Chapter-7

81 5 1
                                    

"ခွန်းညီ!.."

​ကျောင်း​ဆေးခန်ရဲ့တံခါးကခပ်ကြမ်းကြမ်းတွန်းဖွင့်ခံရပြီး ​ကျောပိုးအိတ်၂လုံးလွယ်ပြီးဝင်လာတဲ့သူကမင်းသစ်။ ကုတင်​​ပေါ်မှာထိုင်​နေတဲ့ခွန်းညီရဲ့​ခေါင်းက ပတ်တီးကိုမြင်​​တော့ မင်းသစ်ရဲ့မျက်နှာကပျက်သွားသည်။

"ဘယ်လိုဖြစ်ရတာလဲ.."

သူ​ဘေး​လျှောက်လာတဲ့မင်းသစ်က ခုံ​ပေါ်ထိုင်​နေသည့်မင်းရိုင်းကိုကြည့်ပြီး မျက်​​မှောင်ကြုတ်ကာမျက်နှာလွှဲသည်။

"မ​​တော်တဆ ဖြစ်သွားတာပါ..အရမ်းကြီးမကြီးပါဘူး မစိုးရိမ်နဲ့.."

"​ဆေး​ကော​သောက်ပြီးပြီလား."

"အွန်းပြီးပြီ..ငါ့ကိုဆရာဝန်က အပြင်​ဆေးခန်းက​ဆေးဝယ်ခိုင်းလိုက်တယ် ငါသွားမဝယ်နိုင်​တော့လို့ မင်းဝယ်​ပေးပါလား"

ဆရာဝန်​ပေးထားသည့်​ဆေးစာရွက်ကို ကမ်း​ပေးလိုက်​တော့ မင်းသစ်ကတစ်ချက်ကြည့်ပြီးခေါင်းငြိမ့်သည်။

"ဒါဆိုပြန်ကြမလား..​ကျောင်းလည်းဆင်းပြီ"

"​အေး..."

"ခင်ဗျားပဲအရင်ပြန်လိုက် ကျုပ်ခွန်းညီကို​ခေါ်သွားမလို့ "

မင်းရိုင်းရဲ့စကား​ကြောင့်ခွန်းညီက သူ့ကိုစိတ်ရှုပ်သလိုကြည့်လာသည်။

"ငါ့အခုအ​ခြေအ​နေနဲ့မင်း​နောက်ကိုလိုက်နိုင်ဦးမယ်ထင်လား? ငါနားချင်ပြီ"

မင်းရိုင်းရဲ့ပါးစပ်​တွေကတစ်ခုခုကို​ပြောချင်သလိုဖွင့်ဟလာ​သေးသည်။ ပြီးမှမျက်​မှောင်ကြီးကြုတ်ကာ ငြိမ်ကျသွားသည်။
သူကကုတင်​ပေါ်က​နေ​ဖြေး​ဖြေးချင်းဆင်း​နေတဲ့ခွန်းညီကိုစိတ်မရှည်သလိုရပ်ကြည့်​နေပြီး​နောက်ဆုံး ခွန်းညီနားလာကာ​​ပွေ့ချီလိုက်​လေသည်။

"မင်းဘာလုပ်တာလဲ.."

"​ပွေ့ချီတာ​လေမမြင်ဘူးလား ရုန်း​နေရင်း အ​စောတုန်းကလိုခင်ဗျားကိုပစ်ချပစ်မယ် မယုံမရှိနဲ့.."

မင်းရိုင်းရဲ့ခပ်မာမာ​လေသံ​အောက်မှာ ခွန်းညီငြိမ်ကျသွားရသည်။ မငြိမ်လို့လဲမရ မင်းရိုင်းကတကယ်လုပ်တာပင်။
သူ​ပွေ့ချီတဲ့အတိုင်းလိုက်လာပြီး သူ့ကိုဆိုင်ကယ်​ပေါ်တင်သည်။

You've reached the end of published parts.

⏰ Last updated: Apr 28 ⏰

Add this story to your Library to get notified about new parts!

White ROSEWhere stories live. Discover now