_F_

260 33 0
                                    

အခုဆိုရင် Shua နဲ့ Seokmin တို့အတူတူနေနေသည်မှာ နှစ်လကျော် သုံးလနီးပါပင်ရှိသွားပြီဖြစ်သည်။ ဒီအတောအတွင်းမှာပင် Seokmin က Shua ရဲ့ ဘဝထဲကို တစ်စိတ်တစ်ပိုင်းဝင်ရောက်လာနေပြီဖြစ်သည်။

Shua အိပ်ခန်းထဲမှာ အဝတ်ဘီရို အသစ်တစ်လုံးတိုးလာပြီး အမေဖြစ်သူရဲ့ company မှာပင် အလုပ်ဝင်နေသည့် Seokmin အတွက် အလုပ်စားပွဲအသစ်တစ်လုံးလည်းတိုးလာခဲ့သည်။ အိမ်ပေါက်ဝမှာထားထားသည့် ဖိနပ်စင်အသေးလေးကိုလည်း နှစ်ယောက်လုံးရဲ့ဖိနပ်တွေတင်လို့ဆန့်သည့် ဖိနပ်စင်အကြီးတစ်ခုနဲ့လဲလိုက်ရပြီး အိမ်မှာရှိသည့်ပစ္စည်းတိုင်းကလည်း နှစ်စုံ၊ နှစ်ခုဆိုတာမျိုးတွေဖြစ်လာခဲ့ပြီ။ Seokmin ရောက်လာပြီးကတည်းက Shua ရဲ့ ရုံးတက်ချိန်တွေမှန်လာသလို Seokmin အလုပ်လုပ်သည့်အချိန်ကစလို့ Shua လည်းမနက်စောစောထတတ်လာပြီး မနက်ခင်းအလုပ်လေးတွေပိုလာခဲ့ပြီ။

"မောင် ရေချိုးတာကြာနေပြီ မြန်မြန်လုပ် ဒီနေ့ meeting ရှိတယ်ဆို နောက်ကျနေဦးမယ်"

"အခုပဲပြီးပါပြီဗျာ"

Shua ရေချိုးခန်းတံခါးခေါက်ကာပြောပြီးပြီးချင်းပဲ Seokmin က ရေချိုးခန်းထဲက ထွက်လာသည်။

"မောင်ရဲ့.. တဘက်လေးဘာလေးပတ်ပြီးမှ ထွက်လာပါလား.. ဘယ်လိုတောင် ဒီတိုင်းကြီးထွက်ချလာတာလဲ!!"

ရေချိုးခန်းထဲကနေ ဒီတိုင်းထွက်လာတဲ့ Seokmin ကိုမြင်တော့ Shua တစ်ယောက်ရှက်သွားကာ Seokmin ကိုကျောခိုင်းပြီး မျက်နှာလွှဲပစ်လိုက်ရသည်။ Seokmin ကတော့ နားရွက်တွေနီရဲသည်ထိရှက်နေတဲ့ Shua ကိုနောက်ကနေကြည့်ရင်း အရမ်းစချင်လာသည်။

"အယ်.. Josh က ခုထိရှက်နေတုန်းလား အခုဆိုရင် တစ်ယောက်နဲ့တစ်ယောက်မမြင်ဖူးတဲ့နေရာလည်းမရှိတော့ပဲနဲ့ကို.. နေပါဦး မောင်တို့ တစ်နေ့တုန်းကတောင်...."

"ဟ.. အဲ့ဒါကြီးကို စကားလုပ်ပြောနေစရာလား ပြီးတော့ အဲ့တုန်းကနဲ့ အခုနဲ့က တူမလား!! တော်ပြီ တော်ပြီ သွားတော့မယ် ဘာ necktie မှလည်းစီးမပေးနိုင်ဘူး ဝတ်ချင်တာဝတ်ပြီး  စီးချင်တဲ့ necktie သာစီးလာခဲ့! ဘယ်လိုတောင်အရှက်မရှိတဲ့လူလည်းမသိဘူး တကယ်ပါပဲ!!"

On a Rainy Day, I Met My Beloved Ex Again!!Where stories live. Discover now