Chapter-2

180 12 3
                                    

"အရမ်းကိုဆိုး​နေတယ် သဏ္ဌာန်​သွေးသစ်!!"

မနက်စာထမင်းဝိုင်းမှာ ​အော်ချလိုက်တဲ့အ​မေရဲ့အသံ​ကြောင့်မင်းရိုင်းရဲ့ကိုယ်​လေးကဆတ်ခနဲတုန်သည်။သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်​နေသည့် ​သွေးသစ်ရဲ့မျက်နှာ​ဘေးက​တော့ခပ်​အေး​အေးပင် အ​မေဖြစ်သူကို​အေး​အေးလူလူစိုက်ကြည့်​နေသည်။

မ​နေ့ကဖြစ်ပျက်သွားတဲ့သတင်းကို အ​​မေ့ရဲ့ကိုယ်ရံ​တော်​တွေက ​ပြောပြပြီး​နောက်မှာအခုလိုဆူပူ​နေတာဖြစ်၏။

"တစ်ဖက်​ကယောက်ျား​သား​တွေဆိုတာ​ရောသိလား အဲ့ဒိီ​ကောင်​တွေကညှိုးရင်ဘယ်လိုလုပ်မလဲ .မိန်းက​လေးဖြစ်ပြီးအဲ့လိုလုပ်ရသလား
မင်းရိုင်း​တောင် နင့်​လောက်လက်ရဲဇက်ရဲမရှိဘူး."

မင်းရိုင်းက​ထောက်ခံ​​သောအားဖြင့်​ခေါင်းကိုတဆတ်ဆတ်ငြိမ့်သည်။​ယောကျ်ား​လေးသဘာဝမင်းရိုင်းကရန်ပွဲ​တွေခဏခဏဖြစ်ဖူး​ပေမဲ့ ​
သွေးသစ်လို​တဖက်လူအထိနာ​စေမဲ့​နေရာ​တွေချည်း​ရွေးပြီးမလုပ်ဖူး​ချေ။

"သူတို့အရင်လာစတာ."

"လာစတာသိတယ်​လေ...တဖက်သားအ​ပေါ်အဲ့​လောက်လုပ်ရလား?.နင့်ကိုဘယ်သူကအဲ့လို​တွေသင်​ပေးထားလဲ..အ​မေ​ပြောပြီးသားကိုယ်ခံပညာကကိုယ့်ကိုကိုယ်ကာကွယ်ဖို့ တဖက်သားကိုအနိုင့်ကျင့်ဖို့မဟုတ်ဘူး."

"​သွေးသစ် အနိုင်မကျင့်ဘူး."

"တစ်​ယောက်ကမျက်လုံးတစ်ဖက်ကန်းသွားတယ်၊တစ််​ယောက်ကလက်အ​ကြောထိသွားတယ်..​နောက်ဆုံးတစ်​ယောက်ကနင့်ကန်ချက်​ကြောင့်ဇက်လည်ပြီး အခု​သေသွားပြီ​​လေ.."

"........."

​သွေးသစ်ကငြိမ်​နေဆဲ။

"လူသတ်မှုဆိုတာဘယ်​လောက်​ကြောက်ဖို့​​ကောင်းလဲ​ရောသိလား? လူတစ်​ယောက်​ကိုသတ်တဲ့သူက​ရောဘယ်​လောက်​ကြောက်ဖို့​ကောင်းလဲသိလား..ငါ​​မွေးထားတဲ့သူ​တွေထဲမှာ လူသတ်သမားပါလာတာငါလုံးဝလက်မခံနိုင်ဘူး!"

"​သွေးသစ်ကလူသတ်သမားမဟုတ်ဘူး!!"

"နင့်​ကြောင့်လူ​သေသွားတာ​လေ နင်ကလူသတ်သမားမဟုတ်လို့ ဘယ်သူကလူသတ်သမားလဲ!!နင့်ကို​မွေးတဲ့ငါကလဲ လူသတ်သမား​တွေ​မွေးထုတ်​နေတဲ့သူလိုပဲ ဘာမှမထူးဆန်း​တော့ဘူး.!!."

White ROSEWhere stories live. Discover now