Part 1 [ Unicode+Zawgyicode ]

2.2K 55 1
                                    

" တယောနွယ်...ကြာလိုက်တာဘာတွေလုပ်နေတာလဲ "

" လာပါပြီ ချယ်ရီရယ် ကိုကို မနက်စာပြင်ပေးနေလို့ပါ "

တယောနွယ် သူ၏ညီမတစ်ဝမ်းကွဲဖြစ်တဲ့ ချယ်ရီသွင်ရဲ့ခေါ်သံကြောင့်မနက်စာပြင်နေရင်းမှအမြန်အိမ်ရှေ့သို့ပြေးလာရသည်။ကျောင်းဝတ်စုံနဲ့ညီမလေးကကျောင်းသွားခါနီးဘာတွေအလိုမကျဖြစ်နေမှန်းမသိ။

" ငါ့ဖိနပ်ဘယ်ရောက်သွားတာလဲ တယောနွယ်... ငါညကနင့်ကိုထုတ်ခိုင်းထားတယ်လေ "

" ကိုကိုထုတ်ပေးထားပါတယ်ချယ်ရီရဲ့.... ခဏလေးနော်ကိုကိုရှာပေးမယ် "

ဖိနပ်စင်တစ်ခုလုံးကဖိနပ်တွေကချယ်ရီသွင်ရဲ့ဖိနပ်တွေပင်။ညကချယ်ရီသွင်ကကတ္တီပါအစိမ်းရောင်လေးစီးသွားမယ်ဆိုလို့သူကိုယ်တိုင်ဖိနပ်ကိုဖုန်သုတ်ကာသေချာတိုက်ချွတ်ပေးထားတာပင်။ယောကခေါင်းငုံကာကြည့်လိုက်တော့မှဖိနပ်စင်ရဲ့အောက်ဆုံးအဆင့်မှာတွေ့လိုက်ရသည်။

" ဒီမှာတွေ့ပြီချယ်ရီ... ရော့ စီးလိုက်တော့နော် ကိုကိုအလုပ်လုပ်စရာရှိသေးလို့ "

" နေဦး ... ငါ့ကိုဖိနပ်စီးပေးလေ ငါကျောင်းသွားမှာကိုဖိနပ်ကိုဘယ်လိုကိုင်လို့ရမှာလဲတယောနွယ်.. "

" အာ... ဟုတ်ပြီ ကိုကိုဝတ်ပေးမယ် "

တယောနွယ် ပြန်ထိုင်လိုက်ပြီး ကတ္တီပါဖိနပ်လေးကိုယူကာ သူ့ညီမလေး၏ခြေထောက်သို့သေချာလေးဝတ်ပေးလိုက်သည်။ခြေထောက်ဖြူဖြူလေးနဲ့ကတ္တီပါဖိနပ်အစိမ်းရောင်လေးနဲ့လိုက်ဖက်ညီလွန်းလှသည်။သူ့မှာဒီလိုလှပတဲ့ညီမလေးတစ်ယောက်ရှိတာဂုဏ်ယူစရာပင်။

" ရပြီ နော်.. ဂရုစိုက်သွားနော် ချယ်ရီ "

" နင်အပူမပါဘူး... "

သူပြောလိုက်တဲ့စကားကိုအကန်ပြန်ပြောကာထွက်သွားတဲ့ချယ်ရီသွင်ကြောင့်ယောစိတ်မကောင်းဖြစ်သွားသည်။ဒါပေမယ့်သူနားလည်ပါသည်။ချယ်ရီလေးကငယ်သေးလို့ဆိုးလို့ရလို့ဆိုးတာပါ။သူ့ကိုချစ်လို့ဆိုးတာပဲဖြစ်လောက်မှာပါလေ....

" တယောနွယ်!! ဘယ်ရောက်သွားပြန်ပြီလဲ အလုပ်လုပ်ခိုင်းရင်ရေသာခိုအချောင်လိုက်ဖို့ပဲသိတယ် "

Along With Together Husband Where stories live. Discover now