Chapter-5

135 7 1
                                    

မင်းရိုင်းအသက်၁၅နှစ်မှာဆိုင်ကယ်​တွေကိုစပြီးစိတ်ဝင်စားခဲ့သည်။​ပေါ်သမျှဆိုင်ကယ်​တွေကို​အေး​ဆေးဝယ်နိုင်အထိမိဘကပိုက်ဆံ​ပေးလွန်း​တာက,အစကတန်းတန်းစွဲဖြစ်ခဲ့တဲ့ဆိုင်ကယ်​​တွေ​ပေါ်ရိုးလာတဲ့အထိပင်။

မင်းရိုင်းအသက်၁၆နှစ်မှာ​တော့ ဘားတိုင်းကလပ်တိုင်းကိုသူငယ်ချင်း​တွေနဲ့​လျှောက်သွားပြီးထင်တိုင်းကြဲတတ်​နေပြီ။
လူအင်အား​တောင့်တဲ့သူငယ်ချင်းအုပ်စုနဲ့fighterလိုလိုဖြစ်လာပြီး ကလပ်တိုင်းမှာရန်ဖြစ်ရတာကသူ့စိတ်ထွက်​​ပေါက်ဖြစ်ခဲ့သည်။

မင်းရိုင်းအသက်၁၈နှစ်မှာ​တော့ ကလပ်တိုင်း၊ဘားတိုင်းသာမကလမ်း​​ပေါ်​တွေမှာပါ​တွေ့တဲ​နေရာရန်ဖြစ်ရတဲ့အထိလူချစ်လူခင်​ပေါလာခဲ့သည်။လူငယ်အသိုင်းအဝိုင်းမှာမင်းရိုင်းရဲ့နာမည်ကိုမကြားဖူးသည့်လူမရှိ​အောင်ကိုဆိုးခဲ့မိုက်ခဲ့သည်။

မင်းရိုင်းအသက်၁၉မှာ​တော့ သူငယ်​ချင်း​တွေနဲ့fighterအဖွဲ့​​ထောင်ဖို့စဥ်းစား​နေကြပြီ။
ဘာလို့ဆို​တွေ့တဲ့လူတိုင်းနဲ့ရန်ဖြစ်ရလွန်းလို့မိတ်​ဆွေ​​တွေကလည်း​များလာကာသူတို့အုပ်စုတစ်​ယောက်​တစ်​နေရာကွဲရင်ကွဲတဲ့​​နေရာဝင်​​​ဆော်တဲ့​​​​ယောကျ်ားမပီသတဲ့​ယောကျာ်း​တွေ​ကြောင့်ဂိုဏ်း​​ထောင်ဖို့အထိ​တွေးရခြင်းပင်။

မင်းရိုင်းအသက်၂၀မှာ​တော့ထုံးစံအတိုင်းမ​ပြောင်းလဲ။ဂိုဏ်း​​ထောင်ဖို့ကိစ္စက​တော့ဘယ်သူမှ​ခေါင်း​ဆောင်မလုပ်ချင်တာ​ကြောင့်​ခေါက်ထားလိုက်ကြသည်။ဒါ​ကြောင့်သူ့ကမ္ဘာဟာဒီအတိုင်းလည်ပတ်​နေဆဲ။

အခုမင်းရိုင်းအသက်၂၁မှာ​တော့ ရည်းစားထားချင်လာပြီ။တစ်ဘဝလုံးဆိုးခဲ့မိုက်ခဲ့သမျှ ခွန်းညီဆိုတဲ့လူသားနဲ့​တွေ့မှ​ခြေငြိမ်ချင်လာ​ပေမဲ့သူ့ကိုပစ်ပစ်ခါခါဖြစ်​နေတဲ့လူသား​​ကြောင့်အကျပ်ကိုင်ဖို့​တွေးရ​တော့သည်။

မင်းရိုင်းကခွန်းညီကိုလိုက်ဖို့ဆုံးဖြတ်ထားတုန်းကသူ့အစ်မ​ပြောတဲ့ခွန်းညီကိုအထင်မ​သေးနဲ့ဆိုသည့်စကားကိုအခုနာ​နေတဲ့လည်ပင်းကသက်​သေပြ​နေသည်။

White ROSEWhere stories live. Discover now