✩ Chapter-1 ✩

248 23 3
                                    

"What are you saying dad....! God damn it...!"

ထိုခပ်သြသြ​အော်သံသည် ရှင်မ်အိမ်​တော်ဧည့်ခန်းရှိ ​ကောင်ငယ်​လေးတစ်​ယောက်ထံမှ ထွက်​ပေါ်လာခြင်း။

"သား......ဒယ်ဒီ​ပြောတာ​လေး နား​ထောင်​ပေးပါအုံး"

ဥက္ကဌကြီး ရှင်မ်ထယ်ဟျွန်းသည် သူသိပ်ချစ်ရ​သော တစ်ဦးတည်း​သောသား​လေးထံ​တောင်းဆို၏။

"ဘာလဲ ဒယ်ဒီ....ကျွန်​တော်အခုမှ Aussie ကပြန်​ရောက်တာ။ ပြန်​ရောက်လာလာချင်း လက်ထက်ရမယ်တဲ့လား။ပြီး​တော့လည်းဘယ်သူ..? ဟက်.......အခုစီးပွား​ရေး​လောကမှာ စီးပွားပျက်ပြီး သုံးစားလို့မရတဲ့မိသားစုက ပတ်ခ်ဂျုံ​ဆောင်း တဲ့လား"

​ကောင်​လေးသည် သူ၏ဖခင်အားနားမလည်သလို စိတ်ရှုပ်စွာကြည့်​နေသည်။ မျက်လုံးများကစူးရဲစွာ။ လည်ပင်းရှိအ​ကြောများဟာလည်း ​ထောင်လျက်။ သူ၏ဖခင်ဟာ စကားစရန်ပြင်သည်။

"သား...ဒယ်ဒီသိပါတယ်သားရယ်။ဒါ​ပေမဲ့ ပတ်ခ်အိမ်​တော်ဆိုတာကလည်း တစ်ခြားမဟုတ်ဘူး​လေ သားရဲ့။ဒယ်ဒီတို့ကုမ္ပဏီကို ဒီလို​အောင်မြင်လာ​အောင်လုပ်​ပေးခဲ့တာ။ ပြီး​တော့ ​ကောင်​လေးပတ်ခ်ဂျုံ​ဆောင်းကလည်း အရမ်း​တော်တာပါ သားရယ်။ အခုကလည်း ဥက္ကဌကြီးပတ်ခ်က လာကမ်းလှမ်းလို့ပါကွယ်။ ပြီး​တော့ ဒယ်ဒီလည်းငြင်းစရာ မရှိဘူးသား။ ဒယ်ဒီတို့ ကုမ္ပဏီမှာသာ ဂျုံ​ဆောင်းလိုလူမျိုးရှိရင် သားအလုပ်၀င်ရင် ပိုပြီးအဆင်​ပြေမှာ"

​ကောင်​လေးသည် သူ၏ဖခင်တရက်ဆက် ​ပြောသွားသည်များကို အသံထွက်​အောင်ရယ်လျက်။

"Dad.....ပတ်ခ်ဥက္ကဌဆိုတာက သူ့မိန်းမကို​တောင် အကျိုးအမြတ်အတွက် ​ရောင်းစားခဲ့တယ်လို့ သတင်းကြားထားတယ်။ သူ့လို​လူက​မွေးလာတဲ့သားလည်း သူ့လိုဘဲဖြစ်မှာ ဒယ်ဒီရဲ့..။ ပြီး​တော့အ​ဖေကလည်း ပတ်ခ်ဂျုံ​ဆောင်းလိုလူကို ဘာ​တွေယုံစားလို့ရမှာတဲ့လဲ။ကျွန်​တော်အပြင်မှာ​တောင် တစ်ခါမှမ​တွေ့ဘူးဘဲ နာမည်ဆိုးနဲ့​ကျော်ကြား​နေတဲ့ အသိုင်းအ၀ိုင်းထဲ ကျွန်​တော်မ၀င်နိုင်ဘူး ဒယ်ဒီ"

​ကောင်​လေးကစကားဆက်သည်။

"ပြီး​တော့ ကျွန်​တော့်မှာ ချစ်သူရှိတာလည်း ဒယ်ဒီသိတာဘဲ။ ကျွန်​တော် ယွန်းအာကို မစွန့်လွှတ်နိုင်ဘူး ဒယ်ဒီ။ ဒီကိစ္စကို ကျွန်​တော်အပြတ်ငြင်းတယ်။ ပြီး​တော့ ဟိုလူကဒီကိစ္စကို လက်ခံလိုက်တာလား......."

𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡Where stories live. Discover now