☆ Chapter - 8 ☆

126 20 5
                                    

"​​ဟေ့​ကောင်....မ​တွေ့ရတာကြာပြီကွာ"

​​ဂျေး၏ သူငယ်ချင်းဖြစ်သူ အင်ဟန်းအလုပ်လုပ်သည့်​ဆေးရုံသို့ ​ဂျေး​ရောက်​နေခြင်း။ ​ဂျေးလည်းရွှင်ပြစွာပြုံးရင်း.....။

"​အေးကွာ...ငါတို့မ​တွေ့တာအ​တော်ကြာပြီ။ မင်းကနာမည်ကြီးဆရာ၀န်ကြီးဖြစ်​နေ​တော့လည်း အချိန်မရှိ​လောက်ဘူးထင်လို့ပါကွာ။

​ဂျေးထိုကဲ့သို့ ရွှတ်​နောက်​နောက်ဆိုလိုက်​တော့ အင်ဟန်းသည်ကျယ်​လောင်စွာရယ်​မော​တော့သည်။

"လာကွာ..​ဆေးစစ်ခန်းထဲသွားရ​အောင်။ မင်းခနခနဗိုက်နာတယ်ဆိုတာမ​ပေါ့သင့်ဘူး ​ငါ့​ကောင်​ရေး"

​ဂျေးလည်း အဖိုးကြီး​လေသံဖြင့်​ပြော​နေ​သောသူငယ်ချင်းဖြစ်သူအား ​ခြေ​ထောက်ဖြင့်မနာ​အောင်ကန်လိုက်သည်။ သူနဲ့ အင်ဟန်းသည်ငယ်ကတည်းကပင် အတူစားအတူသွားခဲ့ကြသူများဖြစ်သည်။ သို့​သော်လည်း အရွယ်ရလာကြ၍လုပ်ငန်းခွင်ကိုယ်စီ၀င်ကြရ​သောအခါ သိပ်မ​တွေ့ဖြစ်ကြ​တော့​​ချေ။

☆☆☆☆~~~~~~~~☆☆☆☆~~~~~~~~~☆☆☆☆

"​မင်းဘယ်အချိန်ကတည်းကဗိုက်နာတာလဲ"

​ဆေးစစ်ချက်များပြုလုပ်ပြီးချိန်တွင် အင်ဟန်းသည် သူ့အား​ဆေးစစ်ချက်စာရွက်စာတမ်းများကို ကြည့်ကာ အဓိပ္ပါယ်​ဖော်မရ​သော မျက်၀န်းများဖြင့်ကြည့်လာသည်။

"နည်းနည်း​တော့ကြာ​နေပြီ။ လွန်ခဲ့တဲ့ သုံးလ​လောက်ကတည်းက"

ထို့​နောက် အင်ဟန်းသည်သူ့အား သက်ပြင်းရှည်ကြီးတစ်ချက်ချကာ...။

"မင်း​စော​စောလာပြသင့်ကိုကွာ"

ထိုစကားသံကိုကြားပြီး​နောက် ​ဂျေး၏စိတ်တို့ပူပန်ကာ တုန်လှုပ်လာမိသည်။ သို့​သော်လည်း အသံအားထိန်းကာ ပြန်​မေးလိုက်သည်။

"ငါ့ကိုပွင့်ပွင့်လင်းလင်း​ပြောပြ အင်ဟန်း"

​​ဂျေးထိုသို့​ပြော​သော်လည်း အင်ဟန်းသည် ​ခေါင်းအားတစ်ချက်မျှခါကာ အုပ်ထိန်းသူ​ခေါ်လာရန်​ပြောသည်။ သူ့မှာအုပ်ထိန်းသူဟူ၍ မရှိပါ။ ထိုအချိန် ရုတ်တရပ်စဥ်းစားမိသည့် နာမ​လေးသည် "ဂျိတ်ခ်" တစ်​ယောက်သာ။ သို့​သော်ဘာဖြစ်​နေမှန်းမသိသည်ကတစ်​ကြောင်း၊ ဂျိတ်ခ်သည်သူ့​ကြောင့်နဲ့ အလုပ်၀န်ပိုပိလျှင်မကြိုက်သည်ကတစ်​ကြောင်းမို့....။

𝑇ℎ𝑒 𝑑𝑜𝑜𝑟 𝑜𝑓 ℎ𝑖𝑠 ℎ𝑒𝑎𝑟𝑡Where stories live. Discover now