Part10

524 12 0
                                    

"သားမာန် ကျောင်းမသွားသေးဘူးလား"

မနက်၈နာရီခွဲလောက်ရှိနေပြီးဖြစ်ပေမယ့် အခန်းထဲကထွက်မလာသေးတဲ့မာန့်ကြောင့်ကြီးမေကအခန်းရှေ့မှာလာပြောနေခြင်းပင်။

"သားမာန် ကြီးမေပြောတာကြားလားသား"

ခေါ်နေပေမယ့်အသံမကြားတာကြောင့်တံခါးနားကိုကပ်ပြီးမေးပေမယ့်ဘာသံမှမထွက်လာပါဘူး

"သားမာန်!သား!တံခါးဖွင့်ပါအုန်း သား!"

ဘာသံမှပြန်မကြားတာကြောင့် ‌အခန်းရဲ့သော့အပိုကိုမြန်မြန်ရှာပြီးဖွင့်လိုက်ပါသည်။အခန်းထဲရောက်တော့လည်း ဘယ်နေရာရှာရှာမတွေ့တာကြောင့်ပို၍စိတ်ပူလာသည်။

အောက်ထပ်ကိုဆင်းပြီး‌ခြံစောင့်ဉီးဘကို ကိုမေးဖို့ဆင်းလာပါသည်။

"ဘကို!မာန်ကိုတွေ့သေးလား!"

"ဗျာ မာန်ကိုလား မတွေ့မိဘူး ကျွန်တော်လည်းခုနကမှဟိုဘက်အဆောင်ကမနက်စာစားပြီးလို့ပြန်လာတာ"

"အဲ့ဆို မာန်ကဘယ်ရောက်သွားတာလဲ!မင်းလည်းအလုပ်ကိုသေချာမလုပ်ဘူး!"

"တောင်းပန်ပါတယ်"

"ကျစ်!ထွဋ်ညီတို့ကိုသွားပြောလိုက် လိုက်ရှာလို့ သွားမြန်မြန်!"

"ဟုတ်"

ဉီးဘကိုလည်းမြန်မြန်သွားပြောပြီး ကြီးမေကတော့ဉီးသတိုးကိုဖုန်းဆက်ဖို့ပြင်ပါတယ်။

တီ..တီ..တီ..

ဟိုဘက်ကဖုန်းကိုင်သည်နှင့်ဘယ်လိုစပြောရမလဲကိုမသိအောင်ကိုစိတ်လှုပ်ရှားနေပါသည်လေ။

"ဟလို ပြောပါဒေါ်မေ"

"ဟို...ဟိုဟာ"

"ဘာပြောမို့လဲ?ဘာတွေဟိုနေတာလဲ ဒေါ်မေ!"

"ဟိုလေ ဆရာ!မာန်လေ ဟို..!"

"မာန်!မာန်ဘာဖြစ်လို့!ဟမ်!!"

"ဟို..!!"

"ပြောမြန်မြန် သားမာန်ဘာဖြစ်လို့လဲ!"

"မာန် အိမ်မှာမရှိတော့ဘူး!ရှာတာလည်းမတွေ့ဘူး..ဘယ်လို..လုပ်မလဲ ဆရာ!"

"ဘာ!တောက်!ဒါလေးတောင်မကြည့်နိုင်ဘူးလား!ဟိုကောင်ဘကိုကရောဘာလုပ်နေတာလဲ ဟမ်!တောက်!မင်းတို့တွေ!"

ရန်ညိုးနဲ့အချစ်Where stories live. Discover now