အပိုင်း ၁၈၇ /အပိုင္း ၁၈၇

637 73 0
                                    

Unicode

အပိုင်း ၁၈၇

ယွီယိက အထိန်းတော်ချင်းရဲ့ ထိုကဲ့သို့မျက်နှာမျိုးကို တစ်ခါမှ မမြင်ဘူးပေ။ သူ့မနေနိုင်ပဲ သူ့စိတ်ထဲမှာ အရမ်းကို သိချင်သွားသည်။

“အထိန်းတော်ချင်း ဘာဖြစ်လို့လဲ?”

အထိန်းတော်ချင်းက ဆိုးဆိုးဝါးဝါးဖြင့် ယွီယိကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ဒေါသပိုထွက်လာသည်။

“မင်း အဲ့စာနှစ်စောင်ကို ဝမ်ရယ်ဆီပေးလိုက်တုန်းက ဝမ်ရယ့်အမူအရာကဘယ်လိုဖြစ်သွားသေးလဲ?”

“ဝမ်ရယ့်အမူအရာလား?”

ယွီယိက သူ့ခေါင်းကို ပွတ်လိုက်ပြီး အချိန်အတော်ကြာ တွေးလိုက်သည်။

“ခင်ဗျားက ဝမ်ရယ်ကို နှစ်တွေအများကြီး ခစားလာတာပဲ၊ ဝမ်ရယ့်မျက်နှာက အမြဲတမ်း အေးစက်စက်နဲ့ထူးမခြားနားကြီးမှန်း သိနေတာပဲကို! ဘယ်လိုအမူအရာမျိုးများ ရှိနေရဦးမှာလဲ?”

အထိန်းတော်ချင်းက မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နေပေမယ့် အခုတော့ ချက်ချင်းပဲ သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်တော့သည်။

“သွားတော့ မင်းက ယွီဟန်လို ကလေးမျိုးပဲ၊ ဘယ်အချိန်မှအသုံးမဝင်ဘူး”

“ဘယ်သူပြောလဲ? အရင်က ချန်ကုန်းကုန်းဆို ကျွန်တော့်ကို ချီးကျူးသေးတယ်”

“အဲ့တာ ဘာလို့လဲဆိုတော့ သူ့အသက်အရွယ်နဲ့ မျက်စိမှုန်နေလို့လေ! မြန်မြန်ဘေးကိုဖယ်စမ်း ဒီမှာရပ်မနေနဲ့၊ မင်းကို ကြည့်တာနဲ့ ငါနှလုံးနာတယ်”

ယွီယိက သူ့နှာခေါင်းကို ပွတ်လိုက်ပြီး စားဖိုဆောင်ဆီသို့သာ ဦးတည်သွားတော့သည်။ ပြောကြတာတော့ မီးဖိုချောင်ထဲမှာ ဂျင်းလက်ဖက်ခြောက်တွေ အများကြီးကျန်သေးတယ်တဲ့၊ အဲ့တာကြောင့် သူမြန်မြန်လေးသွားပြီး မြည်းကြည့်ရမယ်၊ ဒီရက်ပိုင်းတွေအတွင်း သူက မြောက်ပိုင်းကွမ်းတုံနှင့် ကျင်းလင်မြို့ကို အသွားအပြန်လုပ်နေရတာဖြစ်သည်။ ဂျင်းလက်ဖက်ခြောက်ဆိုပြီးသာ ကြားနေရပေမယ့် တစ်ခါမှမမြင်ဖူးသေးဘူး။ နောက်ဆုံးတော့ အမှန်တကယ်တွေ့ဖို့ အခွင့်အရေးရလာပြီ။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now