☆ Chapter - 7 ☆

203 20 6
                                    

ဂျိတ်ခ်အိမ်ပြန်​ရောက်ချိန်တွင် ​ဧည့်ခန်းအတွင်းမည်သူမျှမရှိသည်​ကြောင့် ​ဂျေးအိပ်​နေသည်မှန်းသိလိုက်သည်။ ထို့​ကြောင့် ​​အ​ပေါ်ထပ်သို့တက်ကာ သူ၏အခန်းမျက်​စောင်းထိုးရှိ အခန်းတံခါးဝ​ရှေ့၌ရပ်လိုက်သည်။ ဂျိတ်ခ်ယခုတ​လောထူးဆန်း​နေမှန်း သူ့ကိုယ်သူ​သေချာသိပါသည်။

ထို့​ကြောင့် တံခါး​ခေါက်ရန်ပြင်​နေ​သောလက်သည် ​လေထဲတွင်ရပ်တန့်သွားကာ ထိုတံခါး​​လေးအားလျစ်လျူရှု၍ သူ၏အိပ်ခန်းဆီသို့သာ ၀င်သွားခဲ့သည်။

ထိုညတွင် တစ်ဖက်က ​ဂျေးမှာ​တော့ ဗိုက်နာသည့်အရှိန်ဖြင့်နှစ်ခြိုက်စွာ အိပ်​ပျော်​နေ​နိုင်​သော်လည်း တစ်ဖက်ကကောင်​လေးမှာ​တော့ ​ဝေခွဲရခက်မှု​တွေကြား မိုးလင်းသည်အထိအိပ်မ​ပျော်နိုင်ခဲ့​ပေ။

​ဂျေးတစ်​​ယောက် ဒီမနက်ရှစ်နာရီတွင် အိပ်ယာနိုး၍ကုမ္ပဏီသွားရန်ပြင်ဆင်ကာ ​အောက်ထပ်သို့ဆင်းလာခဲ့သည်။ microwave ထဲတွင်သူထည့်​ပေးထား​သော curry ဘူး​လေးမှာယခုတိုင်ရှိ​နေ​သော်လည်း ဂျိတ်ခ်အိမ်သို့ပြန်လာမှန်းသိပါသည်။ ဂျိတ်ခ်အတွက်မနက်စာပြင်​ပေးချင်ပါ​သော်လည်း ဒီ​နေ့သည်​ဂျေးအတွက် အလွန်အလုပ်များမည့်​နေ့ပင်။

ထို့​ကြောင့် စာရွက်အပိုင်း​လေး​ပေါ်တွင် စာ​လေးချန်ကာထွက်လာခဲ့သည်။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ဂျိတ်ခ်​သည် မွန်းတဲ့အချိန်မှနိုးလာကာ စိတ်လန်း​စေရန် ​ရေမိုးချိုး၍ အဖြူ​ရောင်လက်ပြတ်တစ်ထည်နှင့် အနက်​ရောင်​ရှော့ပန်တစ်ထည်ကိုသာ ​ကောက်စွပ်ထားလိုက်သည်။ ထို့​နောက် ဖုန်းစခရင်တွင် ​ပေါ်လာ​သော contact name  တစ်ခုနှင့် ၀င်လာ​သောဖုန်း​ကောလ်။

ဂျိတ်ခ်အမှန်တိုင်း​ပြောရရင် သူမြင်ချင်​နေသည် နာမည်မဟုတ်ပါ။ သို့​သော်လည်း ဖုန်းအားကိုင်လိုက်သည်။

"ဟယ်လိုကို နိုးပြီလား"

ယွန်းအာ။ သူထင်ခဲ့သည်သူမဟုတ်ခဲ့...။ ထို့​​ကြောင့် သက်ပြင်းအားခိုးချကာ....။

𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡Where stories live. Discover now