_E_

272 35 3
                                    

တီတီ တီတီတီ!!

စားပွဲပေါ်က နှိုးစက်နာရီရဲ့ပထမဆုံးမြည်သံမှာတင် Seokmin ကနိုးလာပြီးနှိုးစက်ကိုပိတ်လိုက်ကာ အချိန်ကိုကြည့်လိုက်တော့ ၆နာရီခွဲသာရှိသေးသည်။ Seokmin တစ်ယောက် သူ့ရဲ့လက်မောင်းကိုခေါင်းအုံးကာ သူ့ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ Shua ကို ပြုံး၍ကြည့်ပြီး မနက်ခင်းတွေမှာ ကိုယ်ချစ်ရတဲ့သူရဲ့မျက်နှာလေးကိုကြည့်ပြီးနိုးထရတဲ့ အရသာလောက်ကောင်းတာမရှိနိုင်တော့ဟုတွေးရင်း Shua ရဲ့နဖူးလေးကိုငုံ့နမ်းလိုက်သည်။ ထို့နောက် Shua မနိုးအောင် Shua ရဲ့ခေါင်းကို အသာလေးမရင်း ခေါင်းအုံးပေါ်ပြောင်းတင်ပေးခဲ့ကာ အိပ်ယာမှထလာပြီး ရေချိုးခန်းဝင်ကာ မျက်နှာသစ်သွားတိုက်ပြုလုပ်ပြီးနောက် မနက်စာပြင်ရန်မီးဖိုခန်းထဲသို့ဝင်လာသည်။

မီးဖိုခန်းထဲရောက်တော့ မနေ့က အပြင်မှာညစာထွက်စားရင်း ဝယ်ခဲ့သည့်ပစ္စည်းတွေကို နေရာအရင်ချလိုက်ပြီးနောက် ထမင်းချက်ဖို့ပြင်လိုက်သည်။ ကင်မ်ချီထမင်းကြော်​ ကြော်မည်တွေးကာဆန်ဆေးပြီးထမင်းအိုးတည်ထားတုန်း ထမင်းကြော်ထဲ ထည့်ရမည့်လိုအပ်သည့် ပစ္စည်းတွေကိုပြင်ဆင်နေလိုက်သည်။

"မောင် ဘာလို့အစောကြီးထနေတာလဲ"

Seokmin ထမင်းကြော်ကို မွှေနေတုန်း နောက်ဘက်ကနေ Shua ရဲ့အိပ်ချင်မူးတူးအသံလေးနဲ့အတူ Shua ရဲ့လက်တွေက Seokmin ရဲ့ခါးကိုဖက်တွယ်လာတာကိုတွေ့ရပြီး နောက်ကျောပေါ်မေးလေးတင်ထားသည်ကိုပါ ခံစားမိတာကြောင့် ပြုံးလိုက်ပြီး..

"မောင့်သည်းသည်းလေးနိုးလာပြီလား.. မောင်က မနက်စာပြင်ပေးချင်လို့ အစောကြီးထလာတာအချစ်ရဲ့.. နည်းနည်းထပ်အိပ်လို့ရသေးတာကို ဘာလို့ထွက်လာတာလဲရော.."

"ကိုယ်လည်းမသိဘူး ရုတ်တရက်နိုးလာတာကြီး.. မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန် မောင်မရှိတော့လန့်သွားတာပဲလေ.. အဲ့ဒါနဲ့ထွက်လာခဲ့လိုက်တာ"

"အိုက်ဂူးး Josh ကစောစောစီးစီး အချွဲလေးလုပ်ပြီး ချွဲနေတာပဲနော်.. ဖက်ထားတာ ခဏဖယ်ပေးဦးသည်းသည်းလေး မောင်ထမင်းကြော်တွေပန်းကန်ထဲပြောင်းထည့်လိုက်ဦးမယ်"

On a Rainy Day, I Met My Beloved Ex Again!!Where stories live. Discover now