_B_

312 50 19
                                    

Shua ရဲ့မနက်ခင်းတွေကတော့ ပုံမှန်အတိုင်း ဗရုတ်သုတ်ခဖြစ်ကာ အလွဲပေါင်းများစွာဖြင့် လည်ပတ်နေဆဲဖြစ်သည်။

📲 Sunday morning rain is falling
Steal some covers share some skin🎶

"ဟဲလို.."

"......"

"ဟဲလို ဘယ်သူပါလဲ"

"......"

"ဟ.. ဖုန်းခေါ်ပြီးရင်လည်း စကားတော့ပြော..  မေးစရာရှိတာမေး ဖုန်းမှားခေါ်တာဖြင့်လည်းပြောလေ လူလိုနားမလည်ဘူးလား .. အလကားနေ အားတိုင်းယားတိုင်းခေါ်မနေနဲ့!!"

ဒီနေ့လည်း အရင်နေ့တွေလို ရုံးနောက်ကျနေကာ အမောတကောပြေးလာရတာမို့ ရုံးရောက်ပြီးထိုင်ခုံမှာထိုင်ရင်း အမောဖြေနေတုန်း ဖုန်းလာတာကြောင့် ဖုန်းကိုင်လိုက်ပေမဲ့ တစ်ဖက်ကဘာအသံမှထွက်မလာပေ။ လူကအမောမပြေသေးတာမို့ ဖုန်းခေါ်ပြီး ဘာမှမပြောတဲ့တစ်ဖက် caller ကြောင့် စိတ်ပေါက်လာကာ ပြောချင်တာပြောပြီး ဖုန်းကိုချပစ်လိုက်သည်။

"ဟုတ်တယ်.. ဘာကောင်တွေမှန်းမသိဘူး! မင်းတို့နှစ်ယောက်ကရော ဘာကြည့်နေတာလဲ!!"

Shua တစ်ယောက်တည်းပွစိပွစိပြောနေရာမှ ဘေးက Jeonghan ရော မျက်နှာချင်းဆိုင်က Seungkwan ကပါ ပြူးကြည့်နေကြသည့်မို့ သူတို့ကိုပါပတ်စွာလိုက်သေးသည်။

"Shua မင်း.. အရင်တုန်းကလိုမျိုး ပြန်နေဖို့လုံးဝစိတ်ကူးမရှိတော့ဘူးလား မင်းဒီလိုမျိုးနေနေတာ သူသိရင်လည်းစိတ်မကောင်းဖြစ်နေမယ်ထင်တယ်"

"Hannie!"

အရင်က Shua တစ်ခွန်းစွာတာနဲ့ နှစ်ခွန်းပြန်ပက်တတ်သည့် Jeonghan က ဒီတစ်ခါအလေးအနက်ကြီးပြန်ပြောလာသည်။ Jeonghan ရဲ့စကားအဆုံး Seungcheol ရဲ့ဟန့်တားသံနဲ့အတူ  keyboard ပေါ်ပြေးလွှားနေသည့် Shua ရဲ့ လက်ချောင်းတွေက ရပ်တန့်သွားသည်။

"သူ.. သူသိမှာမဟုတ်ပါဘူး.. ဘာလို့လဲဆိုတော့ ဒီကြားထဲသူငါ့ကိုတစ်ခါမှအဆက်အသွယ်မလုပ်ခဲ့ဘူး.. ငါလည်းအများကြီးဆိုးသွမ်းအောင်နေတာမှမဟုတ်တာ အရင်ကသူ့ပုံစံလေးအတိုင်းလိုက်နေကြည့်တာပါ.. ပြီးတော့ အရင်က အရမ်းကိုတည်ငြိမ်သူကြီးလုပ်ခဲ့ပြီးပြီဆိုတော့ ခုလို ဂယက်လေးတွေနဲ့နေကြည့်တော့လည်း မဆိုးပါဘူး မင်းတို့မြင်ရတာသာမသက်သာတာ အရမ်းနေလို့ကောင်းတယ်ကွ ဟားဟား"

On a Rainy Day, I Met My Beloved Ex Again!!Donde viven las historias. Descúbrelo ahora