Part 5 [ Unicode+Zawgyicode ]

877 41 4
                                    

ညဘက်အိပ်ယာဝင်ခါနီးယောဘုရားခန်းထဲတွင်ဘုရားသောက်တော်ရေလဲသည်။ဘုရားခန်းကိုတံမြတ်စီးလှဲသန့်ရှင်းရေးလုပ်ပြီးဘုရားရှိခိုးရန်အတွက်ထိုင်လိုက်သည်။

" ဩကာသ ဩကာသ ဩကာသ ကာယကံ ဝစီကံ မနောကံ "

" ဒင် "

အသံဆူးဆူးကသူ၏နားထဲသို့ကန့်လန့်ဖြတ်ကာတိုးဝင်လာတာကြောင့်ဘုရားစရှိခိုးတော့မည်ဖြစ်သူ့ယောကထိုနေရာတွင်သာရပ်တန့်သွားသည်။ဂစ်တာသံဆူးဆူးကအိမ်အထဲသို့ပင်ဆူညံကာသွားသည်။ဘုရားခန်းကအပေါ်ထပ်ဝရန်တာနှင့်ကပ်လျက်သားဖြစ်သည်ကြောင့်ယောဘုရားရှိခိုးနေသည့်ဘုရားခန်းထဲကအတိုင်းသားအရှင်းသားကြားနေရသည်။

' မညာပါနဲ့စိတ်ထဲမှာမင်းလည်းငါ့လိုခံစားမှန်းငါသိတယ်
အမူအရာနဲ့လူသိလောက်ပြီ...ရှက်ရမယ့်သူစိမ်းမဟုတ်ဘဲ
မပွင့်တပွင့်မျက်နှာလေးနဲ့အချိန်ဆွဲခဲ့တာ ...အပျိုဟိုင်းကြီးဖြစ်တော့မယ်
အပျိုကြီး....တကယ်လုပ်မှာလားပြောစမ်းပါ
ရည်ရွယ်တယ်မင်းအကြောင်းတွေ...တကယ်လို့....
မင်းနဲ့မပေါင်းဖြစ်ရင်တော့အားကျမခံ လူပျိုကြီးပဲလုပ်တော့မယ် '

သံစဥ်မြူးမြူးလေးနှင့်အတူနားထောင်ကောင်းသည့်အသံလေးထွက်လာလေတော့ယောမသိမသာလေးပြုံးလိုက်မိသည်။ဘုရားရှိခိုးတာကိုခဏရပ်ထားလိုက်ပြီးဘုရားခန်းထဲမှထွက်လာမိသည်။အပြင်ဘက်ဝရံတာဘက်တံခါးကိုဖွင့်လိုက်ပြီးခေါင်းလေးကိုအရှေ့သို့အနည်းငယ်ထုတ်လိုက်ကာအိမ်ရှေ့သို့လှမ်း၍မသိမသာလေးကြည့်လိုက်မိသေးသည်။

ဆိုင်ကယ်ကိုမှီရင်းဂစ်တာတစ်လက်အားကျွမ်းကျင်စွာလက်ချောင်းသွယ်သွယ်လေးဖြင့်တီးကာသီချင်းထဲမြောနေလေသည့်သူကိုမြင်တော့ယောမျက်နှာလေးကပြုံးရွှင်ကာသွားသည်။သူတစ်ယောက်တည်းလာသည်တော့မဟုတ်ပေ....ဘေးနားတွင်ကောင်လေးနှစ်ယောက်ပါသည်။သူငယ်ချင်းဖြစ်မယ့်ပုံပေါ်သည်။

' အရွယ်မလွန်ခင်ချစ်ကြဖို့ ပြောလိုက်ရတာအမောပဲ
တစ်ခါမကပါ အကြိမ်ကြိမ်မို့ အာညောင်းလှပြီ
ရွေးလွန်းတော့ခက်မယ်နော်..မလှုပ်တလုတ်မသိသလိုမျိုးနဲ့
ဟန်လုပ်ကောင်းရင် အပျိုကျန်ရစ်ကြီးဖြစ်လိမ့်မယ်  '

Along With Together Husband Where stories live. Discover now