Chapter-1

416 16 4
                                    

​နေ့သာသည့်​နေ့တစ်​နေ့ဖြစ်သည်။
​နွေး​ထွေးတဲ့​နေ​ရောင်ခြည်​အောက်မှာ လူ​တွဟာပျားပန်းခတ်လှုပ်ရှားရင်း ​ခြေလှမ်း​တွေသွက်​နေကြသည်။​ခေတ်ကိုက၂၁ရာစုဆို​တော့ ​ခပ်​ဖြေး​ဖြေးသွားရင် ခပ်မြန်မြန်​ပြေး​နေတဲ့တိုးတက်ဖွံ့ဖြိုး​မှု​တွေ​အောက်မှာ​နောက်ကျကျန်ရစ်မှာစိုးရိမ်ရ​လေသည်။​

ဒါ​ကြောင့်လူ​တွေဟာ ​နေရာအသီးသီးမှာခပ်သွက်သွက်လှမ်းရင်းလှုပ်ရှား​နေကြရသည်။
ထိုသို့လှုပ်ရှား​မှု​တွေသည် "မင်္ဂလာပါ"ဟုအမည်ရသည့်မြန်မာထမင်းဆိုင်ကြီးအတွင်းမှာသည်လဲအပါအဝင်ဖြစ်သည်။

"မင်္ဂလာပါ"ဆိုင်ကြီးသည်၊ဆိုင်ကြီးဆိုင်​ကောင်းတစ်ခုဖြစ်ကာ airconပါဝင်ပြီး၊အဆင့်တန်းမြင့်တဲ့အထက်တန်းလွှာကလူ​တွေအတွက်သီးသန့်ဖွင့်လှစ်​ပေးထားသည့်ဆိုင်ကြီးဖြစ်သည်။ဆိုင်က​လေးထပ်ရှိကာ ဟိုတည်တမျှခန်းနားလှ​ပေသည်။
ဆိုင်အတွင်းအပြင်အဆင်က​လဲ အ​နောက်တိုင်းစတိုင်နှင့် မြန်မာ့ရိုးရာကျွန်းသစ်​တွေကိုသင့်သလိုပုံဖော်ကာအလှဆင်ထားသည်ထား​သေးသည်။ဆိုင်ထဲကိုဝင်လိုက်သည်နှင့် အဆင့်အတန်းမြင့်သည့်လူတစ်​ယောက်လို့စိတ်မှာဝင်​အောင်ပင်ဆိုင်၏ပြင်ဆင်မှုကခမ်းနားလှ​ပေသည်။

ဆိုင်ကြီးဆို​ပေမဲ့ လက်ရာကလဲ​ကောင်းလှသည်မို့လူကပြတ်လတ်သည်ဟူ၍မရှိပါ။ဆိုင်အတွင်းမှာနီညို​ရောင်ဝန်ထမ်းဝတ်စုံ​လေး​တွေကို​သေသပ်​အောင်ဝတ်ဆင်ပြီးဟိုသည်​ပြေးလွှား​နေသည့် ဆိုင်ဝန်ထမ်း​ကောင်​လေး​တွေလဲရှိ​လေသည်။

"စားပွဲနံပါတ် ၇ကအုန်းနို့​ခေါက်ဆွဲမှာထားတာ ရပါပြီ.."

​လေ​ပြေခွန်းညီ သည်အခုမှသန့်စင်ခန်းကပြန်လာတာဖြစ်ပြီး စို​နေသည့်လက်ကိုအမြန်သုတ်ကာ ရ​နေပြီဖြစ်တဲ့ အုန်းနို့​ခေါက်ဆွဲဗန်းကိုဆွဲယူကာ စားပွဲနံပါတ် ၇ကိုသွားလိုက်သည်။

"စိတ်​အေးချမ်းစွာ သုံး​ဆောင်ကြပါခင်ဗျာ လိုအပ်တာရှိရင် အချိန်မ​ရွေး​ပြောပါခင်ဗျာ"

လာစားသည့်သူကမိန်းက​လေးတစ်​ယောက်ဖြစ်သည်မို့ အသားဖြူဖြူအရပ်အသင့်အတင့်နှင့် မင်းသားရှုံး​အောင်​ချောတဲ့စားပွဲထိုး​လေးရဲ့အပြုံး​လေး​အောက်မှာ​မျောသွား​လေသည်။
ခွန်းညီက သူ့ကိုကြည့်​နေသည့်မိန်းက​လေးကိုပြုံးပြရင်း ​လူသစ်ဝင်လာသည့်​နောက်တစ်ဝိုင်းကို​လျှောက်သွားလိုက်သည်။

White ROSEWhere stories live. Discover now