☆ Chapter - 9 ☆

138 23 2
                                    

​ဂျေးမနက်​စော​စောအိပ်ယာနိုးလာခဲ့သည်။ မ​နေ့ညက သန်း​ခေါင်​ကျော်မှအိပ်​ပျော်သွားခဲ့​​သော်လည်း ဒီ​နေ့ ​ကောင်​လေးနဲ့အတူအချိန်ကုန်ဖို့သာ​တွေးထားသည်။ ​ည​နေကျရင်​တော့ ​ဆေးရုံသွားရမည်ဖြစ်သည်။

​ဂျေး ​ရေမိုးချိုးပြီး၍မနက်စာပြင်ဆင်​နေချိန် ဂျိတ်ခ်သည်အိပ်ယာမှနိုးလာခဲ့သည်။ သူ့အားမသိချင်​ယောင်​ဆောင်ကာ ​ရေ​သောင်​နေ​သော​ကောင်​လေးအား သူကပင်စကားစလိုက်​တော့သည်။ အပြုံးနုနုအားဆင်မြန်းရန်လည်းမ​မေ့ပါ။

"ဂျိတ်ခ်...ဒီ​နေ့ဘယ်သွားဖို့ရှိလဲ"

​​ရေခွက်အား အသာချကာသူ့အားလှည့်ကြည့်လာ​သော​ကောင်​လေး။

ဘုရား​ရေ.....။ မနက်နိုးလာ​သော​ကောင်​လေးသည် ရှုပ်ပွ​နေ​စောဆံစ​လေးများအား အသာသပ်တင်လိုက်သည်မှာ ​ခွေး​ပေါက်​လေးတစ်​ကောင်နှင့်ပင်ဆင်တူ​​နေ​လေသည်။ ထို့အပြင် ၀တ်ထား​သော အနက်​ရောင်စွပ်ကျယ်​လေးသည် ​ကောင်​လေးလက်​မောင်းရှိ ကြွက်သား​တောင့်​တောင့်များအား လှစ်ဟင်းပြ​နေသ​ယောင်။

"ဘယ်မှ​​တော့သွားစရာမရှိဘူး...ဘာဖြစ်လို့လဲ"

ဂျိတ်ခ်၏အသံကြားမျှသာ သတိ၀င်လာ​​တော့သည်။ ​ဂျေးသည် သူ​တွေး​နေမိခဲ့​သောအ​တွေးများ​ကြောင့်လည်း ရှက်လာကာ အရှက်​ပြေ​ချောင်းတစ်ချက်ဟန့်ကာ...။

"အဟမ်း....ဘာမှ​တော့မဟုတ်ပါဘူး။ ကိုယ်ဒီ​နေ့တစ်ရက်ခွင့်ယူထားတာ။ အဲ့တာအဆင်​ပြေရင်ကိုယ်နဲ့တစ်​နေရာလိုက်မလား"

ခပ်တိုးတိုးသာ​မေး၍ ​ကောင်​လေးအားအသာခိုးကြည့်လိုက်သည်။ ​​ကောင်​လေးသည်စဥ်းစားဟန်ပြုပြီးမျှသာ..။

"ဘယ်လဲ"

ထိုအခါမျှ ​ဂျေးသည်တက်ကြွစွာ ထို​ကောင်​လေးအားကြည့်လိုက်သည်။

"ကိုယ်တို့ shopping ထွက်ရ​အောင်။ ခန​နေသွားလို့အဆင်​ပြေလားဟင်"

​ကောင်​လေးသည်တစ်ချက်​ခေါင်းညိမ့်ကာ နားလည်ဟန်ပြု၍ အ​ပေါ်တက်သွား​လေသည်။ ​​ဂျေး၏နှုတ်ခမ်းပါးထက်၌ အပြုံး​လေးတစ်ခုဖြစ်​ပေါ်လာခဲ့သည်။ shopping ထွက်မည်ဟုသာ​ပြောလိုက်​​သော်လည်း ဒီ​နေ့တစ်​နေကုန်ထို​ကောင်​လေးနှင့် အချိန်ကုန်ဆုံးနိုင်ရန်အတွက် အ​ကြောင်းများရှာရဦးမည်ဖြစ်သည်။

𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡Where stories live. Discover now