အပိုင်း ၂၇၈/ အပိုင္း၂၇၈

190 24 0
                                    

Unicode

အပိုင်း၂၇၈-သူမက ဒုက္ခရောက်မှာ ကြောက်မနေဘူး

မုယွမ်ယောင်က ကျင်းလန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ကာပြောလိုက်သည်။

“မင်း မှန်တယ်၊ သခင်မကျိုးရဲ့စကားတွေက ငါ့ကို ချီးကျူးတာတွေချည်းပဲ၊ ငါက မြို့တော်က အဲ့ဒီမျိုးရိုးမြင့် မိန်းကလေးတွေထက် မနိမ့်ဘူးလို့ သူမက ပြောခဲ့တာ”

ဘေးတစ်ဖက်က ကျင်းချောင်က ခေါင်းညိတ်သည်။

“သခင်မကျိုးပြောတာ မှန်တယ်”
ကျင်းလန် သူမကို စူးစိုက်ကြည့်လိုက်သည်။

“ဒါက ဘယ်လိုလုပ်ပြီး ရိုးစင်းမှာလဲ? အဲ့ဒီသခင်မကျိုးက ဖြူဖြူစင်စင်နဲ့ ဒီတိုင်း ချီးကျူးတာ မဟုတ်ဘူး”

“ဟမ်? အဲ့တာက ချီးကျူးပြီးပြောတာ အရှင်းကြီး မဟုတ်လား? ဘာမှားလို့လဲ”
ကျင်းလန်က သူမ ခန့်မှန်းချက်ကို တွေးဆကြည့်သည်။ မုယွမ်ယောင်က သူမကို အနည်းငယ် အားပေးတဲ့အကြည့်နဲ့ ကြည့်နေတာကို မြင်တော့ သူမ မနေနိုင်ဘဲ မရေရာစွာနဲ့ ပြောလာသည်။

“သခင်မလေး၊ ဒီအစေခံ ထုတ်မပြောရဲဘူး။ ကျွန်မ မှားသွားရင် ခွင့်လွှတ်ပါ”

“ငါ့ကို ပြောပြ”

“သခင်မကျိုးက သခင်မလေးကို ချီးမွမ်းတာ ဒီအစေခံ သဘောတူပါတယ်။ ပုံပန်းသွင်ပြင်ပဲဖြစ်ဖြစ် အရည်ချင်းချင်းဖြစ်ဖြစ် သခင်မလေးက မြို့တော်ရဲ့ မျိုးရိုးမြင့်သခင်မလေးတွေထက် နိမ့်စရာ ဘာအကြောင်းမှ မရှိဘူး။ သာမန်လူတွေ သခင်မကျိုးရဲ့ စကားကို ကြားတဲ့အခါ သူတို့ကိုယ်သူတို့ ကျေနပ်မိကြတယ်။ မြို့တော်ထဲ ဝင်ပြီးနောက်မှာ သူတို့တွေက သူတို့ကိုယ်သူတို့ အဲ့ဒီမျိုးရိုးမြင့် မိန်းကလေးတွေနဲ့ နှိုင်းယှဉ်ရင်တောင် နှိုင်းယှဉ်နေကြမှာ။ အခု သခင်မလေးက နီယွင်ဖန်းနဲ့ ပူးရှန့်လုံကို တာဝန်ယူ ကြီးကြပ်နေပြီး သူမသာ တကယ် ထုတ်ဖော်ချင်တယ်ဆိုရင် ဘယ်သူမှ ဖုံးအုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလိုနည်းနဲ့ သခင်မလေးအတွက် အရမ်းအကျိုးယုတ်သွားစေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သခင်မလေးက စုမိသားစုရဲ့ သခင်မကြီးကိုပဲ အဘွားအနေနဲ့ ခေါ်ဝေါ်ရမှာပါပဲ”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now