☆ Chapter - 6 ☆

166 22 0
                                    

​ဂျေးထို​ကောင်​လေးအား ကြည့်​နေမိသည်မှာ အချိန်ဘယ်​လောက်ကြာသွားသည်မသိ ဂျိတ်ခ်နိုးလာမှသာသတိပြန်၀င်လာသည်။ ထို​ကောင်​လေးသည်ရုတ်တရက်မို့ ​ဂျေးဘာမျှ​တောင်မ​မေးရ​သေးဘဲ ရှက်ရမ်းရမ်းကာ...။

"ကျုပ်အိမ်မှာ ခင်ဗျားတစ်ခုခုဖြစ်ပြီး ​သေမှာစိုးလို့"

ထိုအခါ ​​ဂျေးသည်​မျက်နှာကိုပြုံးစိစိလုပ်ကာ..။

"ကိုယ်လည်းမ​မေးမိပါဘူး​နော်"

ထိုသို့​ပြော​တော့​ကောင်​လေးသည် စူးစူးရဲရဲစိုက်ကြည့်ကာ အ​ဖြေပြန်မ​ပေးနိုင်သဖြင့် အခန်းထဲမှထွက်သွား​တော့သည်။ ​နေ​တောင်ထွက်​နေ​လေပြီ။ ​ဂျေးလည်း တစ်ချက်ပြုံးကာ ကိုယ်ပူလည်းကျသွားပြီမို့ ကုမ္ပဏီသွားရန်ပြင်ဆင်​တော့သည်။ အလုပ်မှာ တစ်ရက်ဆိုတစ်ရက် အလုပ်​တွေပုံတတ်သည်​လေ။ ဒီ​နေ့​တော့​စော​စောသွား၍ ​​စော​စောအိမ်ပြန်ချင်ပါသည်။ ထို့​ကြောင့် suit တစ်စုံ​ကောက်စွပ်ကာ ​အောက်ထပ်သို့ဆင်းလာသည်။

အိမ်​ရှေ့တွင် ဖုန်း​ပြောနေ​သော ​ကောင်​လေးအား နှုတ်ဆက်ချင်​သော်လည်း အ​ရေးကြီးသည့်ဖုန်းဖြစ်မည်ထင်​သော​ကြောင့် မနှုတ်ဆက်ဘဲထွက်လာလိုက်သည်။ ကုမ္ပဏီ​ရောက်မှ ဖုန်းဆက်​တော့မည်။ ​သို့​သော် ​ကောင်​လေးသူသွားသည်ကိုသိမှာပါ။

​နေ့လည် ၂ နာရီ။

​ဂျေး၏ project အတွက်​ငွေအလုံးအရင်းကို သူ့တွင်ရှိ​သော ​သေဆုံးသွား​သောဖခင်ဖြစ်သူ၏ကုမ္ပဏီစာချုပ်ထဲမှ ထုတ်ခဲ့သည်။ ထို​ငွေ​တွေသုံးရသည်ကို မသတီ​ပေမဲ့ ယခုအခြားနည်းလမ်းမရှိ။ ထိုလူ့အ​ကြောင်း​​တွေးမိသည်နှင့် ဂျိတ်ခ်နှင့်ဟိုအမျိုးသမီး၏ပုံရိပ်များ ပြန်မြင်​ယောင်လာသည်...။ ​ဂျေး မျက်လုံစုံမှိတ်ကာ ​ခေါင်းအားခါရမ်း၍ အလုပ်ထဲအာရုံပြန်နှစ်လိုက်သည်။ ထိုအချိန် ဗိုက်ထဲမှ စူးကနဲ​အောင့်လာသည်။ အခုတ​လော ​ဂျေးဗိုက်နာသည့်အကြိမ်​ပေါင်းများ​နေ​လေပြီ။ သို့​သော်လည်း အလုပ်သရဲမို့ ထိုအရာ​တွေကိုဂရုမစိုက်သည့်အလား စာချုပ်စာရင်းများထဲ​ခေါင်းနှစ်ထား​တော့သည်။

𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡Where stories live. Discover now