အချိန်အားဖြင့် ည ခုနှစ်နာရီ...........
အိမ်သို့ရောက်သော အချိန်ကတည်းကပင် အရိပ်တောင်မမြင်တွေ့ရသော ထိုလူ။ ထို့ကြောင့် ဂျိတ်ခ်သည် ထိုလူအား ဧည့်ခန်းအတွင်းရှိ ဆိုဖာ၌ ထိုင်၍စောင့်နေလေသည်။
"ပတ်ခ်ဂျုံဆောင်း.....!"
အိမ်ကျယ်ကျယ်အတွင်း၌ ကျယ်လောင်စွာ ဟိန်းထွက်လာသောအသံ။ ထိုအသံကြောင့် ဧည့်ခန်းတစ်ဖက်တစ်ချပ်ရှိ အခန်းမှ ဂျုံဆောင်းဟာ အပြေးအလွှားလေး ဧည့်ခန်းဆီသို့ ရောက်လာသည်။
"ဘာလို့လဲ ဂျိတ်ခ်"
အပြေးလာသော ထိုလူဟာ ဘာလုပ်နေလို့ အခုမှပေါ်လာသနည်း။ မဟုတ်မှ သူ့ကိုလျစ်လျူရှုနေသည့်သဘောလား။ ထိုလူဟာ သူ့လိုလူမျိုးကို လျစ်လျူရှုလို့ရသည်ဟုထင်နေသည်ဆိုမှားပေလိမ့်မည်။
ထို့ကြောင့် ဂျိတ်ခ်က....
"ခင်ဗျား ကျုပ်ကို ညစာမပြင်ပေးတော့ဘူးလား။ ဘယ်တွေရောက်နေတာလဲ ခင်ဗျား။ ကျုပ် ဗိုက်ဆာလို့သေတော့မယ်။
ဂျုံဆောင်း လန့်သွားရသည်။ သူမှ ဟင်းမချက်တတ်ဘဲ။
"ဂျိတ်ခ်.....ကိုယ် ဟင်းမချက်တတ်ဘူး။ မင်း ဗိုက်ဆာတယ်ဆို ကိုယ်အပြင်မှာ ထွက်၀ယ်လိုက်မယ်လေ"
ဂျုံဆောင်းဟာ ချက်ချင်းပင် ကားသော့ကောက်ဆွဲ၍ ထွက်၀ယ်ဖို့ပြင်နေစဥ်........
"မ၀ယ်နဲ့.....! ခင်ဗျားဘဲရအောင်ချက်။ ကျုပ် ခနနေဆင်းလာရင် ခင်ဗျားချက်ထားတာတွေဘဲ မြင်ချင်တယ်"
ထိုသို့ဆိုကာ အပေါ်သို့တက်သွားသော ကောင်လေး။
"ဟူး ~~~~"
မတတ်နိုင်။ ချစ်ရသူက ချက်ဆိုချက်မှာပေါ့။
ထို့ကြောင့် ရေခဲသေတ္တာထဲမှ ရှိသမျှ အသားငါးနှင့်ဟင်းရွက်များကို ယူထုတ်လိုက်သည်။ အရွက်များနှင့် အသားများကိုရေဆေးပြီးသည့်နောက် ဘာကိုဘယ်လိုဆက်လုပ်ရမည်ကို ဂျုံဆောင်းမသိ။ ထို့ကြောင့် ခေတ္တခနမျှ ရပ်၍ စဥ်းစားကာ။
"ဒါဆိုအဆင်ပြေလောက်မယ် ထင်တာဘဲ"
ဂျုံဆောင်း အလွယ်ဆုံးဟင်း ကြက်ဥကြော်သာ ကြော်လိုက်မည်ဖြစ်သည်။ ဒါတောင် သူမနည်းကြော်ရမည်ဖြစ်သည်။ အားလုံးပြင်ဆင်ပြီးသည့်နောက် ဂျိတ်ခ်၏အခန်းတံခါးအား ခေါက်လိုက်ကာ။
YOU ARE READING
𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡
Fanfictionကောင်ငယ်လေးရဲ့ နှလုံးသားတံခါးက ကျွန်တော့်အတွက် မဖွင့်ပေးနိုင်ဘူး ထင်ပါတယ်ဗျာ။