အပိုင်း ၂၇၇/ အပိုင္း ၂၇၇

293 34 1
                                    

Unicode

အပိုင်း ၂၇၇ -ကြင်နာတတ်တဲ့သခင်မကျိုး

"ဒါဆို ဒီနေ့ လက်ဖက်ရည်နှစ်ခွက်ထပ်သောက်သွားမယ်"

သခင်မကျိုးက မုယွမ်ယောင်ကိုကြည့်ရင်း စိတ်ထဲမှာကြိတ်ချီးကျူးနေသည်။ မုယွမ်ယောင်ကိုကြည့်ရတာ တကယ်သက်တောင့်သက်သာရှိလှသည်။

"သခင်မ ထိုင်ပါ"
မုယွမ်ယောင်က သခင်မကျိုးကိုထိုင်ခိုင်းလိုက်ပြီး ကိုယ်တိုင်လက်ဖက်ရည်ကျိုပေးသည်။
လက်ဖက်ရည်ကျိုနေတာကို သဘောတကျကြည့်ရင်း သခင်မကျိုးက ပြောလိုက်သည်။

"မိန်းကလေးမု ရက်နည်းနည်းကြာရင် ကျင်းလင်ကနေထွက်သွားပြီး မြို့တော်ကစုအိမ်တော်ဆီ ပြန်တော့မယ်ဆိုတာကြားလို့ ငါလာနှုတ်ဆက်တာ"

"ကျွန်မလည်း အမေ့နောက်ခံက အဲ့လောက်ကြမ်းတမ်းလိမ့်မယ်လို့ မထင်ထားဘူး"
မုယွမ်ယောင်ရဲ့လက်ဖက်ရည်ကျိုနေပုံက အရင်ကလို ကျက်သရေတင့်တယ်နေဆဲပင်။ သို့ပေမယ့် စိုးရိမ်ကြောင့်ကြမှုတွေကတော့ မျက်လုံးထဲမှာပေါ်နေသည်။ သခင်မကျိုးကလည်း ထိုအရာကိုမြင်လိုက်သည်။

"ဒါကောင်းတဲ့အရာပဲလေ။ မြို့တော်က စုမိသားစုက အရမ်းနာမည်ကျော်ကြားတာ။ သူတို့နဲ့အဆက်အဆံလုပ်ချင်ပေမယ့် မလုပ်နိုင်တဲ့သူတွေ ဘယ်လောက်ရှိနေမလဲဆိုတာ မသိနိုင်ဘူး"
မုယွမ်ယောင်က သက်ပြင်းဖွဖွချကာပြောလိုက်သည်။

"အဲ့လိုဆိုပေမယ့် အမေနဲ့ကျွန်မနဲ့က ကျေးလက်ဒေသမှာကြီးပြင်းလာတာ။ ကျွန်မတို့ရဲ့ ကံကြမ္မာ အလားအလာက အရမ်းနိမ့်ကျနေလွန်းမှာစိုးပါရဲ့…"

"ငါ မင်းနဲ့စတွေ့ကတည်းက အနာဂတ်ကျရင် မင်းက သေချာပေါက် သာမန်ထက်ထူးခြားမယ်ဆိုတာ ငါသိပြီးသား။ မြို့တော်မှာဆိုရင်တောင် မင်းရဲ့အရည်အချင်းတွေနဲ့တင် တော်ဝင်သခင်မလေးတွေနဲ့ ယှဉ်နိုင်နေပြီ။ သိပ်ပြီးလည်း အရမ်းစိုးရိမ်မနေပါနဲ့"

မုယွမ်ယောင်က လက်ဖက်ရည်ထည့်ပြီး သခင်မကျိုးရှေ့ချပေးလိုက်သည်။

"ကျွန်မက ငယ်ငယ်ကတည်းက ကျေးလက်မှာပဲ ကြီးပြင်းလာတာ၊ စာဆိုလည်း အဖေဆီကနေပဲ နည်းနည်းသင်ခဲ့ရတာ။ ဘယ်လိုလုပ် မြို့တော်ကသခင်မလေးတွေနဲ့ ယှဉ်ရဲမှာလဲ၊ သခင်မ ကျွန်မကို နှစ်သိမ့်ပေးမနေပါနဲ့"

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now