အပိုင်း ၂၇၉/ အပိုင္း ၂၇၉

168 22 0
                                    

Unicode

အပိုင်း ၂၇၉ - ကျင်းလင်မြို့သူ၊မြို့သားများအားပြန်ပေးဆပ်ခြင်း

"လီတာရန်ကတော့ မြှောက်နေပြန်ပါပြီ။ တကယ်တော့ ကျွန်မမှာစိတ်ကူးရှိတယ်။ လီတာ့ရန် မရယ်ဖို့ပဲမျှော်လင့်ပါတယ်"

မုယွမ်ယောင်က ခေါင်းမော့ကာ ရှက်ပြုံးပြုံးလေသည်။

"ပြောသာပြောပါ မိန်းကလေးမု"

"ကျွန်မတို့ကျင်းလင်မှာနေတုန်းက မိသားစု အများကြီးက လူတွေနဲ့ အဆက်အသွယ်လုပ်ရတယ်လေ။ သူတို့က အရမ်းကိုကြင်နာတတ်ပြီး ကျွန်မတို့ကိုလည်းဂရုစိုက်ပေးတယ်။ အရင်တုန်းက မွေးစားအမေနဲ့ကျွန်မ လာ့ပါးဆန်ပြုတ်ပွဲတော်လုပ်တုန်းက မပါလိုက်ရတဲ့ သခင်မတွေအားလုံးက နောင်တရနေကြတာ။ ဒီတစ်ခေါက်က ကျင်းလင်တစ်မြို့လုံးကို ‌အကျိုးပြုမယ့်ကိစ္စဆိုတော့ ဖြစ်နိုင်ရင် လီတာ့ရန်က ပါဝင်ဖို့အတွက် လူများများခေါ်ပေးလို့ရမလား"

လီမုနျန်မျက်အိမ်တွေ လှုပ်ရှားသွားပြီး အလျင်အမြန်တွေးလိုက်သည်။

"မိန်းကလေးမုက တကယ်တော်တာပဲ။ လူများများသာပါမယ်ဆိုရင် ကျင်းလင်သူ၊ကျင်းလင်သားတွေအတွက်တော့ ကောင်းချီးပေးတာပဲ"

မုယွမ်ယောင်က ခေါင်းညိတ်သည်။

"ကျွန်မ စိတ်ကူးယဉ်လွန်းနေတယ်လို့မတွေးတာ တော်သေးတာပေါ့။ ဒီကိစ္စကိုကိုင်တွယ်ပေးဖို့ လီတာ့ရန်ကို အပူကပ်ရတော့မယ်။ နီယွင်ဖန်းနဲ့ပူးရှန့်လုံအတွက်လည်း တာ့ရန်စီစဉ်တဲ့အတိုင်းပဲ လိုက်နာပါ့မယ်"

"ကောင်းပါပြီ အကျိုးကျေးဇူးခွင့်အားလုံးကို မိန်းကလေးမုဆီပေးပါ့မယ်"

"အကုန်လုံးကို လီတာ့ရန်ကပဲစီစဉ်တာလေ။ ကျွန်က ငွေနည်းနည်းထည့်ရုံပါပဲ၊ သိပ်ကြီးကြီးမားမားမဟုတ်ပါဘူး"

လီမုနျန်နဲ့မု‌ယွမ်ယောင်တို့ လုပ်ငန်းကိစ္စဆွေးနွေးပြီးချိန်မှာ သခင်မကျိုးက မုယွမ်ယောင်ကို မပြန်ခင် ညစာစားသွားစားဖို့ ပြောလေသည်။ မုယွမ်ယောင်ကတော့ အိမ်မြန်မြန်ပြန်ပြီး အထုတ်အပိုးပြင်ရဦးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ငြင်းဆိုခဲ့သည်။ သခင်မကျိုး အစေခံခေါ်ပြီး မုယွမ်ယောင်ကို အိမ်ပြန်ပို့ခိုင်းလိုက်သည်။ မုယွမ်ယောင်ပြန်သွားတော့ သူမက မချီးကျူးမိဘဲမနေနိုင်တော့ပေ၊

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၂)Hikayelerin yaşadığı yer. Şimdi keşfedin