အပိုင်း ၂၈၁/ အပိုင္း၂၈၁

284 30 0
                                    

Unicode

အပိုင်း၂၈၁-ကျင်းနန်မြို့ကလူတွေကို ပြန်ပေးခြင်း

လီမုနျန်က မုယွမ်ယောင်နဲ့ စုချင်ဘက်ကို ညင်သာသော အမူအရာနဲ့ လှည့်ကာ ပြောလာသည်။

“သခင်မနဲ့ သခင်မလေး မနက်အစောကတည်းက ထွက်လာခဲ့တာဆိုတော့ ဘာမှ မစားရသေးဘူးဖြစ်မယ်။ ဟိုနေရာက စားပွဲက ငွေလျန်ထည့်ဝင်လှူဒါန်းတဲ့သူတွေအတွက် အထူးပြင်ဆင်ထားတဲ့ စားပွဲပါ။ ကျုပ်တို့တွေ အဲ့ဒီမှာ အတူတူ တစ်ခုခု စားကြမလား?”

မုယွမ်ယောင်က လီမုနျန် ညွှန်ပြတဲ့ စားပွဲကို ကြည့်လိုက်သည်။ တစ်မြို့လုံးက လူတွေက ဒီနေရာမှာ စုဝေးနေတာကြောင့် စည်းမျဉ်းစည်းကမ်းတွေကို အများကြီး ဂရုစိုက်နေဖို့ မလိုပေ။ အမျိုးသားတွေအတွက် စားပွဲတစ်ခုနဲ့ အမျိုးသမီးတွေအတွက် တစ်ခုဆိုပြီး နှစ်ခုသာရှိသည်။

စုချင်က ခေါင်းညိတ်သည်။

“ကျွန်မတို့ အတူစားတာပေါ့”

သခင်မကျိုးက စုချင်ရဲ့ လက်မောင်းကို ချစ်ခင်စွာ ချိတ်၍ ပြောလိုက်သည်၊

“သခင်မစုမှာ အစားအသောက်နဲ့ ပတ်သက်ပြီး အကန့်အသတ်တစ်ခုခုများရှိလား? အောက်မှာ ချက်ပြုတ်နေကြတဲ့သူတွေကို ပိုဂရုစိုက်ပေးဖို့ ကျွန်မ သေချာလေး ပြောပေးမယ်‌လေ”

“စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မ။ ကျေးလက်ကလူတွေအဖို့က စားစရာရှိတာနဲ့တင် ကောင်းလှပါပြီ၊ ရှောင်တာ ဘာမှ မရှိပါဘူး”

စုချင် ဒါကို‌ ‌ပြောတဲ့အချိန် သူမအမူအရာက အလွန်အင်မတန် တည်ငြိမ်အေးဆေးမှုရှိနေတာကြောင့် သခင်မကျိုးကို အထင်ကြီးသွားစေသည်။ သူမရဲ့ နောက်ခံကို အလွန်တည်ငြိမ်စွာနဲ့ ရင်ဆိုင်ကြည့်ရဲတယ်ဆိုတော့ သခင်မစုရဲ့ စိတ်နေသဘောထားကလည်း သာမန် မဟုတ်ဘူး။

မုယွမ်ယောင်က ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သာမန်လူတွေက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ အများကြီး ပေးပို့ကြတာ၊ အချို့လူတွေက ကြက်မအချို့ကိုတောင် အိမ်တံခါးရှေ့မှာ လာချည်ပေးသွားကြတာ။ ကျွန်မ အဲ့ဒါတွေကို ကျင်းရှို့ဉယျာဉ်မှာ သိမ်းထားဖို့‌ ပြောထားတာ၊ ချက်ပြုတ်ပေးထားတာကြောင့် ပိုင်းကြာဖန်းကိုလည်း မြည်းစမ်းကြည့်ကြတာပေါ့”

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Where stories live. Discover now