Part 4 [ Unicode+Zawgyicode ]

1.2K 43 3
                                    

အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်လာသောဆိုင်ကယ်သံကအနားမရောက်သေးမီကပင်ပျံ့လွင့်လာသည်။မျက်စိတစ်မှိတ်အတွင်းမှာပင်အရှေ့တည့်တည့်သို့ထိုးရပ်လိုက်သည့်ဆိုင်ကယ်တစ်စီးကြောင့်ထိုနေရာတွင်ချက်ချင်းဆိုသလိုဖုန်များပင်ထသွားသည်။

" အဟွတ် မေနိုး ဖြေးဖြေးမလာဘူး "

ဖုန်လုံးများကိုလက်ဖြင့်ခါရင်းသူဆဲရေးလိုက်မိသည်။အရှေ့ကငနဲသားကဘာမထီဟန်ဖြင့်ပြုံးကာဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်ပြီးသူတို့အနားသို့ရောက်လာသည်။

" ခွေးကောင် အခုမှပေါ်လာတယ် ရောက်ကတည်းကပျောက်ချက်ဆိုတာ "

ဇိုင်းဏီးဟန်ကရွှေအိုရောင်ဆံပင်တို့အားသပ်တင်လိုက်ပြီးဟန်ပါပါဖြင့်ပြောတော့ James က ခပ်ဟဟရယ်သည်။ပြီးနောက်ထိုဘေးတွင်ဝင်ထိုင်လိုက်ပြီး....

" ဟျောင့်ငထင် မင်းရုပ်ကဘာဖြစ်နေတာလဲ ပြီတီတီနဲ့ "

တီးလက်စဂစ်တာကိုဘေးသို့ချလိုက်ပြီးဆေးလိပ်ကိုဖွာကာ လှိုင်းရိပ်ကမေးသည်။သူ့ကိုထိုသို့ရင်းရင်းနှီးနှီးဖြင့်ခေါ်တတ်သည်ကသူ၏သူငယ်ချင်းများသာရှိသည်။အိမ်ခေါ်နာမည်နှင့်လုပ်ငန်းပိုင်းနာမည်က James ဖြစ်သည်။ထင်လင်းသက်ပိုင်ကိုတော့သူငယ်ချင်းဖြစ်သည့် ဇိုင်းဏီးဟန် နှင့်  လှိုင်းရိပ်ရိုး တို့က ထင် ဟု၍သာခေါ်တတ်သည်။

ဇိုင်းကသူ့ပုံမှန်အတိုင်းဆိုလျှင်အနေအေးသည်။သို့သော်စိတ်ထားကောင်းပြီးသဘောကောင်းသည်။သူငယ်ချင်းတွေနှင့်တွေ့လျှင်တော့ပျော်ပျော်နေတတ်သည်။ရွှေအိုရောင်ဖြစ်သည့်မွေးရာပါဆံပင်တို့ကသူ့၏မျက်နှာပေါ်သို့မကျစေရန်အပေါ်သို့သပ်ကာလှန်တင်ထားပြီးအလိမ်ကောက်ကောက်လေးဖြစ်သည့်ဘီးကုပ်အမဲလေးဖြင့်သပ်တင်ထားသည်။

လှိုင်းရိပ်ကတော့သူတို့အဖွဲ့ရဲ့တစ်ဦးတည်းသောမိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်မသိတဲ့သူဆိုလျှင်လှိုင်းရိပ်ဟာတကယ်ကိုယောက်ျားလေးတစ်ယောက်လိုပင်။ရုပ်ရည်အနေအထားကမိန်းကလေးနှင့်တစ်စက်မှပင်မတူဘဲယောက်ျားတစ်​ေယာက်ကဲ့သို့ကြည့်ကောင်းကာချောလွန်းသောကြောင့်ပျိုမဒီများကတဝဲလည်လည်။ထိုသို့ဖြစ်လင့်ကစားလှိုင်းရိပ်ကပွေသည်ရှုပ်သည်။ရည်းစားများကိုတစ်ယောက်ပြီးတစ်ယောက်ထားကာတွဲလေ့ရှိသည်။

Along With Together Husband Where stories live. Discover now