အပိုင်း{1}

418 9 2
                                    

မနက်စောစော ဝေလီဝေလင်းအချိန်ဖြစ်၍ နွားလှည်းသံများ၊ကျေးငှက်သံများ၊ရွာဦးဘုန်းကြီးကျောင်းမှအုန်းမောင်းခေါက်သံများကို ကြားနေရသည်။

ကျေးငှက်သံ တစ်ကျွိကျွိ အသံများကြောင့် မင်းကိုမောင်မောင် မျက်ခုံးတို့ကို စုကျုံ့၍ အိပ်နေရာမှ ထထိုင်လိုက်သည်။ထို့နောက် ကုတင်ဘေးရှိ ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်သည်။ပြတင်းပေါက်ဖွင့်လိုက်သည်နှင့် ရွာရဲ့ကျေးလက်ရံနံများနှင့် မိုးရွာထားသည်ကြောင့်မြေကြီးနံ သင်းသင်လေးကပါ နှာဖျားနားသို့ တိုက်ခတ်လာသည်။

အိမ်ရှေ့ရှိ စင်အိုးများနားသွားကာမျက်နှာသစ်ပြီး ရေပါတစ်ပါးထဲချိုးလိုက်သည်။ထို့နောက် သတ်ပတ်တစ်ထည်ကို ပုခုံးပေါ်တင်ပြီး အိမ်ထဲ ပြန်ဝင်လာလိုက်သည်။ဗီယိုကို ဖွင့်လိုက်ပြီး ခတ္တမျှ စိုက်ကြည့်နေမိသည်။ထို့နောက်တွင်တော့ စွပ်ကျယ်အဖြူတစ်ထည်နှင့် ပုဆိုးကွက်စိပ်အပြာကို ထုပ်လိုက်သည်။ရေစိုနေသည့် ဆံပင်ကို သတ်ပတ်ဖြင့် ခြောက်အောင် အရင်သုပ်လိုက်ပြီး စွပ်ကျယ်နဲ့ပုဆိုးကို သေသပ်စွာ ဝတ်ဆင်လိုက်သည်။

မီးဖိုချောင်ဘက်သွားကာ မနေ့ကကျန်တဲ့ ထမင်းကြမ်းနဲ့ ရွာထိပ်ကဝယ်လာတဲ့ အကြော်ကို မနက်စာ အဖြစ် စားလိုက်သည်။သူကြီးက သူ့အိမ်လာခဲ့ဖို့ မနေ့ကပြောထားတာကြောင့် သူကြီးအိမ်သို့ ထွက်လာခဲ့လိုက်သည်။သူကြီးအိမ်နှင့် သူအိမ်မှာဘေးချင်း ကပ်လျက် ဖြစ်တာကြောင့် သိပ်မသွားရပေ။ပျင်ထောင်အိမ်နှစ်ထပ်နှင့် ရေနံကြီးသုပ်ထားသော သူကြီးအိမ်ရောက်တော့ ဝိုင်း(ခြံ)ထဲဝင်သွားလိုက်သည်။

"ရောက်ပြီလား..မင်းကို"

"ဟုတ်ကဲ့သူကြီး။ကျုပ်ကို
ဘာပြောစရာရှိလို့လည်း"

"ပြောရမယ်ဆို အားလည်းနာပါတယ်ကွာ။အိမ်မှာက ဒီနေ့အားတဲ့သူမရှိလို့ အဲ့တာရွာကို စာလာသင်ပေးမဲ့သူကို သွားကြိုပေးလို့
ရမလားလို့ပါ"

"ရပါတယ်။ကျုပ်သွားကြို
လိုက်မယ်"

"အေး အေး"

ထို့နောက် သူ့ဝိုင်း(ခြံ)ထဲက
နွားလှည်းဖြင့် ရွာအဝင်ဝသို့ မောင်းနှင်လာလိုက်သည်။ရွာအဝင်ဝရောက်တော့ မန်းကျည်းပင်ကြီးအောက်တွင် အထုပ်အပိုးတွေနဲ့ရပ်နေသူကို တွေ့တော့ သူလည်း ထိုရပ်နေသူအနားတွင် လှည်းကိုရပ်လိုက်သည်။

မောင့် ခွန်းငယ် Where stories live. Discover now