Part 2 [ Unicode+Zawgyicode ]

1K 47 0
                                    

" Allison မျိုးနွယ်ရဲ့ ခေါင်းဆောင်အသစ်ကိုမြင်ရမှာတဲ့ "

ထိုစကားကြောင့်လူတစ်စုကရုတ်ရုတ်သဲသဲဖြစ်သွားသည်။18နှစ်ကြာပြီးမှတစ်ခါပြောင်းလာတဲ့မျိုးနွယ်စုခေါင်းဆောင်ရဲ့ဆက်ခံသူပင်။အကုန်လုံးကသူတို့ရဲ့ခေါင်းဆောင်အသစ်ကိုမြင်တွေ့ရဖို့အတွက်စိတ်လှုပ်ရှားနေကြတယ်။
Allison တွေက သွေးနှောတွေများတယ် အထူးသဖြင့် ပြင်သစ်၊ဗမာသွေးနှောတွေ။Allisonဆိုတာက လက်နက်မှောင်ခိုဂိုဏ်တစ်ခု...မကောင်းမှု့ဒုစရိုက်မှန်သမျှအကုန်လုပ်တယ်။ဘိန်းလည်းရောင်းဝယ်တယ်။အဓိကကတော့လက်နက်မှောင်ခိုကူးတာပဲ....

Allison ရဲ့ ခေါင်းဆောင်အသစ်ကငယ်ရွယ်ပြီးဖျတ်လတ်တယ်လို့ကြားထားတာကြောင့်တစ်ဖက်ကWilliam မျိုးနွယ်ဝင်တွေကတော့ စိုးရိမ်နေမှာအမှန်...ဟုတ်တာပေါ့ Allison နဲ့ William က အမြဲပြိုင်ဘက်ပဲလေ။ဒုစရိုက်လောကကထိပ်တန်းအဖွဲ့ပဲ....ဒါပေမယ့်နှစ်ဖက်လုံးကအရည်အချင်းတူနေလို့ဘယ်သူကပိုပြီးတော်လဲဆိုတာမသိနိုင်သေးဘူး။

Poppy Flower ပန်းခင်းကြီးတွေရဲ့ကြားမှာရှိတဲ့ ပန်းခြံလေးထဲမှာလူတွေစုဝေးနေကြတယ်။ဒီနေ့ဒီချိန်ကိုစောင့်လာခဲ့တာအတော်တောင်ကြာခဲ့ပြီပဲ...

" သားသား အဆင်သင့်ဖြစ်ပြီလား "

" ကျွန်တော်စိတ်လှုပ်ရှားနေတယ် ဒယ်ဒီ "

" ဒယ်ဒီ့သားကတော်ပြီးသားပါ လုပ်နိုင်ပါတယ် "

James ဒယ်ဒီ့ကိုပြုံးပြလိုက်ပြီးကိုယ့်ကိုယ်ကိုအားပေးလိုက်သည်။အမှန်အတိုင်း​ပြောရမည်ဆိုလျှင်Jamesကိုယ်တိုင်လည်းအနည်းငယ်တော့စိတ်လှုပ်ရှားမိသည်။

ဒယ်ဒီကသူ့ကိုမျက်နှာရိပ်မျက်နှာကဲပြကာအရှေ့မှထွက်သွားသည်။သူလည်းဒယ်ဒီ့နောက်သို့လိုက်သွားသည်။

သူ့အရှေ့မှလူတစ်စုရဲ့အသံတွေကတိတ်ဆိတ်သွားတယ်။အားလုံးရဲ့အကြည့်တွေကသူ့ဆီမှာ... James အသက်ကိုပြင်းပြင်းရှုလိုက်ပြီး....

" မြင့်မြတ်တဲ့ Allison မျိုးနွယ်ဝင်တို့... ဒီနေ့မှာကျုပ်ဟာ မင်းတို့ရှေ့မှာရပ်နေတာဟာ မင်းတို့ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ပဲမဟုတ်ဘူး ကျုပ်ဟာမင်းတို့ရဲ့သူငယ်ချင်း မင်းတို့ရဲ့မိတ်ဆွေ အနေနဲ့လည်းပဲဖြစ်တယ်။ကျုပ်ဒီနေရာကိုဆက်ခံနေသ၍ကျုပ်အသက်ရှင်နေသ၍Allison တွေဟာအမြဲထိပ်တန်းဖြစ်နေစေရမယ်လို့ကျုပ်ကတိပေးတယ် "

Along With Together Husband Onde histórias criam vida. Descubra agora