_C_

297 43 3
                                    

Shua တစ်ယောက် သူ့ရှေ့မှာရပ်ပြီး အကြည့်တစ်ချက်မလွှဲဘဲစိုက်ကြည့်နေတဲ့ Seokmin ရဲ့စူးရဲတဲ့အကြည့်တွေကြောင့် အနေခက်လာကာ အငွေ့ပျံပြီးပါပျောက်ကွယ်သွားချင်နေမိသည်။

မနက်ရုံးသွားဖို့အိမ်ကအထွက်မှာ အိမ်ရှေ့မှာစောင့်နေတဲ့ Seokmin နဲ့တွေ့ပြီး Shua တို့အိမ်နားကရပ်ကွက်ပန်းခြံလေးတစ်ခုကို ပါလာခြင်းဖြစ်ပြီး ရောက်ကတည်းက စကားတစ်ခွန်းမှမပြောပဲ လွှဲဒန်းလေးတစ်ခုပေါ်ထိုင်နေသည့် Shua ကိုသာစိုက်ကြည့်နေသည်။

"ဟို.. Seok..Seokmin စကားပြောမယ်ဆိုပြီးခေါ်လာပြီးတော့ ဒီလိုမျိုးကြီး ဘယ်ချိန်ထိကိုယ့်ကိုကြည့်နေမှာလဲဟင်"

နောက်ဆုံး နေရထိုင်ရတာ တော်တော်လေးမသက်မသာဖြစ်လာတာမို့ ထုတ်မေးလိုက်တော့သည်။

"တစ်သက်လုံး ထိုင်ကြည့်နေချင်တယ်ဆိုရင်ရော..!"

"Seokmin.."

"ကျစ်!!"

Seokmin ကမကျေနပ်သလို စုတ်သပ်လိုက်တာမို့ ဘာမှားသွားလို့လဲဆိုသောပုံစံဖြင့် Shua မျက်လုံးလှန်ကြည့်လိုက်မိသည်။

"မောင်!"

"ဟင်.."

"မောင်လို့ခေါ် Seokmin Seokmin နဲ့ ဘယ်သူက နာမည်ခေါ်ခိုင်းနေလို့လဲ"

~ဟမ့် မနေ့ကယောင်ပြီးခေါ်မိတာကျတော့ မကြိုက်သလို လူကိုမျက်ခုံးကြီးပင့်ပြီးကြည့်သွားပြီးတော့..~

Shua ရုတ်တရက်ဝင်လာသည့်အတွေးတွေကိုတော့ ထုတ်မပြောမိစေရန် ထိန်းထားလိုက်ပြီး..

"မဟုတ်သေးဘူးလေ.. Seokmin မလို့ Seokmin လို့ခေါ်တာလေ ပြီးတော့ Seokmin ခေါ်ခိုင်းသလိုခေါ်ဖို့ကကျတော့ ကိုယ်တို့နှစ်ယောက်ကြားမှာအဆင်မပြေ..."

"Josh!!..ဘာတွေဖြစ်နေတာလဲ ကျွန်တော် Josh ကိုတကယ်နားမလည်နိုင်တော့ဘူး အရင်ကအကြောင်းအရင်းမရှိထားခဲ့တာလည်း နားမလည်ဘူး.. ခု မနေနိုင်တဲ့ဒီလူကပဲ ပြန်လာတော့ ခင်ဗျားကတွန်းထုတ်ချင်နေပြန်တယ် ကျွန်တော်ဘာလုပ်ရတော့မှာလဲ ဟမ်!! ကျွန်တော် ခင်ဗျားနဲ့ဝေးနေရတာ အဆင်ပြေတယ်များထင်နေတာလား.."

Shua ရဲ့စကားပင်မဆုံးသေးခင် ဖြတ်ပြောလာတဲ့စကားတွေထဲမှာ ပါလာတဲ့မရင်းနှီးစိမ်းသက်နေတဲ့ အသုံးအနှုန်းအခေါ်အဝေါ်တွေက နားထဲကိုကန့်လန့်ဝင်လာသည်။

On a Rainy Day, I Met My Beloved Ex Again!!Where stories live. Discover now