Intro

4.4K 79 0
                                    

" ကျုပ်နာမည်ထင်လင်းသက်ပိုင်... ကြိုက်နေရာမှာကြိုက်သလိုမေး ကျုပ်ကိုမသိတဲ့သူရှိရင် မင်းရဲ့လက်သီးနဲ့ငါ့စောက်ခွက်ကိုထိုးလိုက်လို့ရတယ်... အေး !! ကျုပ်ကလည်း ကျုပ်အပိုင်ကိုလာထိတဲ့သူတွေကိုဆို နောင်ကျဥ်သွားအောင် ဆုံးမပေးချင်တာ မင်းတို့ရဲ့အဆင့်အတန်းနဲ့ကျုပ်လူကိုမော်တောင်မကြည့်မိစေနဲ့...ကျုပ်လူကိုနောက်တစ်ခါထပ်ထိရင် မင်းရဲ့ဘဝတစ်ခုလုံးအဖက်ဆယ်မရဖြစ်သွားအောင်လုပ်ပစ်မှာ အဲ့လိုမျိုးပြောဖို့၊လုပ်ဖို့လည်းကျုပ်မှာအခွင့်အရေးရှိတယ် ကျုပ်ကထင်လင်သက်ပိုင် တစ်နည်းအားဖြင့်သူ့ယောက်ျားဖြစ်နေလို့ပဲ "

Htin Lin Thet Paing [ James ]

" မေတ္တာတရားကိုမရဖူးဘူးမောင် ဒါကြောင့်လည်း မေတ္တာတရားရဲ့နွေးထွေးမှုကို ကိုယ်နားမလည်ဘူး
အချစ်မခံဖူးတာမို့ ချစ်ခြင်းတရားရဲ့ လုံခြုံမှုကို ကိုယ်မခံစားဖူးဘူးမောင်...
အကယ်၍များ ကိုယ်သာအခွင့်အရေးရှိမယ်ဆိုရင် မောင့်ခြေဖဝါးမှာပဲခစားရခစားရ မောင့်ရဲ့ခြေဖမိုးပေါ်မှာပဲခစားရခစားရ ကိုယ်ကျေကျေနပ်နပ်ခံချင်ပါသေးတယ်... ကိုယ်မရဖူးခဲ့တဲ့အချစ်တွေ မောင့်ကိုပေးချင်ရုံတစ်ခုတည်းပေါ့မောင်ရယ် "

Ta Yaw Nwe

°°°°°°
ချစ်ခြင်းမေတ္တာကိုစစ်ခင်းရင် ကိုယ်ကမောင်ရှိရာအရပ်ကိုပဲလိုက်ပါ့မယ်။ရှင်သန်ခြင်းကိုမောင်လို့ပြောပြီးဘဝဆိုတာမောင့်ကိုချစ်ရခြင်းလို့သာကိုယ်တွေးပါ့မယ်နစ်မွန်းလိုက်ချင်တာမို့ရေတိမ်ပဲနစ်နစ်...ရေနက်ပဲနစ်နစ်မောင်နဲ့ဆိုရင် ပျော်ပျော်ကြီးနစ်မွန်းလိုက်ချင်ပါသေးတယ်။

ခင်ဗျားဘဝမှာမရခဲ့တဲ့ချစ်ခြင်းတွေကိုကျုပ်ကပေးပါ့မယ်နွယ်...ခင်ဗျားဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေကုန်ဆုံးပြီး ကျုပ်ရဲ့အချစ်တွေနဲ့ အလင်းပေးပါ့မယ်... ကျုပ်ရဲ့နှလုံးသားကိုခင်ဗျားဆိုတဲ့နာမ်လေးနဲ့အထပ်ထပ်ရစ်နွယ်ရင်းကျုပ်ဘဝတစ်ခုလုံးထိန်းချုပ်ပစ်လိုက်စမ်းပါတယောနွယ် ကျုပ်ကခင်ဗျားအတွက်ဆို မရုန်းနိုင်လောက်အောင်ကို ရစ်တွယ်စေချင်မိတာ....

" ကျုပ်နာမည်ထင်လင်းသက်ပိုင်... ခင်ဗျားတို့ရဲ့စောက်ချိုးတွေနဲ့စရိုက်တွေကိုပြင်ပေးမယ့်ကောင်ပဲ...ကျုပ်နာမည်မှတ်ထား အရိုးထဲထိဆိမ့်နေအောင်မှတ် ထင် လင်း သက်  ပိုင် "

Zawgyi Code




Ta Yaw Nwe

°°°°°°



Along With Together Husband Waar verhalen tot leven komen. Ontdek het nu