုလိုမဟုတ်ပဲ အချိန်ကိုအလွန်လေးစားကာ တည်ငြိမ်သည့်လူတစ်ယောက်ဖြစ်ခဲ့သည်။ အခုချိန်မှာတော့ အရင်က Joshua သည် လူစားလဲခံလိုက်ရသလိုမျိုး တခြားလူတစ်ယောက်ကဲ့သို့ပြောင်းလဲသွားသည်။

အခုလိုမျိုး Joshua ရဲ့ပြောင်းလဲသွားပုံကိုတော့ Joshua အိမ်ကနေပြေးထွက်လာကတည်းက Joshua ရဲ့နောက်ကနေ ဖြည်းဖြည်းချင်းကပ်လိုက်နေသော ကားထဲကကောင်လေးသည်လည်း အံ့သြလျက်ရှိသည်။ ရုံးနောက်ကျနေသည့် shua ကတော့ သူ့နောက်ကနေ ကားတစ်စီးလုံးကပ်လိုက်နေသည်ကိုပင် လုံးဝမှသတိမထားမိပဲ ရုံးထဲသို့ပြေးဝင်သွားတော့သည်။

On a Rainy Day, I Met My Beloved Ex Again!!Where stories live. Discover now