Part 3 [ Unicode+Zawgyicode ]

1K 45 1
                                    

" တွေ့ရတာဝမ်းသာပါတယ်တယောနွယ် ကျုပ်ထင်လင်းသက်ပိုင်ပါ "

" ဗျာ "

ထိုအခါမျက်ဝန်းပြာလေးကသူ့ကိုမော့ကြည့်လာသည်။မျက်ဝန်းပြာလေး၏အကြည့်များကညှို့အားပြင်းလွန်းသည်။ကြည့်မိသူအဖို့မင်သက်မိသွားအောင်ကိုပင်ဆွဲအားပြင်းလွန်းလှသည်။ထိုမျက်ဝန်းပြာလေးနှင့်အကြည့်ချင်းဆုံမိသူတိုင်းဟာမျက်ဝန်းပြာလေးကိုလိုချင်တပ်မက်မိမှာအမှန်ပင်....

သူ့အားပြူးကြောင်ကြောင်မျက်လုံးလေးဖြင့်ကြည့်နေသောမျက်ဝန်းပြာလေးကိုကြည့်ကာသူအသည်းယားလာသည်။ရုပ်ကဖြူစင်တဲ့ရုပ်လေးမို့သိပ်အလိုမကျပေမယ့်လို့ပေါ့...

" နွယ် လို့ခေါ်လို့ရတယ်မလား "

" အာ... ရ..ရတာပေါ့ "

" မထိုင်ခိုင်းတော့ဘူးလား "

သူပြောလိုက်တော့မှသူ့ဘေးနားမှာလွတ်နေတဲ့နေရာလေးကိုဖယ်ပေးလာတဲ့မျက်ဝန်းပြာလေးကိုကြည့်ရင်းJamesစိတ်ထဲမှကြိတ်ရယ်လိုက်မိသည်။တကယ်ကိုအူကြောင်ကြောင်လေးပင်...

" တယောနွယ်... "

" ဟုတ်...ဟုတ်ကဲ့ "

" ခင်ဗျားကလှတယ် "

" ဗျာ ... "

ထပ်ပြီးအူကြောင်ကြောင်လုပ်ကာကြည့်လာတဲ့သူကိုကြည့်ရင်းJamesဖက်နမ်းချင်စိတ်တို့ကတဖွားဖွား...

အဲ့လောက်ထိမအနဲ့မျက်ဝန်းပြာရယ်....

" တယောနွယ် ခင်ဗျားကတကယ်လှတယ် ကျုပ်ခင်ဗျားကိုပိုင်ဆိုင်ချင်တယ် "

" ကိုယ့်ကိုသွားခွင့်ပြုပါဦး "

မျက်ဝန်းပြာလေးကသူ့ရဲ့အကြည့်တွေကိုရှောင်ဖယ်ံလိုက်ပြီးသူ့အနားကနေထထွက်သွားဖို့လုပ်သည်။Jamesထွက်သွားတော့မယ့်လက်ကိုရအောင်လှမ်းဆွဲလိုက်တာကြောင့် မျက်ဝန်းပြာလေးရဲ့ခန္ဓာကိုယ်လေးကသူ့ရင်ခွင်ထဲကိုပစ်ဝင်လာသည်။Jamesရဲ့ရင်ခွင်နဲ့မျက်ဝန်းပြာလေးကမျက်နှာအက်သွားတယ်။မျက်ဝန်းပြာလေးဆီကနေခရေပန်းနံ့သင်းသင်းလေးရတာကြောင့်Jamesမျက်ဝန်းပြာလေးကိုမလွှတ်ပေးမိဘဲဖက်ထားလိုက်မိသည်။

Along With Together Husband Where stories live. Discover now