Chapter - 6

165 8 1
                                    

မြစ်​ရေဟာခပ်​နောက်​နောက်အ​ရောင်ရှိသည်။မြစ်ထဲမှာ​သ​​​​ေင်္ဘာတစ်ချို့ဟာကူးခတ်​နေသည်။ အဖြူ​ရောင်စင်​ရော်ငှက်​တွေကလည်းသင်္ဘော​တစ်စီးလာတိုင်းအနားမှာကပ်ပျံရင်းအစာ​​တောင်း​နေကြသည်။သင်္ဘော​ပေါ်ကလူ​တွေအစာပစ်​​ကျွေးတိုင်းမြူတူးစွာ​ပျော်​နေပုံက မင်းရိုင်းရဲ့အာရုံကိုဆွဲ​ဆောင်​နေ၏။
​သ​​င်္ဘောတစ်စီးလာတိုင်းလှိုင်းတံပိုး​တွေဟာသူတို့ထိုင်​နေသည့်ကမ်း​​ခြေကိုအရှိန်ပြင်းပြင်းဝင်​ဆောင့်​သည်။

သူတို့ဘာမှမ​ပြောပဲထိုင်​နေတာအ​​တော်ကြာပြီ။ သူ့ရင်ခွင်ထဲကထွက်ပြီးတစ်ခုခု​တွေး​နေပုံရသည့်ခွန်းညီရဲ့မျက်ဝန်း​တွေဟာလည်း မြစ်ထဲက​နေမတက်။ မြစ်ရဲ့​လေ​တွေဟာသူတို့ကြားကိုတစ်ခါ,တစ်ခါခက်ကြမ်းကြမ်းတိုး​ဝှေ့​၏။ ပုံပျက်သွားတဲ့ဆံပင်ကိုမင်းရိုင်းနဖူး​ပေါ်သပ်တင်​နေတုန်း သူ့​ဘေးက​ကျောက်ရုပ်ကအသက်ဝင်လာသည်။
ဟ.​နောက်ဆုံး​တော့ငုတ်တုတ်​မေ့​နေတဲ့ခွန်းညီအသိပြန်ဝင်လာပြီပဲ။

သူ့​ဘေးကလှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ခွန်းညီက သူ့​ဘောင်းဘီကိုစမ်း​နေပြီးခဏကြာ​တော့သူ့လက်ထဲမှာအနည်းငယ်ပုံပျက်​နေတဲ့​ဆေးလိပ်တစ်လိပ်ပါလာသည်။ဖင်ဆီနည်းနည်းတွန့်​နေတာကိုဆွဲဆန့်ပြီး ​ဆေးလိပ်ကိုပါးစပ်နဲ့ကိုက်ကာမီးညှိ၏။

ခွန်းညီက​​ဆေးလိပ်​သောက်တတ်တာလား?

သူနမ်းရှိုက်ဖူးတဲ့နှုတ်ခမ်း​တွေမည်းမ​နေတာ​ကြောင့် ခွန်းညီ​ဆေးလိပ်​​သောက်တတ်လိမ့်မည်လို့သူမထင်ထား။​ သောက်စရှိ​ပေမယ့် ​ဆေးလိပ်စွဲ​နေတာမျိုး​တော့မဟုတ်​လောက်ဘူးလို့ သူထင်လိုက်သည််။

ခွန်းညီက​ဆေးလိပ်ကိုတစ်ရှိုက်ရှိုက်ကာ နှာ​ခေါင်းက​နေခပ်​ဖြေး​ဖြေးထုတ်လွှတ်သည်။
​လေအလိုက်သူ့ဘက်ကို​ဆေးလိပ်​ငွေ့​တွေ​ရောက်လာ​တော့မင်းရိုင်းခိုးရှုမိ​သေးသည်။
​ဆေးလိပ်ကိုလက်ကြားညှပ်ထားသည့်ခွန်းညီက ခုဏကအတိုင်းမြစ်ပြင်ကျယ်ကို​ငေးပြီး အ​တွေးထဲနစ်​မြောသွားပြန်သည်။ ဘာ​တွေဒီ​လောက်​တွေး​နေမှန်းမသိတဲ့သူကို ဒီတစ်ခါ​တော့သူလှုပ်နိုးဖို့ကြံရွယ်လိုက်သည်။

White ROSEWhere stories live. Discover now