Chapter-3

180 9 9
                                    

မင်းရိုင်းအခု​ရောက်​နေတာကစီးပွား​ရေးတက္ကသိုလ်​ရှေ့မှာဖြစ်သည်။​ကျောင်းဆင်းချိန်မို့ ​ကျောင်းသား​တွေသူ့​ရှေ့မှာတဖွဲဖွဲပြန်​နေကြချိန်မင်းရိုင်းက​တော့သူ့ဆိုင်ကယ်ကြီးမှီရင်း ​​ကျောင်း​ရှေ့မှာ ယိုင်တိုင်တိုင်ရပ်လို့။
သူ့သူငယ်ချင်း​တွေ​က "ခံစားချက်ကိုအ​ဖြေရှာရမယ်"ဆိုတဲ့စကားနဲ့ သူ့ကိုစီးပွား​ရေးတက္ကသိုလ်​ရှေ့တွန်းပို့လိုက်သည်။

ပြီး​တော့တစ်​ကောင်မှမလိုက်တာမို့သူ့မှာ​ယောင်​လည်လည်နဲ့တက္ကသိုလ်​ရှေ့မှာတစ်​ကောင်တည်း။

ထွက်လာကြတဲ့​ကျောင်းသူ​တွေကလည်း ခပ်လန်းလန်း​ကောင်​လေး သူတို့​​ကျောင်း​ရှေ့​ရောက်​နေလို့ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။

သူ​စောင့်​နေပြီး၁၅မိနစ်​လောက်အကြာမှာ​ကျောင်းဝင်းထဲက​နေအဖြူ​ရောင်ပုံရိပ်​လေးထွက်လာသည်။သူ့သူငယ်ချင်း​မင်း​​​ခေတ်သစ်ဆိုသည့်တစ်​ယောက်နဲ့ယှဥ်ပြီးထွက်လာရင်း ​မင်း​ခေတ်သစ်​ပြောတာကို​ခေါင်းတငြိမ့်ငြိမ့်နဲ့နား​​ထောင်နေ​သေးသည်။

ဖြူဝင်း​နေသည့်ပါးပြင်နုနု​လေး​ပေါ်ကဆံနွယ်ညိုညို​လေး​တွေကမျက်နှာ​ပေါ်ဝဲကျ​နေသည်။
လက်​ချောင်းဖြူဖြူ​လေး​တွေနဲ့စာရွက်​တွေပိုက်ထားသည့်ထို​ကောင်​​သေး​သေး​လေးက မင်းရိုင်းရဲ့ဝဲဘက်ရင်ကိုအခုန်မြန်​အောင်ပြုစားလာ၏။

မင်းရိုင်းမျက်​တောင်မခတ်တိုင်းစိုက်ကြည့်​နေတုန်း မျက်ဝန်း​ညို​လေးကသူ့ဆီလှမ်းကြည့်လာသည်။ထို​နောက် မျက်​တောင်တစ်ချက်ကိုညင်ညင်သာသာခတ်လိုက်သည်လား မင်းရိုင်းမျက်လုံးထဲမှာအ​နှေးကွက်​တွေနဲ့မြင်​နေသည်လားမသဲကွဲ​အောင် မင်းရိုင်းရဲ့အကြည့်​တွေကခွန်းညီရဲ့မျက်နှာ​ပေါ်အ​သေးစိတ်ကျ​နေသည်။

ကြည့်ရင်းကြည့်ရင်း မျက်နှာဖြူနုနု​လေးကသူနဲ့နီးကပ်လာတာမို့​ပေါက်ထွက်​တော့မတတ်အခုန်မြန်​နေသည့်ရင်ဘက်ကိုအုပ်ကိုင်ရင်း​ငေး​နေတုန်း.။

ဖြန်းး

"ငါ့​ကျောင်း​ရှေ့ဘာလာလုပ်တာတုန်း.."

White ROSETempat cerita menjadi hidup. Temukan sekarang