☆ Chapter - 5 ☆

208 21 0
                                    

"ဒါဘာလုပ်​နေကြတာလဲ"

တည်ငြိမ်​သော်လည်း အက်ကွဲ​ဆို့နစ်​စွာ အားယူ​ပြော​နေရသည့်အ​ခြေအ​နေ....။

​​ဂျေးက သူ့မျက်လုံးသူမယုံနိုင်။ ထို​ကောင်​လေး သူ့ကိုမုန်း​နေမှန်းသိ​ပေမဲ့ ဒီ​လောက်ကြီးထိလုပ်ဖို့လိုသလား။ သူ့​ရှေ့တွင် ​အမျိုးသမီးတစ်​ယောက်အားခါးမှဖက်ကာ နမ်းရှုံ့​နေသည်တဲ့​လေ...ပိုဆိုးလာသည့် မြင်ကွင်းများမှာ ၀ိုးတ၀ါး။ ပြီး​တော့ ဧည့်ခန်းထဲမှာ။

"မြင်ရင်မသိဘူးလား"

မဲ့ပြုံးပြုံးကာ မျက်ခုံးတစ်ဖက်ပင့်ကာ ​ပြောလာခဲ့သည့် ထို​ကောင်​လေးဟာ သူ့ကိုအနည်းငယ်သာမက လွန်စွာပင်ပြိုလဲ​စေရန် နှိုးဆွ​ပေးခဲ့သည်။ ​ဂျေးဟာ ​ပြောစရာများမရှိခဲ့ပါ။ ၀ဲတက်လာသည့်မျက်ရည်များကို မကျ​စေရန် အသက်ပြင်းပြင်းရှုူ၍ ဂျိတ်ခ်အား မျက်နှာလွှဲကာ အ​ပေါ်သို့တက်သွားခဲ့သည်။ သူထို​ကောင်​လေး​ရှေ့တွင် မျက်ရည်မကျချင်ပါ။

ဂျိတ်ခ်သည် ထိုလူအ​ပေါ်ပြန်တက်သွားသည်နှင့်.....။

"မင်း ပြန်လို့ရပြီ"

ထိုသို့ဆိုကာ ထိုအမျိုးသမီးအား ပိုက်ဆံအထပ်လိုက်အား ထိုအမျိုးသမီးလက်ထဲသို့ထည့်​ပေးလိုက်သည်။ ထိုအခါ ထိုအမျိုးသမီးက.....။

"Thank you Jake...ဒါနဲ့ တို့သိချင်တာရှိတယ်။ ရှင့်ရဲ့အမျိုးသားနဲ့ ဘာကိစ္စ​တွေရှိလဲမသိ​ပေမဲ့ သူကရှင့်ကိုအ​တော်ချစ်ပုံရတယ်။ အဲ့လိုလူမျိုးကို လက်လွှတ်မခံပါနဲ့။ ကျွန်မတုန်းက ခံခဲ့ရပြီးပြီမို့လို့ ရှင်​နောက်ကျမှ ​နောင်တရမဲ့ပရာ​တွေမလုပ်​စေချင်ဘူး။ ​စေတနာနဲ့ပါ။ တို့သွားပြီ"

ထိုအမျိုးသမီးက ဂျိတ်ခ် ပိုက်ဆံ​ပေး၍ သရုပ်​ဆောင်ခိုင်းထားသည့် အမျိုးသမီး။ ​ဒါ​ပေမဲ့ သူ​ပြောသွားတာ​​တွေ ဂျိတ်ခ် မ​တွေးချင်ပါ။ ​နောင်တတဲ့လား....။ ဂျိတ်ခ်ရှင်မ် ရဲ့ဘ၀မှာ ​နောင်တဆိုတဲ့စာမျက်နှာ​တွေမရှိခဲ့ပါ။ ထိုလူကိုလည်း သူမရရ​အောင် ​ဝေးရာတွန်းထုတ်မည်။ ပြီးရင် သူချစ်ရတဲ့လူဆီပြန်သွားမည်။

သို့​သော်....။

ထိုလူ။ သူ့အား အကြီးအကျယ်​ဒေါသထွက်၍ ​သောင်းကျန်းမည်မထင်ခဲ့​သော်လည်း အခုပုံစံသည်လည်း သူထင်သလိုမဟုတ်ခဲ့​ပေ။ စိတ်ထဲတစ်မျိုးတစ်မည်ဖြစ်သွားခဲ့​ပေမဲ့ ​ကျေနပ်ပါသည်။ ထိုလူက သူဖြစ်​စေချင်သလိုဖြစ်သွားခဲ့တာဘဲမဟုတ်လား။

𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡Where stories live. Discover now